Breaking

September 30, 2021

ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာေခါင္းေဆာင္ Mohib Ullah ပစ္သတ္ခံရ

 


႐ုိဟင္ဂ်ာအဖဲြ႔အစည္း ARPSH ဥကၠ႒ ဦး Mohib Ullah (Photo : HRW website )
[ Zawgyi ]

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းမွာ ေသနတ္သမားေတြ လက္ခ်က္နဲ႔ ထင္ရွားတဲ့ ႐ိုဟင္ဂ်ာ ေခါင္းေဆာင္ တေယာက္ ေသဆုံးသြားပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ရခိုင္ျပည္နယ္က ႐ုိဟင္ဂ်ာအဖဲြ႔အစည္း (ARPSH) ဥကၠ႒ ဦး Mohib Ullah ကို ဗုဒၶဟူးေန႔ ညေနပိုင္းမွာ ေသနတ္သမားေတြက အနီးကပ္ ပစ္သြားခဲ့တာလို႔လည္း အဖဲြ႕ရဲ႕ ေျပာခြင့္ရသူကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပခဲ့တာပါ။

ပစ္ခံခဲ့ရၿပီးေနာက္ ဒုကၡသည္စခန္းထဲက နယ္စည္းမျခား ဆရာ၀န္မ်ားအဖဲြ႕ (MSF) ေဆးခန္းကို သယ္သြားေပမဲ့ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးသြားခဲ့ေၾကာင္းလည္း သတင္းက ေဖာ္ျပပါတယ္။ ေသဆုံးသြားတဲ့ ဦး Mohib Ullah ဟာ ႐ိုဟင္ဂ်ာေတြ အစုလိုက္အျပံဳလိုက္ ထြက္ခြာခဲ့ရတဲ့ အေျခအေနေတြကို ႏိုင္ငံတကာက အာ႐ုံစိုက္မႈရေအာင္ ႀကိဳးပမ္းမႈေတြအတြက္ ထင္ရွားသူ တဦးအျဖစ္၊ ၂၀၁၉ ခုႏွစ္မွာ အေမရိကန္ သမၼတအိမ္ျဖဴေတာ္ ဘာသာေရးလြတ္လပ္ခြင့္ အခမ္းအနားကို တက္ေရာက္ခဲ့ၿပီး အဲဒီအခ်ိန္က သမၼတ Donald Trump နဲ႔လည္း ေတြ႕ဆုံခဲ့ဘူးပါတယ္။

႐ိုဟင္ဂ်ာေခါင္းေဆာင္ ေသဆုံးခဲ့ရတဲ့အတြက္ အလြန္အမင္း ၀မ္းနည္းေၾကာင္းနဲ႔ ဒုကၡသည္စခန္းေတြမွာ ၿငိမ္းခ်မ္းေရးနဲ႔ လုံျခံဳေရးအတြက္ တာ၀န္ရွိသူေတြနဲ႔လည္း ဆက္သြယ္ေနတယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) ေျပာခြင့္ရ Regina De La Portilla က AFP သတင္းဌာနကို ေျပာပါတယ္။

သူေသဆုံးမႈေၾကာင့္ ႐ိုဟင္ဂ်ာေတြ အခြင့္အေရး လႈပ္ရွားမႈေတြကို ထိခိုက္ရသလို၊ ဒုကၡသည္ စခန္းေတြမွာ လုံျခံဳမႈရွိဖို႔ လိုအပ္တဲ့ အေျခအေနေတြကို ထင္ဟပ္ေနေၾကာင္း ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႕တခုျဖစ္တဲ့ Human Rights Watch ရဲ႕ ေတာင္အာရွေရးရာ ဒါ႐ိုက္တာ Meenakshi Ganguly က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာပါ။

