Breaking

February 8, 2022

အတိုင္ပင္ခံ နဲ႔ သမၼတ ေရြးေကာက္ပဲြဆိုင္ရာအမႈ ၂ လ အတြင္း အၿပီး ၾကားနာစစ္ေဆးမည္


FILE - This handout photo taken May 24, 2021, and released by Myanmar's Ministry of Information May 26, shows detained civilian leader Aung San Suu Kyi (L) and detained president Win Myint (R) during their first court appearance in Naypyidaw.
NLD ပါတီေ႐ြးေကာက္ပြဲ အႏုိင္ရေအာင္ မေလ်ာ္ၾသဇာသံုးခဲ့တယ္လို႔ဆုိၿပီး သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တုိ႔အေပၚ တရားစြဲထားတဲ့အမႈကို ဧၿပီလ ၁၈ ရက္မေက်ာ္ခင္ အၿပီးသတ္ၾကားနာဖုိ႔ တရား႐ံုးက ႐ံုးခ်ိန္းရက္ေတြ သတ္မွတ္လိုက္ပါတယ္။ ေနျပည္ေတာ္အထူးတရား႐ံုးမွာ တနလၤာေန႔တိုင္း စစ္ေဆးသြားမယ့္ အစီအစဥ္နဲ႔ပါတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို မအင္ၾကင္းႏိုင္က ေျပာျပမွာပါ။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီအႏိုင္ရေအာင္ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူတို႔ မေလ်ာ္ၾသဇာသံုးခဲ့တယ္လို႔ဆိုၿပီး ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၃၀-က နဲ႔တရားစြဲဆိုထားတဲ့အမႈ ၾကားနာစစ္ေဆးမယ့္ အခ်ိန္ဇယားကို ေနျပည္ေတာ္ အထူးတရား႐ံုး တရားသူႀကီးက ဒီေန႔ သတ္မွတ္ေပးခဲ့ပါတယ္။ ဧၿပီလ ၁၈ ရက္မေက်ာ္ခင္အၿပီးသတ္ စစ္ေဆးဖုိ႔ ရက္သတ္မွတ္လိုက္တဲ့အတြက္

၂ လခြဲအတြင္း ၾကားနာမယ့္ ရက္ေတြ သတ္မွတ္လိုက္တယ္လို႔ တရား႐ုံးနဲ႔နီးစပ္တဲ့ေရွ႕ေနတဦးက ဗြီအိုေအကိုေျပာပါတယ္။

"႐ုံးထြက္တယ္ေလ အန္တီတို႔႐ုံးထြက္တယ္။ ဒီေန႔ကမစစ္ပါဘူး။ ဒီေန႔က CMP လုပ္တယ္ေခၚတယ္။ CMP လုပ္ တယ္ဆိုတာ ဘယ္ေန႔မွာ ဘယ္သူ႔ကိုစစ္မယ္ေပါ့ အဲဒါေတြလုပ္တာ။ မစစ္ပါဘူးဒီေန႔က သူကတပါတ္တခါ ခ်ိန္း တယ္ Monday တိုင္းေပါ့ေလ။ တရားလိုဘဲစစ္ရေတာ့မွာေပါ့။"

ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ဦးမင္းသူတုိ႔ ၃ ေယာက္ေပါင္းၿပီး တရားစြဲထားတဲ့အမႈအတြက္ တရားလိုဘက္ကတင္တဲ့ လိုျပသက္ေသ အေယာက္ ၂၀ ရွိတယ္လို႔ သိရပါတယ္။ လာမယ့္တပါတ္ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ ႐ံုးခ်ိန္းက်ရင္ တရားလို႔ ဦးေအာင္မ်ဳိးလြင္ရဲ႕ထြက္ဆိုခ်က္ေတြကို စတင္ၾကားနာမွာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ စစ္ေကာင္စီက တရားစြဲခဲ့ၿပီး ၅ မႈအတြက္ ေထာင္ဒဏ္ ၆ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ထားပါတယ္။ ေ႐ြးေကာက္ပြဲမွာ NLD ပါတီက မဲမသမာလုပ္တယ္လို႔ဆုိၿပီး တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္တခ်ဳိ႕ကိုလည္း ရာဇသတ္ႀကီးပုဒ္မ ၁၃၀-က နဲ႔ စစ္ေကာင္စီက တရားစြဲထားပါတယ္။ အဲဒီအမႈနဲ႔ တရားစြဲခံထားရတဲ့ NLD အစိုးရလက္ထက္က ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုရဲ႕ အမႈကိုလည္း ဒီေန႔ ၾကားနာစစ္ေဆးပါတယ္။ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးညီပုနဲ႔ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီးေဟာင္း ဦးမင္းေအာင္တို႔ ၂ ေယာက္ေပါင္းတရားစြဲထားတဲ့အမႈအတြက္ တရားလိုျဖစ္တဲ့ ျပည္နယ္ေ႐ြးေကာက္ပြဲအရာရွိ ဦးသူရိန္ထြဋ္ကို ဒီကေန႔မနက္ပိုင္းက စစ္ေတြအက်ဥ္းေထာင္ အထူးတရား႐ုံးမွာ စတင္စစ္ေဆးခဲ့တယ္လို႔ သူတို႔ေရွ႕ေနေတြက ဗြီအိုေအကိုေျပာပါတယ္။

