Breaking

September 22, 2021

ႏိုင္ငံေရးျပႆနာ အင္အားသုံး ေျဖရွင္းမႈေတြအတြက္ ကုလအတြင္းေရးမွဴးခ်ဳပ္ သတိေပး

 


(Zawgyi / Unicode)

ျမန္မာႏိုင္ငံ အပါအ၀င္ ကမာၻေပၚက ႏိုင္ငံတခ်ဳိ႕မွာ ႏိုင္ငံေရးျပႆနာေတြကို အင္အားသုံး ေျဖရွင္းမႈေတြ ရွိေနတဲ့အေပၚ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က သတိေပးလိုက္ပါတယ္။

"အာဏာကို အင္အားသုံး ရယူတဲ့ လုပ္ရပ္ေတြ ေတာ္ေတာ္မ်ားမ်ား ေတြ႕ေနရပါတယ္။ စစ္အာဏာသိမ္းတာေတြလည္း ျပန္ေပၚလာပါတယ္။ ႏိုင္ငံတကာ အသိုင္းအ၀န္းၾကား ညီၫြတ္မႈ အားနည္းတဲ့ အတြက္လည္း အေထာက္အကူ မရျဖစ္ေနပါတယ္။" လို႔

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က အဂၤါေန႔ ကုလသမဂၢညီလာခံ မိန႔္ခြန္းမွာ ေျပာဆိုသြားတာပါ။

တဆက္တည္းမွာဘဲ တ႐ုတ္နဲ႔ အေမရိကန္ ရဲ႕တင္းမာမႈေၾကာင့္လည္း လုံၿခဳံေရးေကာင္စီမွာ အင္အားစုေပါင္းစုံ ဘက္ေပါင္းစုံပါဝင္ ေျဖရွင္းေဆာင္႐ြက္ႏိုင္ေရးကို အခက္အခဲ အဟန႔္အတားေတြ ျဖစ္ေစတယ္လို႔ ေျပာဆိုပါတယ္။ ဒါ့အျပင္ ကမာၻစီးပြားေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး ကိစၥရပ္ေတြကို ေျဖရွင္းေဆာင္႐ြက္ဖို႔ မျဖစ္ႏိုင္ဘူးလို႔လည္း အတြင္းေရးမႈးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ မိန႔္ခြန္းထဲမွာ ကမာၻႀကီးရင္ဆိုင္ေနရာတဲ့ ျပႆနာအရပ္ရပ္နဲ႔ပတ္သက္ၿပီး၊ ဘဝတသက္တာ မႀကဳံစဖူး ထူးကဲတဲ့ အက်ပ္အတည္းေတြနဲ႔ ေတြ႕ႀကဳံေနၿပီး ဒီအက်ပ္အတည္းေတြကို ဝိုင္းဝန္းေျဖရွင္းႏိုင္ဖို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ပါတယ္။

ကမာၻႀကီးရင္ဆိုင္ေနရတဲ့ အက်ပ္အတည္းေတြထဲမွာ ရာသီဥတုအေျပာင္းအလဲျပႆာနာ နဲ႔ ကိုဗစ္ ၁၉ ကပ္ေရာဂါအျပင္ ႏိုင္ငံတခ်ိဳ႕မွာျဖစ္ပြားခဲ့တဲ့ ႐ုန္းရင္ဆန္ခတ္မႈေတြကိုပါ ထည့္သြင္းေျပာၾကားသြားပါတယ္။ အာဖဂန္နစၥတန္နဲ ႔ပတ္သက္လို႔လည္း ထည့္သြင္းေျပာၾကားသြားခဲ့ၿပီး လူ႔အခြင့္အေရး၊ အမ်ိဳးသမီး အခြင့္အေရးမ် ားေကာင္းမြန္လာဖို႔ကိုလည္း ေျပာၾကားခဲ့ပါတယ္။

ကိုဗစ္ကပ္ေရာဂါ တုန႔္ျပန္ေဆာင္႐ြက္ေရးမွာ ကုလသမဂၢအေနနဲ႔ ထိပ္ဆုံးကေန ဦးေဆာင္လုပ္ကိုင္ေနေၾကာင္းနဲ႔ ကိုဗစ္ေရာဂါတုန႔္ျပန္ေဆာင္႐ြက္ေရးမွာ ခ်မ္းသာတဲ့ႏိုင္ငံႀကီးေတြအေနနဲ႔ ႏိုင္ငံေရးအရဆႏၵမရွိဘဲ တကိုယ္ေကာင္းဆန္ၾကတယ္လို႔ ေဝဖန္ခဲ့ၿပီး တန္ဘိုးရွိလွတဲ့ ကာကြယ္ေဆးေတြကို အလဟႆ ျဖစ္ေအာင္လုပ္ပစ္ၾကတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဆင္းရဲခ်မ္းသာကြာဟမႈေတြ ေလွ်ာ့ခ်ႏိုင္ဖို႔၊ ကမာၻအပူခ်ိန္ တိုးႏႈန္းကို ၁ ဒႆမ ၅ အထိေလွ်ာ့ခ်ႏိုင္ဖို႔ စတာေတြကို တိုက္တြန္းေျပာၾကားခဲ့ပါတယ္။


