Breaking

February 27, 2022

ေဖေဖာ္ဝါရီ ေနာက္ဆုံးအပတ္ ေဒၚေအာင္ဆန္းစုၾကည္အမႈမ်ား စစ္ေဆးမႈ

 


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဒီဇင္ဘာ ၁၀၊ ၂၀၁၉)
(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ တရားစဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ေနျပည္ေတာ္က သီးသန္႔တရား႐ုံးမွာ ၾကားနာစစ္ေဆးခဲ့တဲ့ အမႈသြား အမႈလာ အေျခအေနေတြကို ကိုရန္ႏိုင္ စုစည္းတင္ျပထားပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဲြဆုိထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့တပတ္အတြင္း တရားခြင္ၾကားနာမႈေတြထဲက ထူးျခားခ်က္ေတြကေတာ့ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ UEC အေပၚမွာ မေလ်ာ္ၾသဇာသုံး ေဆာင္ရြက္ခဲ့တယ္ဆုိတဲ့ အမႈနဲ႔ပတ္သက္ၿပီး တရားလိုကို ႏွစ္ဖက္ အျပန္အလွန္ စစ္ေဆးေမးျမန္းခဲ့တာ၊ ၁ လၾကာ ရပ္နားထားတဲ့ NLD အစိုးရလက္ထက္ စီးပြားေရးအႀကံေပး Sean Turnell နဲ႔ အစိုးရဝန္ႀကီး ၃ ဦးရဲ႕ အမႈကို ျပန္စစ္ေဆးခဲ့တာနဲ႔ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္က ေရႊနဲ႔ ေဒၚလာေတြ ေပးတယ္ဆုိၿပီး အဂတိလိုက္စားမႈနဲ႔ စဲြထားတဲ့ အမႈေတြကို စဲြခ်က္တင္သင့္ မတင္သင့္ အၿပီးသတ္ ေလွ်ာက္လဲခ်က္ေတြ ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

တနလၤာေန႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးမင္းသူတုိ႔ဟာ ၂၀၂၀ ေရြးေကာက္ပဲြမွာ မေလ်ာ္ၾသဇာေတြ သုံးတယ္ဆုိၿပီး ရာဇသတ္ႀကီးပုဒ္မ ၁၃၀-က နဲ႔ စဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး တရားလိုျဖစ္သူ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ ညႊန္ၾကားေရးမွဴး ဦးေအာင္မ်ိဳးလြင္ကို ႏွစ္ဖက္ အျပန္အလွန္ ေမးခြန္းေတြ စစ္ေဆးေမးျမန္းခဲ့ၾကပါတယ္။ ဒီအမႈမွာ တရားလိုဘက္ကတင္တဲ့ တရားလိုျပသက္ေသ အေယာက္ ၂၀ ရွိၿပီးေတာ့ ဒီသက္ေသေတြ အားလုံးကို ၂ လအတြင္း အၿပီးစစ္ဖို႔လည္း တရား႐ုံးဘက္က အခ်ိန္သတ္မွတ္ထားပါတယ္။

ႏုိင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒ ခ်ိဳးေဖာက္မႈ ေဒၚေအာင္ဆန္းစုၾကည္၊ သူ႔ရဲ႕ စီးပြားေရးအႀကံေပး Sean Turnell နဲ႔ NLD အစိုးရဝန္ႀကီး ၃ ဦးကို တရားစဲြထားတဲ့ အမႈေတြကိုေတာ့ ၁ လၾကာ ရပ္နားထားၿပီးတဲ့ေနာက္ ၾကာသပေတးေန႔က ျပန္စစ္ခဲ့ပါတယ္။

အဲဒီေန႔ကေတာ့ တရားခြင္မွာ မႈခင္းတပ္ဖဲြ႔ နည္းပညာဌာနက နည္းပညာကၽြမ္းက်င္တဲ့ အရာရွိတေယာက္ လာေရာက္ထြက္ဆုိခဲ့ၿပီးေတာ့ Sean Turnell ရဲ႕ Laptop ကြန္ပ်ဴတာထဲမွာ ေတြ႔ရွိတဲ့ အခ်က္အလက္ေတြကို တရားလိုသက္ေသအျဖစ္ လာေရာက္ထြက္ၿပီး သက္ေသခံစာရြက္စာတမ္း တခ်ိဳ႕ကို တရား႐ုံးကို တင္ျပခဲ့တယ္လို႔ သိရပါတယ္။ ဒီ႐ုံးခ်ိန္းကိုေတာ့ အစာအိမ္ အေရးေပၚခဲြစိတ္ကုသမႈ ခံထားရတဲ့ ဦးစိုးဝင္း မတက္ေရာက္ႏုိင္ေပမယ့္ NLD အစိုးရရဲ႕ စီမံဘ႑ာဝန္ႀကီး ဦးေက်ာ္ဝင္းကေတာ့ က်န္းမာေရး အျပည့္အဝ မေကာင္းတဲ့ၾကားက တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

