Breaking

September 11, 2021

လက္ဘႏြန္မွာ အစိုးရသစ္ဖြဲ႔ႏိုင္ၿပီ



Lebanese Prime Minister-designate Najib Mikati, speaks to journalists after his meeting with Lebanese President Michel Aoun, at the Presidential Palace in Baabda, east of Beirut, Lebanon, July 26, 2021.

လက္ဘႏြန္မွာ အစိုးရသစ္ဖြဲ႔ႏိုင္ၿပီ

{{Zawgyi/Unicode}}

လက္ဘႏြန္ႏိုင္ငံမွာ တႏွစ္ေက်ာ္အၾကာမွ အစိုးရတရပ္ကို ပထမဆုံးအႀကိမ္အျဖစ္ အျပည့္အဝ ဖြဲ႔စည္းႏိုင္လိုက္ေၾကာင္း သမၼတက မေန႔ ဗုဒ္ဓဟူးေန႔က ေၾကညာပါတယ္။ အခု ဝန္ႀကီးအဖြဲ႔ဝင္ ၂၄ ဦးပါဝင္ၾကတဲ့ အစိုးရသစ္ကို စီးပြားေရးလုပ္ငန္းရွင္ Billionair သူေဌးႀကီး Najib Mlkati က ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးေဆာင္မွာျဖစ္ပါတယ္။ အဲဒီအထဲမွာ ကိုဗစ္ကပ္ေရာဂါ တိုက္ဖ်က္ေရးကို ဦးေဆာင္ေနတဲ့ ျပည္သူေဆးရုံေတြရဲ႕ညႊန္ၾကားေရးမွဴး Firas Abiad က က်န္းမာေရးဝန္ႀကီး၊ ဗဟုိဘဏ္အရာရွိ Youssef Khalil က ဘ႑ာေရးဝန္ႀကီးအျဖစ္ နဲ႔ တရားသူႀကီး Bassm Mawlawi က ျပည္ထဲေရးဝန္ႀကီးအျဖစ္ ခန္႔အပ္ထားပါတယ္။

ဝန္ႀကီးခ်ဳပ္ အျဖစ္ ေရြးခ်ယ္ခံရသူ Najib Mlkati ႏိုင္ငံေရး က်ဆင္းေနတဲ့ စီးပြားေရးကို ေျပာင္းျပန္လွန္ တိုးတက္ေအာင္ သံဓိဌာန္ခ်မွတ္ထားေၾကာင္း နဲ႔ ၿပိဳင္ဘက္အားလုံးနဲ႔ အတူလက္တြဲေဆာင္ရြက္ဖို႔ ကတိေပးေၾကာင္း ေျပာပါတယ္။ အေျခအေနေတြက ခက္ခဲေပမယ့္ ကြ်ႏုိပ္တို႔အားလုံး ပူးေပါင္းေဆာင္ရြက္ၾကမယ္ဆိုရင္ မျဖစ္ႏိုင္ဘူးဆိုတာမရွိဘူးလို႔လည္း အစိုးရသစ္ဖြဲ႔စည္းေၾကာင္း ေၾကညာတဲ့ သမၼတနန္ေတာ္ထဲမွာ သတင္းသမားေတြကို ေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လ ၄ ရက္ေန႔က ၿမိဳ႕ေတာ္ ေဘရြတ္ ရဲ႕ ဆိပ္ကမ္းမွာ ႀကီးမားလြန္းတဲ့ ေပါက္ကြဲမႈႀကီးျဖစ္ပြားခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ Hasan Diab ႏုတ္ထြက္ေပးခဲ့ရကတည္းက အစိုးရၿပိဳကြဲခဲ့ပါတယ္။ အဲဒီကတည္းက တိုင္းျပည္ရဲ႕ စီးပြားေရးအေျခအေနဟာ ယိမ္းယိုင္ေနေပမယ့္ ၿပဳိင္ဖက္ႏိုင္ငံေရးအုပ္စုေတြအၾကားမွာ သေဘာတူညီမႈေတြမရရွိပဲ အစိုးရသစ္မဖြဲ႔ႏိုင္ခဲ့ၾကပါဘူး။

....................................................

လက်ဘနွန်မှာ အစိုးရသစ်ဖွဲ့နိုင်ပြီ

{{Unicode}}

လက်ဘနွန်နိုင်ငံမှာ တနှစ်ကျော်အကြာမှ အစိုးရတရပ်ကို ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ ဖွဲ့စည်းနိုင်လိုက်ကြောင်း သမ္မတက မနေ့ ဗုဒ်ဓဟူးနေ့က ကြေညာပါတယ်။ အခု ဝန်ကြီးအဖွဲ့ဝင် ၂၄ ဦးပါဝင်ကြတဲ့ အစိုးရသစ်ကို စီးပွားရေးလုပ်ငန်းရှင် Billionair သူဌေးကြီး Najib Mlkati က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးကို ဦးဆောင်နေတဲ့ ပြည်သူဆေးရုံတွေရဲ့ညွှန်ကြားရေးမှူး Firas Abiad က ကျန်းမာရေးဝန်ကြီး၊ ဗဟိုဘဏ်အရာရှိ Youssef Khalil က ဘဏ္ဍာရေးဝန်ကြီးအဖြစ် နဲ့ တရားသူကြီး Bassm Mawlawi က ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။

ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံရသူ Najib Mlkati နိုင်ငံရေး ကျဆင်းနေတဲ့ စီးပွားရေးကို ပြောင်းပြန်လှန် တိုးတက်အောင် သံဓိဌာန်ချမှတ်ထားကြောင်း နဲ့ ပြိုင်ဘက်အားလုံးနဲ့ အတူလက်တွဲဆောင်ရွက်ဖို့ ကတိပေးကြောင်း ပြောပါတယ်။ အခြေအနေတွေက ခက်ခဲပေမယ့် ကျွနိုပ်တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့လည်း အစိုးရသစ်ဖွဲ့စည်းကြောင်း ကြေညာတဲ့ သမ္မတနန်တော်ထဲမှာ သတင်းသမားတွေကို ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၄ ရက်နေ့က မြို့တော် ဘေရွတ် ရဲ့ ဆိပ်ကမ်းမှာ ကြီးမားလွန်းတဲ့ ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် Hasan Diab နုတ်ထွက်ပေးခဲ့ရကတည်းက အစိုးရပြိုကွဲခဲ့ပါတယ်။ အဲဒီကတည်းက တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေဟာ ယိမ်းယိုင်နေပေမယ့် ပြိုင်ဖက်နိုင်ငံရေးအုပ်စုတွေအကြားမှာ သဘောတူညီမှုတွေမရရှိပဲ အစိုးရသစ်မဖွဲ့နိုင်ခဲ့ကြပါဘူး။ 

 https://burmese.voanews.com/a/new-lebanon-government/6222323.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.