- ဗြီအိုုေအ (ျမန္မာဌာန)

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံလာေရးကိစၥ ၂ ဘက္ ညႇိႏႈိင္းေဆြးေႏြးေနတယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။ အာဆီယံနဲ႔သေဘာတူထားတဲ့ အခ်က္ ၅ ခ်က္ကိုလည္း အခ်ဳပ္အျခာအာဏာမထိခိုက္ေစဘဲ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ဒီေန႔ ေနျပည္ေတာ္မွာ ေျပာၾကားတဲ့ သတင္းစာရွင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလို ေျပာၾကားခဲ့ပါတယ္။
“အာဆီယံသေဘာတူခ်က္ ငါးခ်က္အနက္ကေတာ့ ပထမအခ်က္ကေတာ့ ျပင္းထန္သည့္လုပ္ေဆာင္မႈ-ေပါ့ေနာ္။ “အၾကမ္းဖက္မႈ” ေပါ့ဗ်ာ....ေတြကို ခ်က္ျခင္းရပ္တန္႔ၿပီး အေျခအေနေတြကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ေဆာင္ရြက္ရန္။ ဆူပူဆႏၵျပမႈေတြျဖစ္ကတည္းကတုိင္း လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြအေနနဲ႔ အနည္းဆံုး အင္အားအသံုးျပဳၿပီး အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ အခုထိလည္း ဒီအတုိင္း ေဆာင္ရြက္လွ်က္ရွိတယ္။ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ထြက္ေပၚၿပီး ဧၿပီလေနာက္ပိုင္းမွာေတာ့ ဆႏၵျပမႈေတြ၊ ဆူပူမႈေတြေလ်ာ့က်သြားၿပီးတဲ့အတြက္ေၾကာင့္ အဲဒီအေပၚမွာ ထိန္းသိမ္းမႈနဲ႔ အင္အားအသံုးျပဳမႈေတြ ေလ်ာ့က်သြားတာရွိပါတယ္။
ဒါေပမယ့္လို႔ လက္နက္ကိုင္ဆန္႔က်င္မႈေတြ၊ သတ္ျဖတ္မႈေတြ၊ ဗံုးခြဲအၾကမ္းဖက္တုိက္ခုိက္မႈေတြကို ရပ္ရြာတုိင္းမွာ တရားဥပေဒစုိးမိုးေရးပ်က္ျပားေအာင္ NUG အၾကမ္းဖက္အဖြဲ႔က ဦးေဆာင္ၿပီး လုပ္ေဆာင္လွ်က္ရွိတယ္။ ဒီလ ၇ ရက္ေန႔မွာဆိုရင္ ေနာက္ပိုင္းမွာ အၾကမ္းဖက္တုိက္ခုိက္မႈေတြ လုပ္ေဆာင္ဖို႔ အၾကမ္းဖက္အဖြဲ႔မ်ားက လံႈ႕ေဆာ္မႈေတြ တိုးျမွင့္လုပ္ေဆာင္လွ်က္ရွိတယ္။
...အခုနေျပာတဲ့ အာဆီယံရဲ႕ လူသားခ်င္းစာနာမႈအကူအညီေပးေရး-တခ်ဳိ႕ကိစၥ အကူအညီမ်ား ေရာက္ရွိေနၿပီျဖစ္တယ္။ အကူညီေတြကို က်ေနာ္တို႔ သက္ဆုိင္ရာဌာနမ်ားက ကူညီေဆာင္ရြက္ေပးလ်ွက္ရွိတယ္။
အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို သြားေရာက္ခြင့္ေပးရန္ကိစၥနဲ႔ပတ္သက္ၿပီးေတာ့က် အာဆီယံအထူးကိုယ္စားလွယ္ လာေရာက္လိုမႈကို ျမန္မာႏုိင္ငံက ႀကိဳဆိုထားၿပီးသားျဖစ္တယ္။ ခရီးစဥ္အေသးစိတ္ကို က်ေနာ္တုိ႔ ႏွစ္ဘက္ညွိႏႈိင္းေနတာ ရွိတယ္။
...အႏွစ္ခ်ဳပ္ ထုတ္ၿပီးေျပာရရင္ေတာ့ ျမန္မာႏုိင္ငံအေနနဲ႔ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို မိမိႏိုင္ငံရဲ႕ အခ်ုပ္အျခာအာဏာပုိင္ဆုိင္မႈကို မထိခုိက္ေစဘဲနဲ႔ ျပည္တြင္း တည္ဆဲဥပေဒနဲ႔အညီ တတ္ႏုိင္သမွ် ပူးေပါင္းေဆာင္ရြက္ေပးေနေၾကာင္း က်ေနာ္တို႔ ေျပာၾကားလိုပါတယ္။ အားလံုး ေက်းဇူးတင္ပါတယ္။
အာဆီယံ၊ ကုလသမဂၢစတဲ့ ႏိုင္ငံတကာအဖဲြ႔အစည္းေတြမွာ အုပ္ခ်ဳပ္ေရး ေကာင္စီအေနနဲ႔ ႏိုင္ငံေတာ္ကိုယ္စား အစိုးရတခုအေနနဲ႔ ကိုယ္စားျပဳေဆာင္ရြက္ေနတာ ျဖစ္တယ္လို႔လည္း ကုလသမဂၢမွာ ကိုယ္စားျပဳမႈနဲ႔ဆိုင္တဲ့ေမးခြန္းမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သူတို႔ရဲ႕ သေဘာထားကို ေျဖၾကားသြားခဲ့ပါတယ္။
=======
Unicode
အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်အသေးစိတ် နှစ်ဘက်ညှိနှိုင်းနေ- ဗိုလ်ချုပ်ဇော်မင်းထွန်း