အဲဒီ႐ုံးခ်ိန္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္၊ Sean Turnell နဲ႔ ဦးဆက္ေအာင္တုိ႔ကေတာ့ ေနေကာင္းပုံေတြ႔ရတယ္လို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့ အသိုင္းအဝုိင္းက စုံစမ္းသိရွိရပါတယ္။ ေနျပည္ေတာ္က သီးသန္႔တရား႐ုံးကို ႏုိင္ငံျခားသံတမန္ေတြကို ဝင္ခြင့္မေပးတာေၾကာင့္ ၾသစေၾတးလ်သံ႐ုံးဘက္က လာေရာက္ႏုိင္ျခင္း မရွိတာလည္း ေတြ႔ရပါတယ္။

ေသာၾကာေန႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈနဲ႔ စဲြထားတဲ့ အမႈေတြကို ၾကားနာစစ္ေဆးခဲ့ၿပီး ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းဆီကေန ေဒၚလာေငြ ၆ သိန္းနဲ႔ အေခါက္ေရႊ ၇ ပိသာ လက္ခံရယူတယ္ဆုိၿပီး အဂတိလိုက္စားမႈနဲ႔ စဲြထားတဲ့ အမႈေတြကို စဲြခ်က္တင္သင့္၊ မတင္သင့္ဆုိတာကို ႏွစ္ဖက္ အၿပီးသတ္ ေလွ်ာက္လဲခ်က္ေတြ ေပးခဲ့ၾကပါတယ္။ ဒါေတြေပးတယ္လို႔ ထြက္ဆုိခဲ့ေပမယ့္ တရားလိုဘက္က သက္ေသခုိင္ခုိင္မာမာ တင္ျပႏုိင္ခဲ့ျခင္း မရွိတာကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က တင္ျပႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

စြပ္စဲြခ်က္သာရွိၿပီး အာဏာသိမ္းတဲ့ေန႔က ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးၿပီး သူမပိုင္ပစၥည္းေတြ ထိန္းသိမ္းတဲ့ စာရင္းထဲမွာလည္း အဲဒီ ေရႊနဲ႔ ေဒၚလာ စာရင္းေတြ မပါခဲ့တဲ့အခ်က္ကို တင္ျပခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီအမႈကို အၿပီးသတ္ ေလွ်ာက္လဲခ်က္ေပးၿပီး ျဖစ္တဲ့အတြက္ ေရွ႕တပတ္မွာေတာ့ စဲြခ်က္တင္၊ မတင္ ဆုိတာကို ဆုံးျဖတ္မွာျဖစ္ပါတယ္။ တရားလိုဘက္က သက္ေသခုိင္ခုိင္မာမာ ျပသႏုိင္ျခင္း မရွိခဲ့တဲ့အမႈကို စဲြခ်က္တင္မယ္ မတင္ဆုိဘူး ဆုိတာကေတာ့ တရား႐ုံးရဲ႕ အဆုံးအျဖတ္ေပၚမွာ မူတည္ေနသလို တရားစီရင္ေရး လြတ္လပ္ခြင့္၊ တရားဥပေဒစိုးမိုးမႈနဲ႔ တရားမွ်တမႈေတြ ဘယ္ေလာက္ရွိတယ္ ဆုိတာေတြကလည္း ဘယ္ေလာက္အထိ လြတ္လြတ္လပ္လပ္နဲ႔ ဥပေဒအတုိင္း တရားမွ်တမႈရွိရွိ လုပ္ႏုိင္မလဲ ဆုိတဲ့အေပၚမွာပဲ မူတည္ေနတာ ျဖစ္ပါတယ္။

ေရွ႕လာမယ့္ သီတင္းပတ္က်ရင္ေတာ့ အခုလက္ရွိ စစ္ေဆးေနတဲ့ အမႈေတြထဲက Sean Turnell ရဲ႕ အမႈကလဲြၿပီး က်န္တဲ့အမႈေတြကို ရက္ေတြေျပာင္းၿပီး စစ္သြားဖို႔ ေနျပည္ေတာ္ သီးသန္႔တရား႐ုံးက ရက္ခ်ိန္းေတြ ေပးထားပါတယ္။

-------------------------

(Unicode)