ရခိုင္ျပည္နယ္မွာရွိတဲ့ နယ္ျခားေစာင့္ ကင္းစခန္းတခ်ဳိ႕ကို ARSA ႐ိုဟင္ဂ်ာ အစြန္းေရာက္ေတြက ၂၀၁၇ ခုႏွစ္တုန္းက တိုက္ခိုက္ခဲ့တာကို တုံ႔ျပန္တဲ့ ျမန္မာစစ္တပ္ရဲ႕ စစ္ဆင္ေရးေတြေၾကာင့္ ေနာက္ဆက္တဲြ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္ တိမ္းေရွာင္သြားခဲ့ၾကတာပါ။

ျမန္မာအာဏာပိုင္ေတြကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရား၀င္ အသိအမွတ္ျပဳ လက္မခံေပမဲ့ ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို စိစစ္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာဆိုထားၿပီး၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သီးျခားစီ နားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း လက္ေတြ႕မွာေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အထမေျမာက္ေသးသလို၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ႐ိုဟင္ဂ်ာ ဒုကၡသည္အေရး ဘယ္လို ဆက္လက္ ကိုင္တြယ္မလဲ ဆိုတာကလည္း ရွင္းရွင္းလင္းလင္းေတာ့ မရွိေသးပါဘူး။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖဲြ႕စည္းခဲ့တဲ့ NUG အမ်ဳိးသားညီၫြတ္ေရး အစိုးရကေတာ့ ရိုဟင္ဂ်ာေတြ အပါအ၀င္ လူနည္းစုေတြ လူ႔အခြင့္အေရးကို အကာကြယ္ေပးဖို႔နဲ႔ ၁၉၈၂ ႏုိင္ငံသားျဖစ္ေရး ဥပေဒေတြကို ျပန္လည္ျပင္ဆင္ဖို႔ ကတိျပဳထားပါတယ္။


[ Unicode ]

ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ပစ်သတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ သေနတ်သမားတွေ လက်ချက်နဲ့ ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တယောက် သေဆုံးသွားပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်း (ARPSH) ဥက္ကဋ္ဌ ဦး Mohib Ullah ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သေနတ်သမားတွေက အနီးကပ် ပစ်သွားခဲ့တာလို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရသူကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

ပစ်ခံခဲ့ရပြီးနောက် ဒုက္ခသည်စခန်းထဲက နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ဆေးခန်းကို သယ်သွားပေမဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ကြောင်းလည်း သတင်းက ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဦး Mohib Ullah ဟာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ခွာခဲ့ရတဲ့ အခြေအနေတွေကို နိုင်ငံတကာက အာရုံစိုက်မှုရအောင် ကြိုးပမ်းမှုတွေအတွက် ထင်ရှားသူ တဦးအဖြစ်၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန် သမ္မတအိမ်ဖြူတော် ဘာသာရေးလွတ်လပ်ခွင့် အခမ်းအနားကို တက်ရောက်ခဲ့ပြီး အဲဒီအချိန်က သမ္မတ Donald Trump နဲ့လည်း တွေ့ဆုံခဲ့ဘူးပါတယ်။

ရိုဟင်ဂျာခေါင်းဆောင် သေဆုံးခဲ့ရတဲ့အတွက် အလွန်အမင်း ဝမ်းနည်းကြောင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေနဲ့လည်း ဆက်သွယ်နေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရ Regina De La Portilla က AFP သတင်းဌာနကို ပြောပါတယ်။

သူသေဆုံးမှုကြောင့် ရိုဟင်ဂျာတွေ အခွင့်အရေး လှုပ်ရှားမှုတွေကို ထိခိုက်ရသလို၊ ဒုက္ခသည် စခန်းတွေမှာ လုံခြုံမှုရှိဖို့ လိုအပ်တဲ့ အခြေအနေတွေကို ထင်ဟပ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Human Rights Watch ရဲ့ တောင်အာရှရေးရာ ဒါရိုက်တာ Meenakshi Ganguly က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ်တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစုတွေ လူ့အခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖို့ ကတိပြုထားပါတယ်။ 

 https://burmese.voanews.com/a/rohingya-mohib-ullah-killed-by-gunman/6250674.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.