Breaking

September 9, 2021

IIMM အႀကီးအကဲႏွင့္ ဆက္သြယ္ေမးျမန္းခ်က္

 


IIMM အႀကီးအကဲ Nicholas Koumjian (ဝဲ) ႏွင့္ မစုျမတ္မြန္ (ဗီြအိုေအ) (ယာ)။ (ဓာတ္ပံု - Video Screenshot)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကစလို႔ IIMM က ဓါတ္ပံုေတြ ဗီဒီယိုေတြပါတဲ့ သတင္းေပးမႈေပါင္း ၂ သိန္းေလာက္ ရ႐ွိထားတယ္လို႔ IIMM အႀကီးအကဲက ဗီြအိုေအျမန္မာပိုင္းကုိေျပာပါတယ္။
ရ႐ွိထားတဲ့ အခ်က္အလက္ အေထာက္အထားေတြထဲက ႀကီးေလးတဲ့ ႏိုင္ငံတကာ ရာဇဝတ္မႈက်ဴးလြန္ရာေရာက္တယ္၊ ႏိုင္ငံတကာဥပေဒေတြအရ ႀကီးေလးတဲ့ျပစ္မႈေျမာက္တယ္လို႔ သံုးသပ္တဲ့ကိစၥေတြကို စက္တင္ဘာလ ၁၃ ရက္က်ရင္ လူ႔အခြင့္အေရးေကာင္စီကို အစီရင္ခံတင္ျပမယ္လို႔ IIMM အႀကီးအကဲ Nicholas Koumjian ကေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ၂၀၁၁ ခုႏွစ္ထဲကျဖစ္ေနတဲ့ ႀကီးေလးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို စုေဆာင္း သံုးသပ္ၿပီး ႏုိင္ငံတကာဥပေဒနဲ႔အညီစစ္ေဆးတဲ့ တရား႐ံုးေတြကို မ ွ်ေဝဖို႔ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီက IIMM ေခၚ Myanmar Mechanism ကိုဖဲြ႔စည္းထားတာျဖစ္ပါတယ္။ IIMM ရဲ႕ ေဆာင္႐ြက္မႈေတြနဲ႔ပတ္သက္လို႔ အႀကီးအကဲ Mr. Koumjian ကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

စုျမတ္မြန္။ ။ IIMM က ဘယ္သူမဆိုေပးပို ့တဲ့ အေထာက္အထား၊ အခ်က္အလက္ေတြကို ရယူစုေဆာင္းတဲ့ ဒီ Open Source Investigation ကို လုပ္ေနတာမ်ိဳးဆိုေတာ့ ရရွိတာေတြကို ဘယ္လိုမ်ိဳးကိုင္တြယ္ပါသလဲ။

Nicholas Koumjian။ ။ စိန္ေခၚမႈေတြရွိပါတယ္။ အထူးသျဖင့္ အာဏာသိမ္းမႈျဖစ္ျပီးတဲ့ေနာက္မွာ အခ်က္အလက္ေတြ၊ ဓာတ္ပံုေတြ၊ ဗီြဒီယိုေတြပါတဲ့ message ေပါင္း၊ သတင္းေပးမႈေပါင္း ၂ သိန္းေလာက္ရပါတယ္။ က်ေနာ္တို ့ရသမွ် message ေတြအားလံုးၾကည့္ပါတယ္။ ဓာတ္ပံုေတြ၊ ဗြီဒီယိုေတြကိုလည္း ေနာက္ထပ္ဆက္ျပီး ဆန္းစစ္နိုင္ဖို ့စုေဆာင္းသိမ္းထားပါတယ္။ ဒီအခ်က္အလက္ေတြကို က်ေနာ္တို ့ရည္ရွည္သိမ္းထားမွာပါ။ စိမ္ေခၚမႈတခုက က်ေနာ္တို ့ရတဲ့ အခ်က္အလက္ပမာဏေၾကာင့္ အင္မတန္လံုျခံဳျပီးေတာ့ အဆင့္ျမင့္တဲ့ အခ်က္အလက္သိမ္းစနစ္ကို လုပ္ရပါတယ္။ ဒါမွ ဒီအခ်က္အလက္ေတြကို က်ေနာ္တို ့သံုးသပ္လို ့ရမွာပါ။ ဥပမာ-ရတဲ့ ဗြီဒီယိုေတြက ဆင္တူျဖစ္ေနလားဆိုတာမ်ိဳး သိနိုင္ေအာင္လို ့လုပ္ထားရပါတယ္။

စုျမတ္မြန္။ ။လာမယ့္ စက္တင္ဘာ ၁၃ ရက္ေန ့က်လို ့ရွိရင္ IIMM ရဲ့ အစီရင္ခံစာတခုကို ကုလသမဂၢ လူ ့အခြင့္အေရးေကာင္စီမွာ တင္ျပဖို ့ရွိတယ္လို ့သိရပါတယ္။ အဲဒီ အစီရင္ခံစာနဲ ့ပက္သက္ျပီးေတာ့ေရာ ေျပာျပနိုင္မလားရွင့္။

