2021-09-30
မြန်မာနိုင်ငံရဲ့အထွေထွေအကြပ်အတည်းကို တားဆီးနိုင်ဖို့၊ နိုင်ငံတကာ အရေးပေါ်ဆောင်ရွက်မှု လိုအပ်နေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က သတိပေးပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ၊ မြန်မာစစ်တပ်ရဲ့အာဏာသိမ်း ချုပ်ကိုင်ထားတဲ့ အခြေအနေဟာ ပိုမိုတင်းကြပ်လာနေကြောင်းလည်း ပြောပါတယ်။ အာဏာသိမ်းအပြီး ပြည်သူတစ်ထောင့်တရာကျော် အသတ်ခံခဲ့ရပြီး၊ ရှစ်ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ၊ ထိန်းသိမ်းခံထားရစဉ်အတွင်း သေဆုံးသူ အနည်းဆုံး ၁၂၀ ရှိခဲ့ကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိအောင် ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းက တွန်းအားပေးဖို့ လိုအပ်ကြောင်းလည်းပြောဆိုပါတယ်။
ဒါ့ပြင် အရှေ့တောင်အာရှနဲ့တကွ ဒေသတွင်းမှာ အကြီးစား စစ်ရေး ပဋိပက္ခတွေနဲ့ ဘက်ပေါင်းစုံ အကြပ်အတည်းတွေကို စုပေါင်း ကာကွယ်တားဆီးကြဖို့၊ စားနပ်ရိက္ခာအကြပ်အတည်း၊ ပြည်သူတွေ အလုံးအရင်းနဲ့ နေရာရွှေ့ပြောင်းကြရတာ၊ ကိုဗစ်ကူးစက်မှုကပ်ရောဂါ မြင့်မားနေချိန်မှာ ပြည်သူ့ကျန်းမာရေးစနစ် အားနည်းနေတာတွေကို တားဆီးဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။
https://www.rfa.org/burmese/news/un-coup-military-human-rights-09302021154753.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.