မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က တရားစွဲဆိုဖို့ သဘောတူလက်ခံကြောင်း တရားဝင်အကြောင်းကြားစာကို ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရာရောက်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး၊ နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ ပုဒ်မ ၁၂ (၃ ) နဲ့ တရားစွဲဆိုခံထားရတာပါ။
စွဲဆိုချက်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က တရားရုံးမှတ်ပုံတင်ဌာနဆီ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း NUG က ပြောပါတယ်။ စစ်တပ်ရဲ့ လတ်တလောကျူးလွန်မှုတွေကို ဖော်ထုတ်ဖို့သာမက အရင်က ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုပါ ICC တရားရုံးကို တင်ပြမှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။
https://www.rfa.org/burmese/news/icc-myanmar-coup-military-08212021125825.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.