
ျမန္မာႏိုင္ငံမွာ လက္ရွိ ႏိုင္ငံေရး ျပသနာေတြကို ေဘးဖယ္ထားၿပီး အေရးတႀကီး လိုအပ္ေနတဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆး ထိုးႏွံေရးနဲ႔ စာနာမႈ အကူအညီေတြ ေပးႏိုင္ေရး ေဆာင္ရြက္ၾကဖို႔ ၿဗိတိန္ႏိုင္ငံက ေတာင္းဆိုလိုက္ပါတယ္။ ျမန္မာႏိုင္ငံအေရး ကုလသမဂၢ လံုျခံဳေရး ေကာင္စီမွာ အဂၤါေန႔က တံခါးပိတ္ေဆြးေႏြးရာမွာ ဒီကိစၥကို အေလးထား ေျပာဆိုခဲ့တာလို႔လည္း ကုလသမဂၢဆိုင္ရာ ၿဗိတိန္ ဒုတိယသံအမတ္ႀကီး James Kariuki ကေျပာပါတယ္။
ေကာင္စီ အဖြဲ႔၀င္ေတြ၊ ကာကြယ္ေဆးနဲ႔ ကာကြယ္ေဆး ထိုးႏွံေရး ကမ ၻာလံုးဆိုင္ရာ မဟာမိတ္အဖြဲ႔ Gavi အပါအ၀င္ ႏိုင္ငံတကာ မိတ္ဖက္ေတြ၊ ကုလသမဂၢနဲ႔ ပူးေပါင္းၿပီး ႏိုင္ငံေရး၊ လူမ်ိဳးနဲ႔ ကိုးကြယ္ယံုၾကည္မႈေတြကို ထည့္သြင္းမစဥ္းစားဘဲ တန္းတူညီမွ်တဲ႔ နည္းနဲ႔ ျမန္မာ ျပည္သူေတြ ကာကြယ္ေဆး ရရွိေအာင္ ေဆာင္ရြက္သြားမယ့္ အေၾကာင္း ၿဗိတိန္ ဒုတိယ သံအမတ္ႀကီးက ေျပာပါတယ္။
အဂၤါေန႔ ကုလသမဂၢ လံုျခံဳေရး ေကာင္စီ ေဆြးေႏြးပြဲမွာ ပါ၀င္ ေဆြးေႏြးခဲ႔တဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ Erywan Yusof ကလည္း ျမန္မာႏိုင္ငံတြင္း လူသားခ်င္း စာနာေထာက္ထားမႈ ရႈေထာင့္နဲ႔ ႏိုင္ငံေရး ျပသနာေတြကို ေခတၱရပ္နားၿပီး ႏိုင္ငံတကာဘက္က ခိုင္ခိုင္မာမာ တုံ႔ျပန္ေဆာင္ရြက္ေရးကို ေထာက္ခံ ေတာင္းဆိုခဲ႔ေၾကာင္းလည္း ၿဗိတိန္ သံအမတ္ႀကီးက ေျပာပါတယ္။
စစ္အာဏာ မသိမ္းခင္က ျမန္မာႏိုင္ငံမွာ ကာကြယ္ေဆး ထိုးႏွံမႈ အားေကာင္းခဲ႔သလို Covid-19 အေရး အစီအစဥ္ေတြလည္း ရွိခဲ႔ေပမယ့္လည္း အခု အခါမွာေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ေကာင္းေကာင္း မလည္ပတ္ေတာ့ေၾကာင္း၊ ေဆးရံုေတြ၊ ဆရာ၀န္ေတြနဲ႔ သူနာျပဳေတြ အေပၚ လက္သင့္မခံႏိုင္စရာ တိုက္ခိုက္ ဖိႏွိပ္မႈေတြ ဆက္ရွိေနၿပီး လူဦးေရရဲ႕ ၃ ရာခိုင္ႏႈန္းဘဲ ကာကြယ္ေဆးထိုးရေသးေၾကာင္းလည္း ကုလသမဂၢ ဆိုင္ရာ ၿဗိတိန္ ဒုတိယ သံအမတ္ႀကီးက ေဆြးေႏြးပြဲ အၿပီး လုပ္တဲ႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔ပါတယ္။
(Unicode)
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးဖို့ ကုလလုံခြုံရေးကောင်စီမှာ ဗြိတိန်တိုက်တွန်း
မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး ပြသနာတွေကို ဘေးဖယ်ထားပြီး အရေးတကြီး လိုအပ်နေတဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနဲ့ စာနာမှု အကူအညီတွေ ပေးနိုင်ရေး ဆောင်ရွက်ကြဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အင်္ဂါနေ့က တံခါးပိတ်ဆွေးနွေးရာမှာ ဒီကိစ္စကို အလေးထား ပြောဆိုခဲ့တာလို့လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် ဒုတိယသံအမတ်ကြီး James Kariuki ကပြောပါတယ်။
ကောင်စီ အဖွဲ့ဝင်တွေ၊ ကာကွယ်ဆေးနဲ့ ကာကွယ်ဆေး ထိုးနှံရေး ကမ ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ Gavi အပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး နိုင်ငံရေး၊ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ထည့်သွင်းမစဉ်းစားဘဲ တန်းတူညီမျှတဲ့ နည်းနဲ့ မြန်မာ ပြည်သူတွေ ကာကွယ်ဆေး ရရှိအောင် ဆောင်ရွက်သွားမယ့် အကြောင်း ဗြိတိန် ဒုတိယ သံအမတ်ကြီးက ပြောပါတယ်။
အင်္ဂါနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Erywan Yusof ကလည်း မြန်မာနိုင်ငံတွင်း လူသားချင်း စာနာထောက်ထားမှု ရှုထောင့်နဲ့ နိုင်ငံရေး ပြသနာတွေကို ခေတ္တရပ်နားပြီး နိုင်ငံတကာဘက်က ခိုင်ခိုင်မာမာ တုံ့ပြန်ဆောင်ရွက်ရေးကို ထောက်ခံ တောင်းဆိုခဲ့ကြောင်းလည်း ဗြိတိန် သံအမတ်ကြီးက ပြောပါတယ်။
စစ်အာဏာ မသိမ်းခင်က မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှု အားကောင်းခဲ့သလို Covid-19 အရေး အစီအစဉ်တွေလည်း ရှိခဲ့ပေမယ့်လည်း အခု အခါမှာတော့ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်း မလည်ပတ်တော့ကြောင်း၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေ အပေါ် လက်သင့်မခံနိုင်စရာ တိုက်ခိုက် ဖိနှိပ်မှုတွေ ဆက်ရှိနေပြီး လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဘဲ ကာကွယ်ဆေးထိုးရသေးကြောင်းလည်း ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် ဒုတိယ သံအမတ်ကြီးက ဆွေးနွေးပွဲ အပြီး လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.