Breaking

August 24, 2021

ဒီမိုကေရစီေရး ႀကိဳးစားေနတဲ့ျမန္မာလူထုကို အေမရိကန္အခိုင္အမာေထာက္ခံ


စကၤာပူမွာ ေရာက္ရွိေနတဲ့ ဒုသမၼတ Kamala Harris (ဓာတ္ပံု - AP)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ ႀကိဳးစားေနတဲ့လူထုကို အေမရိကန္က အခိုင္အမာ ေထာက္ခံေနပါတယ္လို႔ အေမရိကန္ ဒုတိသမၼတ Kamala Harris က ဒီကေန႔ေျပာပါတယ္။

"ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအေပၚ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အထူးပဲ စိုးရိမ္ဆဲရွိပါတယ္။ အၾကမ္းဖက္ ဖိႏွိပ္ၿဖိဳခြဲတဲ့လုပ္ရပ္ကို က်မတို႔ ျပစ္တင္ရႈတ္ခ်ပါတယ္။ သူတို႔ႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ လုပ္ေဆာင္ေနၾကတဲ့လူထုကို ေထာက္ခံအားေပးဖို႔ က်မတို႔ သႏၷိ႒ာန္ခ်ထားပါတယ္။ အင္ဒို-ပစိဖိတ္ေဒသတေလွ်ာက္က ႏိုင္ငံေတြအေနနဲ႔လည္း ဒီႀကိဳးပမ္းမႈမွာ က်မတို႔နဲ႔အတူ ပူးေပါင္းပါဝင္မယ္လို႔ တကယ့္ကိုပဲေမွ်ာ္လင့္ပါတယ္" ဆိုၿပီး ဒီကေန႔ စကၤာပူမွာေျပာတဲ့ ႏုိင္ငံျခားေရးမူဝါဒဆိုင္ရာ မိန္႔ခြန္းထဲမွာ ဒုသမၼတ Harris က ထည့္ေျပာသြားတာပါ။

ျမန္မာႏိုင္ငံ ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ေရးမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ မျဖစ္မေနကူညီဖို႔ လိုအပ္တယ္ဆိုတာကို စကာၤပူဝန္ႀကီးခ်ဳပ္နဲ႔ ေဆြးေႏြးခဲ့တယ္လုိ႔လည္း ဒုသမၼတ Harris က တနလၤာေန႔မွာ ေျပာခဲ့ပါေသးတယ္။
အေရွ႕ေတာင္အာရွေဒသ ခရီးစဥ္အျဖစ္ စကၤာပူမွာေရာက္ခဲ့ခ်ိန္အတြင္း ေတာင္တ႐ုတ္ပင္လယ္ ေရျပင္နယ္နိမိတ္ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ကိစၥနဲ႔အတူ ျမန္မာ့အေရးကိုလည္း ဒုသမၼတ Harris က ထည့္သြင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ထဲမွာ တ႐ုတ္တို႔ရဲ႕လုပ္ရပ္ေတြဟာ ၿခိမ္းေျခာက္ အႏုိင္က်င့္ ဖိအားေပးတဲ့အဆင့္ ေရာက္ေနၿပီး တ႐ုတ္ႏိုင္ငံရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ဆန္႔က်င္ေနၾကတဲ့ ေဒသတြင္းက မဟာမိတ္ေတြကို အေမရိကန္္က အခုိင္အမာ ေထာက္ခံသြားမယ္ဆိုတာကိုလည္း ဒုသမၼတ Harris ကေျပာခဲ့့ပါတယ္။ ဒုသမၼတ Kamala Harris ဟာ ဒီကေန႔မွာ စကၤာပူကေန ဗီယက္နမ္ႏုိင္ငံကို ခရီးဆက္သြားၿပီျဖစ္ပါတယ္။

.....................................................................................

ဒီမိုကရေစီရေး ကြိုးစားနေတဲ့မြန်မာလူထုကို အမေရိကန်အခိုင်အမာထောက်ခံ

(Unicode)

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့လူထုကို အမေရိကန်က အခိုင်အမာ ထောက်ခံနေပါတယ်လို့ အမေရိကန် ဒုတိသမ္မတ Kamala Harris က ဒီကနေ့ပြောပါတယ်။

"မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးပဲ စိုးရိမ်ဆဲရှိပါတယ်။ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲတဲ့လုပ်ရပ်ကို ကျမတို့ ပြစ်တင်ရှုတ်ချပါတယ်။ သူတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဆောင်နေကြတဲ့လူထုကို ထောက်ခံအားပေးဖို့ ကျမတို့ သန္နိဋ္ဌာန်ချထားပါတယ်။ အင်ဒို-ပစိဖိတ်ဒေသတလျှောက်က နိုင်ငံတွေအနေနဲ့လည်း ဒီကြိုးပမ်းမှုမှာ ကျမတို့နဲ့အတူ ပူးပေါင်းပါဝင်မယ်လို့ တကယ့်ကိုပဲမျှော်လင့်ပါတယ်" ဆိုပြီး ဒီကနေ့ စင်္ကာပူမှာပြောတဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မိန့်ခွန်းထဲမှာ ဒုသမ္မတ Harris က ထည့်ပြောသွားတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေကူညီဖို့ လိုအပ်တယ်ဆိုတာကို စကာၤပူဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဒုသမ္မတ Harris က တနင်္လာနေ့မှာ ပြောခဲ့ပါသေးတယ်။
အရှေ့တောင်အာရှဒေသ ခရီးစဉ်အဖြစ် စင်္ကာပူမှာရောက်ခဲ့ချိန်အတွင်း တောင်တရုတ်ပင်လယ် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့အတူ မြန်မာ့အရေးကိုလည်း ဒုသမ္မတ Harris က ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်တို့ရဲ့လုပ်ရပ်တွေဟာ ခြိမ်းခြောက် အနိုင်ကျင့် ဖိအားပေးတဲ့အဆင့် ရောက်နေပြီး တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို ဆန့်ကျင်နေကြတဲ့ ဒေသတွင်းက မဟာမိတ်တွေကို အမေရိကန်က အခိုင်အမာ ထောက်ခံသွားမယ်ဆိုတာကိုလည်း ဒုသမ္မတ Harris ကပြောခဲ့ပါတယ်။ ဒုသမ္မတ Kamala Harris ဟာ ဒီကနေ့မှာ စင်္ကာပူကနေ ဗီယက်နမ်နိုင်ငံကို ခရီးဆက်သွားပြီဖြစ်ပါတယ်။

https://burmese.voanews.com/a/united-states-will-continue-to-support-Myanmar-democracy-/6013822.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.