"ဒီေန႔ကတရားလိုျဖစ္တဲ့ ဦးသူရိန္ထြဋ္ကိုစစ္ပါတယ္။ အမႈမွာက ေတာ့ ဝန္ႀကီးခ်ဳပ္ ဦးညီပုရယ္။ စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္ရယ္ေပါ့ေနာ္။ တမႈထဲမွာ ၂ေယာက္ပါပါ တယ္။ ဒါေပမယ့္တရား႐ုံးကအေရးယူေဆာင္႐ြက္ထားတဲ့ အပုဒ္မွာက်ေတာ့ ဝန္ႀကီးခ်ဳပ္ဦးညီပုကိုက်ေတာ့ ရာ ဇသတ္ႀကီးပုဒ္မ ၁၃၀-ကနဲ႔ေဆာင္႐ြက္ထားတယ္။ ဦးမင္ေအာင္ကိုက်ေတာ့ ၁၃၀-ကပါတယ္။ ပုဒ္မ ၁၀၉ ပါတာ ေပါ့ေနာ္။ အဓိကကေတာ့ အားေပးကူညီတယ္ေျပာတာပါ အားေပးကူညီတယ္ဆိုတဲ့ ပုဒ္မပါဘဲ။ အမႈကတမႈထဲ ဘဲပုဒ္မကမတူဘူးေပါ့။ စည္ပင္ဝန္ႀကီးေဟာင္း ဦးမင္းေအာင္မွာက်ေတာ့ ပုဒ္မ ၂ခုပါတာေပါ့။ အမႈကေတာ့ တမႈ ထဲပါဘဲ။ ရာဇသတ္ႀကီးစာအုပ္ထဲမွာေတာ့ တိတိက်က်ျပဌာန္းထားတာမရွိဘူး။ ၁၃၀-ကနဲ႔ စြဲပါဆိုေတာ့ ၁၃၀-က က ျပစ္ဒဏ္ ၃ႏွစ္ထိခ်ႏိုင္တယ္ဆိုေတာ့ အဲဒီအမႈနဲ႔ဘဲခ်မယ္ထင္တာေပါ့ က်ေနာ္တို႔ယူဆတာကေတာ့။"

ေနာက္တႀကိမ္ ေဖေဖာ္ဝါရီ ၁၄ ရက္ ႐ံုးခ်ိန္းက်ရင္လည္း တရားလိုသက္ေသေတြရဲ႕ထြက္ဆိုခ်က္ေတြကို ဆက္လက္ ၾကားနာသြားမွာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ ဦးမင္းေအာင္တို႔ ကို စစ္ေကာင္စီက အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-ခ၊ အဂတိလိုက္စားမႈတိုက္ ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၅ တို႔နဲ႔ ေထာင္ဒဏ္ ႏွစ္ရွည္ခ်မွတ္ထားတာမွာ လက္ရွိမွာ ဦးညီပုက ပုဒ္မ ၅၀၅-ခအမႈအတြက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အတြက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၉ ႏွစ္က်ခံေနရၿပီး ဦးမင္းေအာင္ကေတာ့ ပုဒ္မ ၅၀၅-ခ အတြက္ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၂ ႏွစ္၊ အဂတိမႈအတြက္ အလုပ္ၾကမ္းနဲ႔ေထာင္ဒဏ္ ၇ ႏွစ္စီ ျပစ္ဒဏ္ ခ်မွတ္ခံထားရပါတယ္။

---------------------------------------------

အတိုင်ပင်ခံ နဲ့ သမ္မတ ရွေးကောက်ပွဲဆိုင်ရာအမှု ၂ လ အတွင်း အပြီး ကြားနာစစ်ဆေးမည်

NLD ပါတီရွေးကောက်ပွဲ အနိုင်ရအောင် မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲထားတဲ့အမှုကို ဧပြီလ ၁၈ ရက်မကျော်ခင် အပြီးသတ်ကြားနာဖို့ တရားရုံးက ရုံးချိန်းရက်တွေ သတ်မှတ်လိုက်ပါတယ်။ နေပြည်တော်အထူးတရားရုံးမှာ တနင်္လာနေ့တိုင်း စစ်ဆေးသွားမယ့် အစီအစဉ်နဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မအင်ကြင်းနိုင်က ပြောပြမှာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရအောင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ မလျော်သြဇာသုံးခဲ့တယ်လို့ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့တရားစွဲဆိုထားတဲ့အမှု ကြားနာစစ်ဆေးမယ့် အချိန်ဇယားကို နေပြည်တော် အထူးတရားရုံး တရားသူကြီးက ဒီနေ့ သတ်မှတ်ပေးခဲ့ပါတယ်။ ဧပြီလ ၁၈ ရက်မကျော်ခင်အပြီးသတ် စစ်ဆေးဖို့ ရက်သတ်မှတ်လိုက်တဲ့အတွက်

