Breaking

October 12, 2021

ရာထူးကဆင္းဖို႔ ဖိအားေပးၿခိမ္းေျခာက္ခံခဲ့ရဟု သမၼတဦးဝင္းျမင့္ထြက္ဆို


ထိန္းသိမ္းခံ အမႈရင္ဆုိင္ေနရတဲ့ သမၼတဦးဝင္းျမင့္ (ဇန္နဝါရီ၊ ၁၁၊ ၂၀၂၁)
{Zawgyi/Unicode}

ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းတဲ့ေန႔က သမၼတဦးဝင္းျမင့္ကို က်န္းမာေရးအေၾကာင္းျပခ်က္နဲ႔ ရာထူးကဆင္းေပးဖို႔ စစ္အရာရွိ ၂ ေယာက္က လာေျပာခဲ့တယ္လို႔ သမၼတဦးဝင္းျမင့္က ေျပာၾကားလိုက္ပါတယ္။ ရာထူးက ဆင္းမေပးရင္ အႏၲရာယ္ရွိႏိုင္တယ္လို႔လည္း ၿခိမ္းေျခာက္ခဲ့ေၾကာင္း ဦးဝင္းျမင့္က သူ႔အမႈၾကားနာပြဲမွာ ထြက္ဆိုခဲ့တာျဖစ္ပါတယ္။ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္တို႔ ၃ ေယာက္အေပၚ အမႈတတြဲတည္း စြဲခ်က္တင္ထားတဲ့အမႈအတြက္ကို သက္ေသအေနနဲ႔ သမၼတက ကိုယ္တိုင္ ထြက္ဆိုခဲ့တာပါ။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို နန္းေလာဝ္က တင္ျပထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၇ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္ ၂ ေစာင္နဲ႔ပတ္သက္လို႔ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္တယ္ဆိုၿပီး သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို တရားစြဲေနတာျဖစ္ေပမယ့္ သူတို႔ဖမ္းဆီးခံေနရၿပီး ဘယ္သူနဲ႔မွ ေတြ႔ဆုံခြင့္မရခ်ိန္မွာ NLD ပါတီက ထုတ္ျပန္စာကို အေၾကာင္းျပ တရားစြဲတာဟာ အဓိပၸါယ္မရွိဘူးလို႔ သမၼတဦးဝင္းျမင့္က ဒီေန႔ ထြက္ဆိုခ်က္ေတြမွာ ေျပာသြားခဲ့ပါတယ္။


သမၼဦးဝင္းျမင့္၊ ႏုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တို႔ ၃ ေယာက္ကို အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေအာင္ လုပ္ေဆာင္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈတတဲြတည္း စြဲခ်က္တင္ထားတဲ့အမႈကို ဒီေန႔ ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ စစ္ေဆးခဲ့ပါတယ္။ ဒီေန႔ ၾကားနာစစ္ေဆးမႈအတြင္း သမၼတဦးဝင္းျမင့္က တရားၿပိဳင္သက္ေသအေနနဲ႔ ပထမဆံုးအႀကိမ္ ထြက္ဆိုခဲ့ပါတယ္။ စစ္တပ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ သူရာထူးကေနဆင္းဖုိ႔ စစ္တပ္အရာ႐ွိ ၂ ေယာက္က လာေရာက္ ဖိအားေပးခဲ့ၿပီးေနာက္ သူဖမ္းဆီးခံခဲ့ရတဲ့အေၾကာင္း တရား႐ံုးမွာ ေလွ်ာက္ထား ထြက္ဆိုခဲ့တယ္လို႔ NLD ရဲ႕ ေ႐ွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗီအိုေအကို ေျပာပါတယ္။

