Breaking

February 16, 2022

ယူကရိန္းကို ႐ုရွားက်ဳးေက်ာ္မယ့္အေရး သမၼတဘိုင္ဒင္ ထပ္မံသတိေပး


APTOPIX Biden
ယူကရိန္းကို ႐ုရွားက်ဳးေက်ာ္မယ့္အေရး သမၼတဘိုင္ဒင္ ထပ္မံသတိေပး

{{Zawgyi/Unicode}}

ရုရွားအေနနဲ႔ ယူကရိန္းကုိ ဝင္ေရာက္တုိက္ဖုိ႔ ျဖစ္ႏုိင္ေျခအမ်ားႀကီးရွိေနေၾကာင္း နဲ႔ ရုရွားဟာ ေဆြးေႏြးေျဖရွင္းမႈေတြဆက္လုပ္ဖုိ႔ တိုက္တြန္းေၾကာင္း အဂၤါေန႔က သမၼတ ဘုိင္ဒင္က ေျပာပါတယ္။

“ဒုတိယကမၻာစစ္ဟာ လုိအပ္လုိ႔ တုိက္ခဲ့ရတဲ့ စစ္ပဲြျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရုရွားက ယူကရိန္းကုိ တုိက္မယ္ဆုိရင္ေတာ့ ဒီစစ္ပဲြဟာေရြးခ်ယ္စရာရွိလ်က္နဲ႔ တုိက္တဲ့စစ္ပဲြ၊ အေၾကာင္းမဲ့တုိက္တဲ့စစ္ပဲြျဖစ္လိမ့္မယ္လုိ့” သမတဂ်ိဳးဘုိင္ဒင္ က ေျပာဆုိသြားတာပါ။

ရုရွားသမၼတက အဂၤါေန႔ အေစာပုိင္းမွာ ေဆြးေႏြးမႈေတြအတြက္ အဆင္သင့္ရွိတယ္လုိ႔ ေျပာဆုိခဲ့ၿပီးေနာက္ အေမရိကန္သမၼတရဲ့ ေျပာဆုိခ်က္ထြက္ေပၚလာတာပါ။

ရုရွားက ယူကရိန္းကုိ ဝင္ေရာက္တုိက္ခဲ့မယ္ဆုိရင္ ယူကရိန္းမွာ လူေတြအမ်ားႀကီး ေသႏုိင္ပါတယ္။ ဒီလုိဘဲ ရုရွားဘက္ကလည္း မဟာဗ်ဴဟာေျမာက္ ေပးဆပ္ရမႈေတြ အမ်ားႀကီးျဖစ္မွာပဲ ၊ တကမၻာလုံးကလည္း ရုရွားကုိဝိုင္းဝန္းရႈံ႕ခ်ၾကမွာျဖစ္ၿပီး၊ အေမရိကန္ မဟာမိတ္ေတြကလည္း ျပတ္ျပတ္သားသားတုံ႔ျပန္သြားမယ္လုိ့ အေမရိကန္သမၼတ ဂ်ိဳးဘုိင္ဒင္ က ဆက္လက္ေျပာဆုိခဲ့ပါတယ္။

အဂၤါေန႔ကလည္း ရုရွားသမၼတ ဗလာဒီမာပူတင္ က ေဆြးေႏြးမႈေတြအတြက္ အသင့္ရွိတယ္လို႔ ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ ရုရွားတပ္တခ်ိဳ့ ယူကရိန္းနယ္စပ္ က ျပန္လည္ရုပ္သိမ္းခဲ့တယ္လုိ့ ရုရွားဘက္ကေျပာပါတယ္။ ဒါေပမယ့္ အေမရိကန္ကေတာ့ အတည္မျပဳႏိုင္ေသးဘူးလုိ႔ဘဲ ဆုိပါတယ္။