၂ လခွဲအတွင်း ကြားနာမယ့် ရက်တွေ သတ်မှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။

"ရုံးထွက်တယ်လေ အန်တီတို့ရုံးထွက်တယ်။ ဒီနေ့ကမစစ်ပါဘူး။ ဒီနေ့က CMP လုပ်တယ်ခေါ်တယ်။ CMP လုပ် တယ်ဆိုတာ ဘယ်နေ့မှာ ဘယ်သူ့ကိုစစ်မယ်ပေါ့ အဲဒါတွေလုပ်တာ။ မစစ်ပါဘူးဒီနေ့က သူကတပါတ်တခါ ချိန်း တယ် Monday တိုင်းပေါ့လေ။ တရားလိုဘဲစစ်ရတော့မှာပေါ့။"

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးမင်းသူတို့ ၃ ယောက်ပေါင်းပြီး တရားစွဲထားတဲ့အမှုအတွက် တရားလိုဘက်ကတင်တဲ့ လိုပြသက်သေ အယောက် ၂၀ ရှိတယ်လို့ သိရပါတယ်။ လာမယ့်တပါတ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရုံးချိန်းကျရင် တရားလို့ ဦးအောင်မျိုးလွင်ရဲ့ထွက်ဆိုချက်တွေကို စတင်ကြားနာမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ စစ်ကောင်စီက တရားစွဲခဲ့ပြီး ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီက မဲမသမာလုပ်တယ်လို့ဆိုပြီး တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တချို့ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။ အဲဒီအမှုနဲ့ တရားစွဲခံထားရတဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ အမှုကိုလည်း ဒီနေ့ ကြားနာစစ်ဆေးပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ ၂ ယောက်ပေါင်းတရားစွဲထားတဲ့အမှုအတွက် တရားလိုဖြစ်တဲ့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်ကို ဒီကနေ့မနက်ပိုင်းက စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့တယ်လို့ သူတို့ရှေ့နေတွေက ဗွီအိုအေကိုပြောပါတယ်။

"ဒီနေ့ကတရားလိုဖြစ်တဲ့ ဦးသူရိန်ထွဋ်ကိုစစ်ပါတယ်။ အမှုမှာက တော့ ဝန်ကြီးချုပ် ဦးညီပုရယ်။ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ရယ်ပေါ့နော်။ တမှုထဲမှာ ၂ယောက်ပါပါ တယ်။ ဒါပေမယ့်တရားရုံးကအရေးယူဆောင်ရွက်ထားတဲ့ အပုဒ်မှာကျတော့ ဝန်ကြီးချုပ်ဦးညီပုကိုကျတော့ ရာ ဇသတ်ကြီးပုဒ်မ ၁၃၀-ကနဲ့ဆောင်ရွက်ထားတယ်။ ဦးမင်အောင်ကိုကျတော့ ၁၃၀-ကပါတယ်။ ပုဒ်မ ၁၀၉ ပါတာ ပေါ့နော်။ အဓိကကတော့ အားပေးကူညီတယ်ပြောတာပါ အားပေးကူညီတယ်ဆိုတဲ့ ပုဒ်မပါဘဲ။ အမှုကတမှုထဲ ဘဲပုဒ်မကမတူဘူးပေါ့။ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာကျတော့ ပုဒ်မ ၂ခုပါတာပေါ့။ အမှုကတော့ တမှု ထဲပါဘဲ။ ရာဇသတ်ကြီးစာအုပ်ထဲမှာတော့ တိတိကျကျပြဌာန်းထားတာမရှိဘူး။ ၁၃၀-ကနဲ့ စွဲပါဆိုတော့ ၁၃၀-က က ပြစ်ဒဏ် ၃နှစ်ထိချနိုင်တယ်ဆိုတော့ အဲဒီအမှုနဲ့ဘဲချမယ်ထင်တာပေါ့ ကျနော်တို့ယူဆတာကတော့။"

နောက်တကြိမ် ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းကျရင်လည်း တရားလိုသက်သေတွေရဲ့ထွက်ဆိုချက်တွေကို ဆက်လက် ကြားနာသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဦးမင်းအောင်တို့ ကို စစ်ကောင်စီက အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-ခ၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ တို့နဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ထားတာမှာ လက်ရှိမှာ ဦးညီပုက ပုဒ်မ ၅၀၅-ခအမှုအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၉ နှစ်ကျခံနေရပြီး ဦးမင်းအောင်ကတော့ ပုဒ်မ ၅၀၅-ခ အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်၊ အဂတိမှုအတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။ 

 https://burmese.voanews.com/a/6431432.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.