Nicholas Koumjian ။ ။ က်ေနာ္ၾကိဳျပီးေတာ့ အကုန္လံုးကိုေတာ့ မေျပာခ်င္ပါဘူး။ ေျပာခ်င္တာက ျပီးခဲ့တဲ့နွစ္အတြင္း က်ေနာ္တို ့ဘာေတြ စံုစမ္းသိရွိခဲ့ရသလဲ ဆိုတာကို တင္ျပမွာျဖစ္ပါတယ္။ အထူးသျဖင့္ က်ေနာ္တင္ျပမယ့္အထဲမွာေတာ့ ေဖေဖာ္၀ါရီလ အာဏာသိမ္းျပီးတဲ့ ေနာက္ပို္င္း က်ေနာ္တို ့ရရွိတဲ့အထဲက ဆန္းစစ္သံုးသပ္ထားတဲ့ အခ်က္အလက္အေထာက္အထားေတြ၊ အဲဒီအခ်က္အလက္ေတြက ဘာ့ေၾကာင့္က်ေနာ္တို ့အေပၚအပ္နွင္းထားတဲ့ လုပ္ပိုင္ခြင့္နဲ ့အၾကံဳး၀င္သလဲ ဆိုတာေတြကို တင္ျပဖို ့ရွိပါတယ္။ က်ေနာ္တို ့စစ္ေဆး၊ သံုးသပ္ေတြ ့ရွိတဲ့ အေထာက္အထားက ၾကီးေလးတဲ့ နိုင္ငံတကာရာဇ၀တ္မႈ က်ဴးလြန္ရာေရာက္တယ္၊ နိုင္ငံတကာဥပေဒေတြအရ ၾကီးေလးတဲ့ ျပစ္မႈေျမာက္တယ္။ ဒါေၾကာင့္ က်ေနာ္တို ့က ဒီအခ်က္အလက္ေတြကို စုေဆာင္းသံုးသပ္ရတာျဖစ္တယ္ဆိုတာကို တင္ျပမွာျဖစ္ပါတယ္။ က်ေနာ္ျဖည့္ျပီးေတာ့ ေျပာခ်င္တာတခုကေတာ့ က်ေနာ္တို ့ဆီကို အခ်က္အလက္ေတြပို ့ေပးၾကသူအားလံုးကို ေက်းဇူးတင္ပါတယ္။ တခ်ိဳ ့ဆို ့သူတို ့အတြက္ သိပ္ကို အႏၱရာယ္မ်ားတဲ့ၾကားကေနျပီးေတာ့ သူတို ့နိုင္ငံရဲ့ အနာဂတ္အတြက္ သိပ္ကို စိုးရိမ္ပူပန္တယ္။ တရားမွ်တမႈေပၚေပါက္ေအာင္လို ့ေပးပို ့မ်ွေ၀ၾကသူေတြပါ။ ပို ့ေပးတဲ့ အေထာက္အထားေတြ အလဟသ မျဖစ္ေအာင္လို ့က်ေနာ္တို ့အစြမ္းကုန္ၾကိဳးစားေဆာင္ရြက္ပါတယ္။ တေန ့မွာေတာ့ တရာမ်ွတမႈေပၚေပါက္ေစရမယ္ဆိုတဲ့ ေမ်ွာ္လင့္ခ်က္နဲ ့ က်ေနာ္တို ့ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

စုျမတ္မြန္။ ။ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

...............................................................................................

IIMM အကြီးအကဲနှင့် ဆက်သွယ်မေးမြန်းချက်

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ IIMM က ဓါတ်ပုံတွေ ဗီဒီယိုတွေပါတဲ့ သတင်းပေးမှုပေါင်း ၂ သိန်းလောက် ရရှိထားတယ်လို့ IIMM အကြီးအကဲက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
ရရှိထားတဲ့ အချက်အလက် အထောက်အထားတွေထဲက ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်၊ နိုင်ငံတကာဥပဒေတွေအရ ကြီးလေးတဲ့ပြစ်မှုမြောက်တယ်လို့ သုံးသပ်တဲ့ကိစ္စတွေကို စက်တင်ဘာလ ၁၃ ရက်ကျရင် လူ့အခွင့်အရေးကောင်စီကို အစီရင်ခံတင်ပြမယ်လို့ IIMM အကြီးအကဲ Nicholas Koumjian ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ထဲကဖြစ်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုဆောင်း သုံးသပ်ပြီး နိုင်ငံတကာဥပဒေနဲ့အညီစစ်ဆေးတဲ့ တရားရုံးတွေကို မ ျှဝေဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက IIMM ခေါ် Myanmar Mechanism ကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ IIMM ရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ အကြီးအကဲ Mr. Koumjian ကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