ဖေဖော်ဝါရီ နောက်ဆုံးအပတ် ဒေါ်အောင်ဆန်းစုကြည်အမှုများ စစ်ဆေးမှု

မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်က သီးသန့်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အမှုသွား အမှုလာ အခြေအနေတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တပတ်အတွင်း တရားခွင်ကြားနာမှုတွေထဲက ထူးခြားချက်တွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အပေါ်မှာ မလျော်သြဇာသုံး ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ပတ်သက်ပြီး တရားလိုကို နှစ်ဖက် အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့တာ၊ ၁ လကြာ ရပ်နားထားတဲ့ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး Sean Turnell နဲ့ အစိုးရဝန်ကြီး ၃ ဦးရဲ့ အမှုကို ပြန်စစ်ဆေးခဲ့တာနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတွေကို စွဲချက်တင်သင့် မတင်သင့် အပြီးသတ် လျှောက်လဲချက်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာတွေ သုံးတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်ကို နှစ်ဖက် အပြန်အလှန် မေးခွန်းတွေ စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။ ဒီအမှုမှာ တရားလိုဘက်ကတင်တဲ့ တရားလိုပြသက်သေ အယောက် ၂၀ ရှိပြီးတော့ ဒီသက်သေတွေ အားလုံးကို ၂ လအတွင်း အပြီးစစ်ဖို့လည်း တရားရုံးဘက်က အချိန်သတ်မှတ်ထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရဝန်ကြီး ၃ ဦးကို တရားစွဲထားတဲ့ အမှုတွေကိုတော့ ၁ လကြာ ရပ်နားထားပြီးတဲ့နောက် ကြာသပတေးနေ့က ပြန်စစ်ခဲ့ပါတယ်။

အဲဒီနေ့ကတော့ တရားခွင်မှာ မှုခင်းတပ်ဖွဲ့ နည်းပညာဌာနက နည်းပညာကျွမ်းကျင်တဲ့ အရာရှိတယောက် လာရောက်ထွက်ဆိုခဲ့ပြီးတော့ Sean Turnell ရဲ့ Laptop ကွန်ပျူတာထဲမှာ တွေ့ရှိတဲ့ အချက်အလက်တွေကို တရားလိုသက်သေအဖြစ် လာရောက်ထွက်ပြီး သက်သေခံစာရွက်စာတမ်း တချို့ကို တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီရုံးချိန်းကိုတော့ အစာအိမ် အရေးပေါ်ခွဲစိတ်ကုသမှု ခံထားရတဲ့ ဦးစိုးဝင်း မတက်ရောက်နိုင်ပေမယ့် NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကတော့ ကျန်းမာရေး အပြည့်အဝ မကောင်းတဲ့ကြားက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ Sean Turnell နဲ့ ဦးဆက်အောင်တို့ကတော့ နေကောင်းပုံတွေ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။ နေပြည်တော်က သီးသန့်တရားရုံးကို နိုင်ငံခြားသံတမန်တွေကို ဝင်ခွင့်မပေးတာကြောင့် သြစတြေးလျသံရုံးဘက်က လာရောက်နိုင်ခြင်း မရှိတာလည်း တွေ့ရပါတယ်။

သောကြာနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတွေကို ကြားနာစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်လာငွေ ၆ သိန်းနဲ့ အခေါက်ရွှေ ၇ ပိသာ လက်ခံရယူတယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့ အမှုတွေကို စွဲချက်တင်သင့်၊ မတင်သင့်ဆိုတာကို နှစ်ဖက် အပြီးသတ် လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။ ဒါတွေပေးတယ်လို့ ထွက်ဆိုခဲ့ပေမယ့် တရားလိုဘက်က သက်သေခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ခြင်း မရှိတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တင်ပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

စွပ်စွဲချက်သာရှိပြီး အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး သူမပိုင်ပစ္စည်းတွေ ထိန်းသိမ်းတဲ့ စာရင်းထဲမှာလည်း အဲဒီ ရွှေနဲ့ ဒေါ်လာ စာရင်းတွေ မပါခဲ့တဲ့အချက်ကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအမှုကို အပြီးသတ် လျှောက်လဲချက်ပေးပြီး ဖြစ်တဲ့အတွက် ရှေ့တပတ်မှာတော့ စွဲချက်တင်၊ မတင် ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ တရားလိုဘက်က သက်သေခိုင်ခိုင်မာမာ ပြသနိုင်ခြင်း မရှိခဲ့တဲ့အမှုကို စွဲချက်တင်မယ် မတင်ဆိုဘူး ဆိုတာကတော့ တရားရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်နေသလို တရားစီရင်ရေး လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုတွေ ဘယ်လောက်ရှိတယ် ဆိုတာတွေကလည်း ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်နဲ့ ဥပဒေအတိုင်း တရားမျှတမှုရှိရှိ လုပ်နိုင်မလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

ရှေ့လာမယ့် သီတင်းပတ်ကျရင်တော့ အခုလက်ရှိ စစ်ဆေးနေတဲ့ အမှုတွေထဲက Sean Turnell ရဲ့ အမှုကလွဲပြီး ကျန်တဲ့အမှုတွေကို ရက်တွေပြောင်းပြီး စစ်သွားဖို့ နေပြည်တော် သီးသန့်တရားရုံးက ရက်ချိန်းတွေ ပေးထားပါတယ်။

 https://burmese.voanews.com/a/daw-aung-san-suu-kyi-trial/6461590.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.