Breaking

October 4, 2021

ဂ်ာမနီ ၫြန္႔ေပါင္းအစိုးရဖဲြ႔စည္းေရး ေျပလည္ေအာင္ ညႇိႏႈိင္းၾကဖို႔ Angela Merkel တိုက္တြန္း


ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Angela Merkel. (စက္တင္ဘာ ၂၄၊ ၂၀၂၁)
(Zawgyi / Unicode)

ဂ်ာမနီ ႏိုင္ငံေရးသမားေတြအေနနဲ႔ မိမိတို႔ရဲ႕ သေဘာထား ကြဲျပားမႈေတြကို ေက်ာ္လႊား ေျဖရွင္းၾကဖို႔ ရာထူးကစြန္႔ခြာေတာ့မယ့္ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Angela Merkel က တနဂၤေႏြေန႔မွာ အေလးထား တိုက္တြန္းလိုက္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ ေရြေးကာက္ပဲြအၿပီး ဂ်ာမန္ဝန္ႀကီးခ်ဳပ္အျဖစ္ ဘယ္သူ႔ကို ေရြးခ်ယ္မလဲဆိုတာ ပါတီေတြၾကား ေဆြးေႏြးေနခ်ိန္မွာ သူမက အခုလို တိုက္တြန္းလိုက္တာပါ။

ေရြးေကာက္ပဲြမွာ ဗဟိုလက္ဝဲယိမ္း Social Democrats (SPD) ပါတီရဲ႕ ကိုယ္စားလွယ္ Olaf Scholz က မဲ ၂၅ ဒသမ ၇ ရာခုိင္ႏႈန္းနဲ႔ ပြတ္ခါသီကာ အႏိုင္ရခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ Angela Merkel ၁၆ ႏွစ္ၾကာ သူ႔အာဏာသက္တမ္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနခ်ိန္မွာ သူမရဲ႕ ကြန္ဆာေဗးတစ္ CDU-CSU ပါတီကေတာ့ မႀကဳံဘူးေလာက္ေအာင္ မဲရလဒ္ ၂၄ ဒသမ ၁ ရာခုိင္ႏႈန္းအထိ က်ဆင္းခဲ့တာပါ။

မဲရလဒ္ေတြအရ SPD ပါတီက ဦးေဆာင္ၿပီး အစိုးရဖဲြ႔ဖို႔ ျဖစ္လာခ်ိန္မွာ Merkel ရဲ႕ CDU-CSU ပါတီ ေခါင္းေဆာင္သစ္ျဖစ္သူ Armin Laschet ကလည္း သူတို႔ပါတီရဲ႕ အာဏာကို ဆက္လက္ထိန္းထားႏိုင္ေရး ေနာက္ဆုံးႀကိဳးပမ္းခ်က္အျဖစ္ ၫြန္႔ေပါင္းအစိုးရဖဲြ႔ဖို႔ကိစၥ စကားေျပာမယ္လို႔ ကတိျပဳလိုက္ပါတယ္။ Armin Laschet ဟာ Merkel ရဲ႕ေနရာအတြက္ ဝန္ႀကီးခ်ဳပ္ေလာင္းအျဖစ္ အစားထိုး ယွဥ္ၿပိဳင္ခဲ့သူပါ။

၁၉၉၀ ျပည့္ႏွစ္တုန္းက အေရွ႕ဂ်ာမနီနဲ႔ အေနာက္ဂ်ာမနီ ျပန္လည္ေပါင္းစည္းခဲ့တဲ့ အခမ္းအနားကို ဂ်ာမနီအလယ္ပိုင္း Halle ၿမိဳ႕မွာ က်င္းပခဲ့ၿပီး ဂ်ာမနီအေနနဲ႔ ေနာက္ထပ္ သမိုင္းစာမ်က္ႏွာသစ္ကို ပုံေဖာ္ဖို႔ အခြင့္အလမ္းတႀကိမ္ ရထားပါတယ္လို႔ ဝန္ႀကီးခ်ဳပ္ Angela Merkel က ႏုိင္ငံေရးနဲ႔ ဘာသာေရး ေခါင္းေဆာင္ေတြေရွ႕ ေျပာၾကားခဲ့ပါတယ္။