(Unicode)

နိုင်ငံရေးပြဿနာ အင်အားသုံး ဖြေရှင်းမှုတွေအတွက် ကုလအတွင်းရေးမှူးချုပ် သတိပေး

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတချို့မှာ နိုင်ငံရေးပြဿနာတွေကို အင်အားသုံး ဖြေရှင်းမှုတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။

"အာဏာကို အင်အားသုံး ရယူတဲ့ လုပ်ရပ်တွေ တော်တော်များများ တွေ့နေရပါတယ်။ စစ်အာဏာသိမ်းတာတွေလည်း ပြန်ပေါ်လာပါတယ်။ နိုင်ငံတကာ အသိုင်းအဝန်းကြား ညီညွတ်မှု အားနည်းတဲ့ အတွက်လည်း အထောက်အကူ မရဖြစ်နေပါတယ်။" လို့

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က အင်္ဂါနေ့ ကုလသမဂ္ဂညီလာခံ မိန့်ခွန်းမှာ ပြောဆိုသွားတာပါ။

တဆက်တည်းမှာဘဲ တရုတ်နဲ့ အမေရိကန် ရဲ့တင်းမာမှုကြောင့်လည်း လုံခြုံရေးကောင်စီမှာ အင်အားစုပေါင်းစုံ ဘက်ပေါင်းစုံပါဝင် ဖြေရှင်းဆောင်ရွက်နိုင်ရေးကို အခက်အခဲ အဟန့်အတားတွေ ဖြစ်စေတယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာစီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း အတွင်းရေးမှုးချုပ်က ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မိန့်ခွန်းထဲမှာ ကမ္ဘာကြီးရင်ဆိုင်နေရာတဲ့ ပြဿနာအရပ်ရပ်နဲ့ပတ်သက်ပြီး၊ ဘဝတသက်တာ မကြုံစဖူး ထူးကဲတဲ့ အကျပ်အတည်းတွေနဲ့ တွေ့ကြုံနေပြီး ဒီအကျပ်အတည်းတွေကို ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေထဲမှာ ရာသီဥတုအပြောင်းအလဲပြဿာနာ နဲ့ ကိုဗစ် ၁၉ ကပ်ရောဂါအပြင် နိုင်ငံတချို့မှာဖြစ်ပွားခဲ့တဲ့ ရုန်းရင်ဆန်ခတ်မှုတွေကိုပါ ထည့်သွင်းပြောကြားသွားပါတယ်။ အာဖဂန်နစ္စတန်နဲ ့ပတ်သက်လို့လည်း ထည့်သွင်းပြောကြားသွားခဲ့ပြီး လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးမျ ားကောင်းမွန်လာဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါ တုန့်ပြန်ဆောင်ရွက်ရေးမှာ ကုလသမဂ္ဂအနေနဲ့ ထိပ်ဆုံးကနေ ဦးဆောင်လုပ်ကိုင်နေကြောင်းနဲ့ ကိုဗစ်ရောဂါတုန့်ပြန်ဆောင်ရွက်ရေးမှာ ချမ်းသာတဲ့နိုင်ငံကြီးတွေအနေနဲ့ နိုင်ငံရေးအရဆန္ဒမရှိဘဲ တကိုယ်ကောင်းဆန်ကြတယ်လို့ ဝေဖန်ခဲ့ပြီး တန်ဘိုးရှိလှတဲ့ ကာကွယ်ဆေးတွေကို အလဟဿ ဖြစ်အောင်လုပ်ပစ်ကြတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆင်းရဲချမ်းသာကွာဟမှုတွေ လျှော့ချနိုင်ဖို့၊ ကမ္ဘာအပူချိန် တိုးနှုန်းကို ၁ ဒဿမ ၅ အထိလျှော့ချနိုင်ဖို့ စတာတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

https://burmese.voanews.com/a/un-chief-tells-world-to-wake-up-to-crises/6239695.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.