
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ေခါင္းေဆာင္ေတြ ေျဖရွင္းဖို႔ အေမရိကန္က ထပ္မံတိုက္တြန္းလိုက္ပါတယ္။ အၾကမ္းဖက္မႈေတြရပ္ဖို႔၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ျပန္လုပ္ဖို႔နဲ႔ မတရားဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ ျမန္မာစစ္တပ္ကို ေတာင္းဆိုဖို႔လည္း အာဆီယံေခါင္းေဆာင္ေတြနဲ႔ ဒီသီတင္းပတ္ထဲ ေတြ႕ဆုံရာမွာ တိုက္တြန္းထားတဲ့အေၾကာင္း ၾကာသပေတးေန႔က မဲေခါင္ေဒသႏိုင္ငံေတြနဲ႔ အြန္လိုင္းေတြ႕ဆုံအၿပီး ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ကေျပာဆိုခဲ့တာပါ။
ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္အျဖစ္ ဘ႐ူႏိုင္း ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကို တာ၀န္ေပးလိုက္တဲ့အေပၚ ႀကိဳဆိုေၾကာင္း ေျပာဆိုခဲ့ေပမဲ့ အထူးကိုယ္စားလွယ္နဲ႔ အာဆီယံအသင္း၀င္ေတြ အေနနဲ႔ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ခုကို ျမန္မာစစ္တပ္က တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိဖို႔နဲ႔ ဒီမိုကေရစီ ေခါင္းေဆာင္ေတြ အပါအ၀င္ သက္ဆိုင္သူေတြနဲ႔ ထိေတြ႕ဆက္ဆံမႈေတြကိုလည္း အျမန္ဆုံးေဆာင္ရြက္ဖို႔လည္း ၀န္ႀကီးဘလင္ကင္က တိုက္တြန္းထားပါတယ္။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတာကို ကူညီေျဖရွင္းေပးဖို႔ အာဆီယံက ဗုဒၶဟူးေန႔မွာ အထူးကိုယ္စားလွယ္ ခန္႔အပ္တာ၀န္ေပးလိုက္တဲ့ အေပၚမွာေတာ့ အေမရိကန္၊ ဥေရာပသမဂၢ (EU) နဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းနဲ႔ ေဒသတြင္း ႏိုင္ငံေတြက ႀကိဳဆိုခဲ့ၾကေပမဲ့ အထူးကိုယ္စားလွယ္ရဲ႕ လုပ္ငန္းေတြမွာ ပူးေပါင္း ေဆာင္ရြက္ဖို႔ ႏိုင္ငံတြင္းမွာ လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္ ျပဳဖို႔လည္း ျမန္မာစစ္အာဏာပိုင္ေတြကို တိုက္တြန္းထားပါတယ္။
..............................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်တွေ ဖြေရှင်းဖို့ အမေရိကန်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေရပ်ဖို့၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လုပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တောင်းဆိုဖို့လည်း အာဆီယံခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံရာမှာ တိုက်တွန်းထားတဲ့အကြောင်း ကြာသပတေးနေ့က မဲခေါင်ဒေသနိုင်ငံတွေနဲ့ အွန်လိုင်းတွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို တာဝန်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြောဆိုခဲ့ပေမဲ့ အထူးကိုယ်စားလှယ်နဲ့ အာဆီယံအသင်းဝင်တွေ အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ခုကို မြန်မာစစ်တပ်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ အပါအဝင် သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကိုလည်း အမြန်ဆုံးဆောင်ရွက်ဖို့လည်း ဝန်ကြီးဘလင်ကင်က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကို ကူညီဖြေရှင်းပေးဖို့ အာဆီယံက ဗုဒ္ဓဟူးနေ့မှာ အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးလိုက်တဲ့ အပေါ်မှာတော့ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ဒေသတွင်း နိုင်ငံတွေက ကြိုဆိုခဲ့ကြပေမဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပြုဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
https://burmese.voanews.com/a/the-united-states-urged-asean-to-solve-myanmar-crisis/5992322.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.