လာမယ့္ ဂ်ာမနီ ၫြန္႔ေပါင္းအစိုးရသစ္ဖဲြ႔ဖို႔ တြက္ခ်က္မႈေတြ ႐ႈပ္ေထြးေနခ်ိန္မွာ လက္ရွိမွာ မဲအမ်ားဆုံးရထားတဲ့ Social Democrats (SPD) ပါတီနဲ႔ ကြန္ဆာေဗးတစ္ CDU-CSU ပါတီေတြက Greens ပါတီနဲ႔ Liberal FDP ပါတီေတြကို ဆဲြေဆာင္စည္း႐ုံးဖို႔ လိုမယ္လို႔ သုံးသပ္ၾကပါတယ္။


----------------------

(Unicode)

ဂျာမနီ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ပြေလည်အောင် ညှိနှိုင်းကြဖို့ Angela Merkel တိုက်တွန်း

ဂျာမနီ နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့ရဲ့ သဘောထား ကွဲပြားမှုတွေကို ကျော်လွှား ဖြေရှင်းကြဖို့ ရာထူးကစွန့်ခွာတော့မယ့် ဂျာမန်ဝန်ကြီးချုပ် Angela Merkel က တနင်္ဂနွေနေ့မှာ အလေးထား တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ရွေေးကာက်ပွဲအပြီး ဂျာမန်ဝန်ကြီးချုပ်အဖြစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ပါတီတွေကြား ဆွေးနွေးနေချိန်မှာ သူမက အခုလို တိုက်တွန်းလိုက်တာပါ။

ရွေးကောက်ပွဲမှာ ဗဟိုလက်ဝဲယိမ်း Social Democrats (SPD) ပါတီရဲ့ ကိုယ်စားလှယ် Olaf Scholz က မဲ ၂၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ပွတ်ခါသီကာ အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် Angela Merkel ၁၆ နှစ်ကြာ သူ့အာဏာသက်တမ်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ သူမရဲ့ ကွန်ဆာဗေးတစ် CDU-CSU ပါတီကတော့ မကြုံဘူးလောက်အောင် မဲရလဒ် ၂၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။

မဲရလဒ်တွေအရ SPD ပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ဖို့ ဖြစ်လာချိန်မှာ Merkel ရဲ့ CDU-CSU ပါတီ ခေါင်းဆောင်သစ်ဖြစ်သူ Armin Laschet ကလည်း သူတို့ပါတီရဲ့ အာဏာကို ဆက်လက်ထိန်းထားနိုင်ရေး နောက်ဆုံးကြိုးပမ်းချက်အဖြစ် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ကိစ္စ စကားပြောမယ်လို့ ကတိပြုလိုက်ပါတယ်။ Armin Laschet ဟာ Merkel ရဲ့နေရာအတွက် ဝန်ကြီးချုပ်လောင်းအဖြစ် အစားထိုး ယှဉ်ပြိုင်ခဲ့သူပါ။

၁၉၉၀ ပြည့်နှစ်တုန်းက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းခဲ့တဲ့ အခမ်းအနားကို ဂျာမနီအလယ်ပိုင်း Halle မြို့မှာ ကျင်းပခဲ့ပြီး ဂျာမနီအနေနဲ့ နောက်ထပ် သမိုင်းစာမျက်နှာသစ်ကို ပုံဖော်ဖို့ အခွင့်အလမ်းတကြိမ် ရထားပါတယ်လို့ ဝန်ကြီးချုပ် Angela Merkel က နိုင်ငံရေးနဲ့ ဘာသာရေး ခေါင်းဆောင်တွေရှေ့ ပြောကြားခဲ့ပါတယ်။

လာမယ့် ဂျာမနီ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ဖို့ တွက်ချက်မှုတွေ ရှုပ်ထွေးနေချိန်မှာ လက်ရှိမှာ မဲအများဆုံးရထားတဲ့ Social Democrats (SPD) ပါတီနဲ့ ကွန်ဆာဗေးတစ် CDU-CSU ပါတီတွေက Greens ပါတီနဲ့ Liberal FDP ပါတီတွေကို ဆွဲဆောင်စည်းရုံးဖို့ လိုမယ်လို့ သုံးသပ်ကြပါတယ်။

 https://burmese.voanews.com/a/germany-politics-angela-merkel/6255601.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.