၇၆ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ သဘာပတိအဖြစ် တာဝန်ယူတဲ့ မော်လဒိုက်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး Abdulla Shahid။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ စတင်ကျင်းပနေပြီဖြစ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် Credentials Committee လို့ခေါ်တဲ့ နိုင်ငံတွေရဲ့ကိုယ်စားလှယ် အသိအမှတ် ပြုရမယ့် စိစစ်ရေးကော်မတီမှာပါဝင်ရမယ့် အဖွဲ့ဝင် ၉ နိုင်ငံကို မနေ့က ကြေညာလိုက်ပါတယ်။
Credentials Committee မှာ ပါဝင်ဖို့ ရွေးခြယ်လိုက်တဲ့ နိုင်ငံတွေကတော့ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊တရုတ်၊ ရုရှားနဲ့ ဘူတန်၊ ဘဟားမား၊ ချီလီ၊ ဆီယာလီယွန်၊ နမီးဘီးယား၊ ဆွီဒင်နိုင်ငံတွေဖြစ်ကြောင်း ၇၆ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ သဘာပတိအဖြစ် တာဝန်ယူတဲ့ မော်လဒိုက်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး Abdulla Shahid ကြေညာလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ စည်းမျဉ်းတွေအရ သက်ဆိုင်ရာနိုင်ငံတွေကို ကိုယ်စားပြု တက်ရောက်ခွင့် အတွက် အငြင်းပွားမှုရှိခဲ့ရင်၊ ပြဿနာ ပြေလည်တဲ့အချိန်အထိ လက်ရှိ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ဖြစ်သူ ကို ဆက်လက်ထားရှိရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွက် လက်ရှိထမ်းဆောင်နေတဲ့ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ညီလာခံတက်ရောက်သူအဖြစ် ဆက်လက် ထားရှိရမှာ ဖြစ်ပါတယ်။ ကော်မတီက အဆိုပြုတဲ့သူကို နိုင်ငံတစ်နိုင်ငံက ကန့်ကွက်မယ်ဆိုရင် အဲဒီအတွက် ဆုံးဖြတ်ဖို့ အထွေထွေညီလာခံကို လွှဲပေးရမှာဖြစ်ပါတယ်။
https://www.rfa.org/burmese/news/credentials-committee-un-09142021171820.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.