စုမြတ်မွန်။ ။ IIMM က ဘယ်သူမဆိုပေးပို့တဲ့ အထောက်အထား၊ အချက်အလက်တွေကို ရယူစုဆောင်းတဲ့ ဒီ Open Source Investigation ကို လုပ်နေတာမျိုးဆိုတော့ ရရှိတာတွေကို ဘယ်လိုမျိုးကိုင်တွယ်ပါသလဲ။

Nicholas Koumjian။ ။ စိန်ခေါ်မှုတွေရှိပါတယ်။ အထူးသဖြင့် အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်မှာ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေပါတဲ့ message ပေါင်း၊ သတင်းပေးမှုပေါင်း ၂ သိန်းလောက်ရပါတယ်။ ကျနော်တို့ရသမျှ message တွေအားလုံးကြည့်ပါတယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကိုလည်း နောက်ထပ်ဆက်ပြီး ဆန်းစစ်နိုင်ဖို့စုဆောင်းသိမ်းထားပါတယ်။ ဒီအချက်အလက်တွေကို ကျနော်တို့ရည်ရှည်သိမ်းထားမှာပါ။ စိမ်ခေါ်မှုတခုက ကျနော်တို့ရတဲ့ အချက်အလက်ပမာဏကြောင့် အင်မတန်လုံခြုံပြီးတော့ အဆင့်မြင့်တဲ့ အချက်အလက်သိမ်းစနစ်ကို လုပ်ရပါတယ်။ ဒါမှ ဒီအချက်အလက်တွေကို ကျနော်တို့သုံးသပ်လို့ရမှာပါ။ ဥပမာ-ရတဲ့ ဗွီဒီယိုတွေက ဆင်တူဖြစ်နေလားဆိုတာမျိုး သိနိုင်အောင်လို့လုပ်ထားရပါတယ်။

စုမြတ်မွန်။ ။လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့ကျလို့ရှိရင် IIMM ရဲ့ အစီရင်ခံစာတခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တင်ပြဖို့ရှိတယ်လို့သိရပါတယ်။ အဲဒီ အစီရင်ခံစာနဲ့ပက်သက်ပြီးတော့ရော ပြောပြနိုင်မလားရှင့်။

Nicholas Koumjian ။ ။ ကျနော်ကြိုပြီးတော့ အကုန်လုံးကိုတော့ မပြောချင်ပါဘူး။ ပြောချင်တာက ပြီးခဲ့တဲ့နှစ်အတွင်း ကျနော်တို့ဘာတွေ စုံစမ်းသိရှိခဲ့ရသလဲ ဆိုတာကို တင်ပြမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တင်ပြမယ့်အထဲမှာတော့ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ကျနော်တို့ရရှိတဲ့အထဲက ဆန်းစစ်သုံးသပ်ထားတဲ့ အချက်အလက်အထောက်အထားတွေ၊ အဲဒီအချက်အလက်တွေက ဘာ့ကြောင့်ကျနော်တို့အပေါ်အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်နဲ့အကြုံးဝင်သလဲ ဆိုတာတွေကို တင်ပြဖို့ရှိပါတယ်။ ကျနော်တို့စစ်ဆေး၊ သုံးသပ်တွေ့ရှိတဲ့ အထောက်အထားက ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်၊ နိုင်ငံတကာဥပဒေတွေအရ ကြီးလေးတဲ့ ပြစ်မှုမြောက်တယ်။ ဒါကြောင့် ကျနော်တို့က ဒီအချက်အလက်တွေကို စုဆောင်းသုံးသပ်ရတာဖြစ်တယ်ဆိုတာကို တင်ပြမှာဖြစ်ပါတယ်။ ကျနော်ဖြည့်ပြီးတော့ ပြောချင်တာတခုကတော့ ကျနော်တို့ဆီကို အချက်အလက်တွေပို့ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ တချို့ဆို့သူတို့အတွက် သိပ်ကို အန္တရာယ်များတဲ့ကြားကနေပြီးတော့ သူတို့နိုင်ငံရဲ့ အနာဂတ်အတွက် သိပ်ကို စိုးရိမ်ပူပန်တယ်။ တရားမျှတမှုပေါ်ပေါက်အောင်လို့ပေးပို့မျှဝေကြသူတွေပါ။ ပို့ပေးတဲ့ အထောက်အထားတွေ အလဟသ မဖြစ်အောင်လို့ကျနော်တို့အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါတယ်။ တနေ့မှာတော့ တရာမျှတမှုပေါ်ပေါက်စေရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။

စုမြတ်မွန်။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

https://burmese.voanews.com/a/head-of-international-investigative-mechanism-for-Myanmar-nicholas-koumjian-interview-/6219540.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.