“ဦးဝင္းျမင့္က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ သူဖမ္းဆီးခံရတာ စေျပာတယ္။ အဲဒီေန႔မနက္က ဗိုလ္ခ်ဳပ္ႀကီး၊ ဒုဗိုလ္ ခ်ဳပ္ႀကီး အဆင့္ရွိသူ ၂ ေယာက္က လာၿပီးစကားေျပာတာတဲ့။ သူနဲ႔ေျပာတာ သမၼတရာထူးကေန ႏုတ္ ထြက္ေပးဖို႔၊ က်န္းမာေရးကိုအေၾကာင္းျပၿပီး ႏုတ္ထြက္ေပးဖို႔ေျပာတယ္။ အဲဒီေတာ့ သမၼတႀကီးက သူက က်န္းမာေရးေကာင္းမြန္တဲ့အတြက္ ႏုတ္ထြက္မေပးႏိုင္ေၾကာင္း ျပန္ေျပာခဲ့ပါတယ္။ အဲဒီလို ျပန္ေျပာတဲ့အခါမွာ ျပန္စဥ္းစားဖို႔နဲ႔ ပုဂၢိဳလ္ေရး ထိခိုက္မႈအႏၲရာယ္ ရွိႏိုင္တယ္လို႔ဆိုၿပီး သူ႔ကို ေျပာတယ္တဲ့။ အဲဒီအခ်ိန္ကတည္းက သူအဖမ္းခံရတယ္။ ဘယ္သူနဲ႔မွလည္းမေတြ႔ရဘူး။ ဘယ္သူနဲ႔မွ အဆက္အသြယ္လည္း မရဘူး။ အဖမ္းခံရၿပီးေနာက္ပိုင္း CEC ကထုတ္တဲ့ စာေတြက သူအဖမ္းခံၿပီးေနာက္မွ ထုတ္တာေတြ သူဘာမွမသိဘူး။ သူနဲ႔မဆိုင္ဘူး။ သိကိုမသိဘူးဆိုတာေျပာတာပါ။”

စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၇ ရက္ နဲ႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ေတြမွာ NLD ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔က ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္ ၂ ခုနဲ႔ပတ္သက္လို႔ ဒါဟာ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လုပ္တယ္ဆိုၿပီး တရားစြဲခံထားရတာျဖစ္ပါတယ္။ အဲဒီထုတ္ျပန္ခ်က္ထဲမွာ စစ္အာဏာသိမ္းမႈကို ကန္႔ကြက္ေၾကာင္း၊ စစ္အာဏာသိမ္းမႈ လက္မခံေၾကာင္းေတြကို ေရးသားေဖာ္ျပထားပါတယ္။

သူတုိ႔ဖမ္းဆီးခံေနရၿပီး ဘယ္သူနဲ႔မွ ေတြ႔ဆံုခြင့္မရခ်ိန္မွာ NLD ပါတီက ထုတ္ျပန္တဲ့စာကို အေၾကာင္းျပ တရားစြဲတာဟာ အဓိပၸါယ္မ႐ွိဘူးလို႔ သမၼတ ဦးဝင္းျမင့္က ဒီေန႔ ထြက္ဆိုခ်က္ေတြမွာ ေျပာၾကားသြားခဲ့ပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္က အဲဒါေတြနားေထာင္ၿပီးတဲ့အခါက်ေတာ့ ဒီေမးခြန္းေတြ၊ အဓိက စစ္ေမးတာေတြကို အမ်ားျပည္သူသိခြင့္ရွိလားလို႔ ေမးတယ္။ ႐ုံးအေနနဲ႔ပိတ္ထားတာမရွိဘူး။ ႐ုံးကလည္း public၊ လူေတြသာ မဝင္ရတာ Open court လုပ္ထားတာ သိခြင့္ရွိပါတယ္လို႔ ေျပာေတာ့ အဲဒါဆို ဒါကို အမ်ားျပည္သူ သိေအာင္ တခုခုေတာ့လုပ္ရဖို႔ လိုမယ္လို႔ သူေျပာတာပါ။”(ဦးခင္ေမာင္ေဇာ္၊ ေရွ႕ေန)