ယူကရိန္းအပါအဝင္ ဆုိဗီယက္ႏုိင္ငံေဟာင္းေတြကုိ NATO အဖဲြ႕ထဲကုိ မထည့္ဖုိ႕နဲ႕ ရုရွားနဲ႕နယ္နိမိတ္ခ်င္းကပ္ေနတဲ့ အေရွ႕ဥေရာပကေန အေနာက္ႏုိင္ငံတပ္ေတြျပန္လည္ထြက္ခြါဖုိ႕ ေတာင္းဆုိခ်က္ကုိ ရုရွားက ဆက္လက္ဆုပ္ကုိင္ထားသလုိ၊ အေမရိကန္နဲ႕ NATO ဘက္ကလည္း ျငင္းပယ္ထားပါတယ္။ ဒါေပမယ့္ ရုရွားသမၼတ ကေတာ့ NATO နဲ႕ ယုံၾကည္မႈ တည္ေဆာက္္တဲ့အဆင့္ ႀကိဳးစားမယ္လုိ႕ ေျပာဆုိပါတယ္။

..............................................

ယူကရိန်းကို ရုရှားကျုးကျော်မယ့်အရေး သမ္မတဘိုင်ဒင် ထပ်မံသတိပေး

{{Unicode}}

ရုရှားအနေနဲ့ ယူကရိန်းကို ဝင်ရောက်တိုက်ဖို့ ဖြစ်နိုင်ခြေအများကြီးရှိနေကြောင်း နဲ့ ရုရှားဟာ ဆွေးနွေးဖြေရှင်းမှုတွေဆက်လုပ်ဖို့ တိုက်တွန်းကြောင်း အင်္ဂါနေ့က သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

“ဒုတိယကမ္ဘာစစ်ဟာ လိုအပ်လို့ တိုက်ခဲ့ရတဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားက ယူကရိန်းကို တိုက်မယ်ဆိုရင်တော့ ဒီစစ်ပွဲဟာရွေးချယ်စရာရှိလျက်နဲ့ တိုက်တဲ့စစ်ပွဲ၊ အကြောင်းမဲ့တိုက်တဲ့စစ်ပွဲဖြစ်လိမ့်မယ်လို့” သမတဂျိုးဘိုင်ဒင် က ပြောဆိုသွားတာပါ။

ရုရှားသမ္မတက အင်္ဂါနေ့ အစောပိုင်းမှာ ဆွေးနွေးမှုတွေအတွက် အဆင်သင့်ရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတရဲ့ ပြောဆိုချက်ထွက်ပေါ်လာတာပါ။

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခဲ့မယ်ဆိုရင် ယူကရိန်းမှာ လူတွေအများကြီး သေနိုင်ပါတယ်။ ဒီလိုဘဲ ရုရှားဘက်ကလည်း မဟာဗျူဟာမြောက် ပေးဆပ်ရမှုတွေ အများကြီးဖြစ်မှာပဲ ၊ တကမ္ဘာလုံးကလည်း ရုရှားကိုဝိုင်းဝန်းရှုံ့ချကြမှာဖြစ်ပြီး၊ အမေရိကန် မဟာမိတ်တွေကလည်း ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ဆက်လက်ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ဆွေးနွေးမှုတွေအတွက် အသင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုရှားတပ်တချို့ ယူကရိန်းနယ်စပ် က ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ရုရှားဘက်ကပြောပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ အတည်မပြုနိုင်သေးဘူးလို့ဘဲ ဆိုပါတယ်။

ယူကရိန်းအပါအဝင် ဆိုဗီယက်နိုင်ငံဟောင်းတွေကို NATO အဖွဲ့ထဲကို မထည့်ဖို့နဲ့ ရုရှားနဲ့နယ်နိမိတ်ချင်းကပ်နေတဲ့ အရှေ့ဥရောပကနေ အနောက်နိုင်ငံတပ်တွေပြန်လည်ထွက်ခွါဖို့ တောင်းဆိုချက်ကို ရုရှားက ဆက်လက်ဆုပ်ကိုင်ထားသလို၊ အမေရိကန်နဲ့ NATO ဘက်ကလည်း ငြင်းပယ်ထားပါတယ်။ ဒါပေမယ့် ရုရှားသမ္မတ ကတော့ NATO နဲ့ ယုံကြည်မှု တည်ဆောက်တဲ့အဆင့် ကြိုးစားမယ်လို့ ပြောဆိုပါတယ်။

 https://burmese.voanews.com/a/joe-biden-ukraine-russia/6443257.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.