2021-10-05
အာဆီယံအထူးကိုယ်စားလှယ်မြန်မာနိုင်ငံကိုလာတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က ပြောသလို၊ မြန်မာစစ်တပ်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် တိုးတက်မှုဖြစ်မလာဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါ တယ်။
ဒါကြောင့် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်ပြုဖို့ ခက်လိမ့်မယ် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလဲ ပြောလိုက်ပါတယ်။ ဒီအကြောင်း အရာတွေပေါ်မူတည်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က သီးသန့်ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ကောက်နှုတ်တင်ပြထားပါတယ်။
https://www.rfa.org/burmese/interview/asean-myanmar-military-coup-10052021172123.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.