တရားလိုေ႐ွ႕ေနေတြဘက္က ေမးျမန္းမႈေတြမွာ CRPH၊ NUG နဲ႔ PDF တို႔အေၾကာင္း သိ႐ွိသလားဆိုတဲ့ ေမးခြန္းေတြကို ေမးခဲ့တယ္လို႔ ေ႐ွ႕ေနႀကီးဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ဒီီေန႔ ၾကားနာပဲြအတြင္း စစ္ေမးခ်က္ေတြကို ျပည္သူကိုခ်ျပေပးႏိုင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေမးျမန္းခဲ့သလို ေရွ႕ေနေတြကိုလည္း မွ်ေဝေပးဖို႔ ၫႊန္ၾကားခဲ့တယ္လို႔ ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“ေဒၚေအာင္ဆန္းစုၾကည္က အဲဒါေတြနားေထာင္ၿပီးတဲ့အခါက်ေတာ့ ဒီေမးခြန္းေတြ၊ နာက္တခါ အဓိက စစ္ေမးတာေတြကို အမ်ားျပည္သူသိခြင့္ရွိလားလို႔ ေမးတယ္။ ႐ုံးအေနနဲ႔ပိတ္ထားတာမရွိဘူး။ ႐ုံးကလည္း public၊ လူေတြသာ မဝင္ရတာ Open court လုပ္ထားတာ သိခြင့္ရွိပါတယ္လို႔ ေျပာေတာ့ အဲဒါဆို ဒါကို အမ်ားျပည္သူ သိေအာင္ တခုခုေတာ့လုပ္ရဖို႔ လိုမယ္လို႔ သူေျပာတာပါ။”

ဒီေန႔ ၾကားနာတဲ့ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ခ အမႈဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တုိ႔အေပၚ ပထမဆံုး စြဲခ်က္တင္ထားတဲ့ အမႈျဖစ္ပါတယ္။ သီတင္းကၽြတ္႐ံုးပိတ္ရက္အၿပီး လာမယ့္ တပတ္ေက်ာ္ ေအာက္တို ဘာ ၂၆ ရက္ေန႔မွသာ ျပန္လည္စစ္ေဆးတဲ့အခါက်ရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သက္ေသထြက္ဆိုမွာျဖစ္တယ္လို႔ ေ႐ွ႕ေနေတြက ေျပာပါတယ္။ ေနျပည္ေတာ္ သီးသန္႔တရား႐ံုးမွာ ဒီေန႔ အဲဒီအမႈအျပင္ ေဒၚေအာင္ဆန္းစုၾကည္တေယာက္တည္းအေပၚ ပုဒ္မ ၂၅ နဲ႔ တရားစြဲထားတဲ့ သဘာဝေဘးအႏၲရာယ္ဆုိင္ရာ စီမံခန႔္ခြဲေရးအမႈကိုလည္း စစ္ေဆးပါတယ္။ အဲဒီအမႈအတြက္ လာမယ့္႐ုံးခ်ိန္းမွာေတာ့ စြဲခ်က္ တင္သင့္မသင့္ တရားသူႀကီးက ဆုံးျဖတ္ႏိုင္တယ္လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

အပတ္စဥ္ ေန႔တိုင္းနီးပါး အမႈေတြလိုက္ပါစစ္ေဆးေနရတဲ့ ေရွ႕ေနေတြအေနနဲ႔ အမႈအတြက္ ျပင္ဆင္ႏိုင္ခ်ိန္ မလံုေလာက္ဘူးလို႔ ေျပာျပၾကပါတယ္။