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရေးကိစ္စ ၂ ဘက် ညှိနှိုင်းဆွေးနွေးနေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ အာဆီယံနဲ့သဘောတူထားတဲ့ အချက် ၅ ချက်ကိုလည်း အချုပ်အခြာအာဏာမထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒီနေ့ နေပြည်တော်မှာ ပြောကြားတဲ့ သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို ပြောကြားခဲ့ပါတယ်။
“အာဆီယံသဘောတူချက် ငါးချက်အနက်ကတော့ ပထမအချက်ကတော့ ပြင်းထန်သည့်လုပ်ဆောင်မှု-ပေါ့နော်။ “အကြမ်းဖက်မှု” ပေါ့ဗျာ....တွေကို ချက်ခြင်းရပ်တန့်ပြီး အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ရန်။ ဆူပူဆန္ဒပြမှုတွေဖြစ်ကတည်းကတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အနည်းဆုံး အင်အားအသုံးပြုပြီး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုထိလည်း ဒီအတိုင်း ဆောင်ရွက်လျှက်ရှိတယ်။ အာဆီယံသဘောတူညီချက် ငါးချက်ထွက်ပေါ်ပြီး ဧပြီလနောက်ပိုင်းမှာတော့ ဆန္ဒပြမှုတွေ၊ ဆူပူမှုတွေလျော့ကျသွားပြီးတဲ့အတွက်ကြောင့် အဲဒီအပေါ်မှာ ထိန်းသိမ်းမှုနဲ့ အင်အားအသုံးပြုမှုတွေ လျော့ကျသွားတာရှိပါတယ်။
ဒါပေမယ့်လို့ လက်နက်ကိုင်ဆန့်ကျင်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ဗုံးခွဲအကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်ရွာတိုင်းမှာ တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် NUG အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်လျှက်ရှိတယ်။ ဒီလ ၇ ရက်နေ့မှာဆိုရင် နောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်အဖွဲ့များက လှုံ့ဆော်မှုတွေ တိုးမြှင့်လုပ်ဆောင်လျှက်ရှိတယ်။
...အခုနပြောတဲ့ အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး-တချို့ကိစ္စ အကူအညီများ ရောက်ရှိနေပြီဖြစ်တယ်။ အကူညီတွေကို ကျနော်တို့ သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ပေးလျှက်ရှိတယ်။
အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခွင့်ပေးရန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျ အာဆီယံအထူးကိုယ်စားလှယ် လာရောက်လိုမှုကို မြန်မာနိုင်ငံက ကြိုဆိုထားပြီးသားဖြစ်တယ်။ ခရီးစဉ်အသေးစိတ်ကို ကျနော်တို့ နှစ်ဘက်ညှိနှိုင်းနေတာ ရှိတယ်။
...အနှစ်ချုပ် ထုတ်ပြီးပြောရရင်တော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထိခိုက်စေဘဲနဲ့ ပြည်တွင်း တည်ဆဲဥပဒေနဲ့အညီ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း ကျနော်တို့ ပြောကြားလိုပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။
အာဆီယံ၊ ကုလသမဂ္ဂစတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်ကိုယ်စား အစိုးရတခုအနေနဲ့ ကိုယ်စားပြုဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂမှာ ကိုယ်စားပြုမှုနဲ့ဆိုင်တဲ့မေးခွန်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ရဲ့ သဘောထားကို ဖြေကြားသွားခဲ့ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.