=========

{Unicode}

ရာထူးကဆင်းဖို့ဖိအားပေးခြိမ်းခြောက်ခံခဲ့ရဟု သမ္မတဦးဝင်းမြင့်ထွက်ဆို

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့က သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကဆင်းပေးဖို့ စစ်အရာရှိ ၂ ယောက်က လာပြောခဲ့တယ်လို့ သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ရာထူးက ဆင်းမပေးရင် အန္တရာယ်ရှိနိုင်တယ်လို့လည်း ခြိမ်းခြောက်ခဲ့ကြောင်း ဦးဝင်းမြင့်က သူ့အမှုကြားနာပွဲမှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်အပေါ် အမှုတတွဲတည်း စွဲချက်တင်ထားတဲ့အမှုအတွက်ကို သက်သေအနေနဲ့ သမ္မတက ကိုယ်တိုင် ထွက်ဆိုခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို နန်းလောဝ်က တင်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက် ၂ စောင်နဲ့ပတ်သက်လို့ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်တယ်ဆိုပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲနေတာဖြစ်ပေမယ့် သူတို့ဖမ်းဆီးခံနေရပြီး ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရချိန်မှာ NLD ပါတီက ထုတ်ပြန်စာကို အကြောင်းပြ တရားစွဲတာဟာ အဓိပ္ပါယ်မရှိဘူးလို့ သမ္မတဦးဝင်းမြင့်က ဒီနေ့ ထွက်ဆိုချက်တွေမှာ ပြောသွားခဲ့ပါတယ်။


သမ္မဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတတွဲတည်း စွဲချက်တင်ထားတဲ့အမှုကို ဒီနေ့ နေပြည်တော် သီးသန့်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ကြားနာစစ်ဆေးမှုအတွင်း သမ္မတဦးဝင်းမြင့်က တရားပြိုင်သက်သေအနေနဲ့ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သူရာထူးကနေဆင်းဖို့ စစ်တပ်အရာရှိ ၂ ယောက်က လာရောက် ဖိအားပေးခဲ့ပြီးနောက် သူဖမ်းဆီးခံခဲ့ရတဲ့အကြောင်း တရားရုံးမှာ လျှောက်ထား ထွက်ဆိုခဲ့တယ်လို့ NLD ရဲ့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗီအိုအေကို ပြောပါတယ်။

“ဦးဝင်းမြင့်က ဖေဖော်ဝါရီ ၁ ရက်နေ့ သူဖမ်းဆီးခံရတာ စပြောတယ်။ အဲဒီနေ့မနက်က ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ် ချုပ်ကြီး အဆင့်ရှိသူ ၂ ယောက်က လာပြီးစကားပြောတာတဲ့။ သူနဲ့ပြောတာ သမ္မတရာထူးကနေ နုတ် ထွက်ပေးဖို့၊ ကျန်းမာရေးကိုအကြောင်းပြပြီး နုတ်ထွက်ပေးဖို့ပြောတယ်။ အဲဒီတော့ သမ္မတကြီးက သူက ကျန်းမာရေးကောင်းမွန်တဲ့အတွက် နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီလို ပြန်ပြောတဲ့အခါမှာ ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုအန္တရာယ် ရှိနိုင်တယ်လို့ဆိုပြီး သူ့ကို ပြောတယ်တဲ့။ အဲဒီအချိန်ကတည်းက သူအဖမ်းခံရတယ်။ ဘယ်သူနဲ့မှလည်းမတွေ့ရဘူး။ ဘယ်သူနဲ့မှ အဆက်အသွယ်လည်း မရဘူး။ အဖမ်းခံရပြီးနောက်ပိုင်း CEC ကထုတ်တဲ့ စာတွေက သူအဖမ်းခံပြီးနောက်မှ ထုတ်တာတွေ သူဘာမှမသိဘူး။ သူနဲ့မဆိုင်ဘူး။ သိကိုမသိဘူးဆိုတာပြောတာပါ။”

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက် နဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက် ၂ ခုနဲ့ပတ်သက်လို့ ဒါဟာ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်တယ်ဆိုပြီး တရားစွဲခံထားရတာဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ စစ်အာဏာသိမ်းမှု လက်မခံကြောင်းတွေကို ရေးသားဖော်ပြထားပါတယ်။

သူတို့ဖမ်းဆီးခံနေရပြီး ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မရချိန်မှာ NLD ပါတီက ထုတ်ပြန်တဲ့စာကို အကြောင်းပြ တရားစွဲတာဟာ အဓိပ္ပါယ်မရှိဘူးလို့ သမ္မတ ဦးဝင်းမြင့်က ဒီနေ့ ထွက်ဆိုချက်တွေမှာ ပြောကြားသွားခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒါတွေနားထောင်ပြီးတဲ့အခါကျတော့ ဒီမေးခွန်းတွေ၊ အဓိက စစ်မေးတာတွေကို အများပြည်သူသိခွင့်ရှိလားလို့ မေးတယ်။ ရုံးအနေနဲ့ပိတ်ထားတာမရှိဘူး။ ရုံးကလည်း public၊ လူတွေသာ မဝင်ရတာ Open court လုပ်ထားတာ သိခွင့်ရှိပါတယ်လို့ ပြောတော့ အဲဒါဆို ဒါကို အများပြည်သူ သိအောင် တခုခုတော့လုပ်ရဖို့ လိုမယ်လို့ သူပြောတာပါ။”(ဦးခင်မောင်ဇော်၊ ရှေ့နေ)


တရားလိုရှေ့နေတွေဘက်က မေးမြန်းမှုတွေမှာ CRPH၊ NUG နဲ့ PDF တို့အကြောင်း သိရှိသလားဆိုတဲ့ မေးခွန်းတွေကို မေးခဲ့တယ်လို့ ရှေ့နေကြီးဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီနေ့ ကြားနာပွဲအတွင်း စစ်မေးချက်တွေကို ပြည်သူကိုချပြပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သလို ရှေ့နေတွေကိုလည်း မျှဝေပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒါတွေနားထောင်ပြီးတဲ့အခါကျတော့ ဒီမေးခွန်းတွေ၊ နာက်တခါ အဓိက စစ်မေးတာတွေကို အများပြည်သူသိခွင့်ရှိလားလို့ မေးတယ်။ ရုံးအနေနဲ့ပိတ်ထားတာမရှိဘူး။ ရုံးကလည်း public၊ လူတွေသာ မဝင်ရတာ Open court လုပ်ထားတာ သိခွင့်ရှိပါတယ်လို့ ပြောတော့ အဲဒါဆို ဒါကို အများပြည်သူ သိအောင် တခုခုတော့လုပ်ရဖို့ လိုမယ်လို့ သူပြောတာပါ။”

ဒီနေ့ ကြားနာတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ အမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ် ပထမဆုံး စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။ သီတင်းကျွတ်ရုံးပိတ်ရက်အပြီး လာမယ့် တပတ်ကျော် အောက်တို ဘာ ၂၆ ရက်နေ့မှသာ ပြန်လည်စစ်ဆေးတဲ့အခါကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုမှာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ နေပြည်တော် သီးသန့်တရားရုံးမှာ ဒီနေ့ အဲဒီအမှုအပြင် ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းအပေါ် ပုဒ်မ ၂၅ နဲ့ တရားစွဲထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအမှုကိုလည်း စစ်ဆေးပါတယ်။ အဲဒီအမှုအတွက် လာမယ့်ရုံးချိန်းမှာတော့ စွဲချက် တင်သင့်မသင့် တရားသူကြီးက ဆုံးဖြတ်နိုင်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အပတ်စဉ် နေ့တိုင်းနီးပါး အမှုတွေလိုက်ပါစစ်ဆေးနေရတဲ့ ရှေ့နေတွေအနေနဲ့ အမှုအတွက် ပြင်ဆင်နိုင်ချိန် မလုံလောက်ဘူးလို့ ပြောပြကြပါတယ်။

https://burmese.voanews.com/a/u-win-myint-was-pressured-to-resign-military-coup-voa-burmese-/6267244.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.