Breaking

February 27, 2022

ယူကရိန္း ဒုတိယအႀကီးဆုံးၿမိဳ႕ကို ႐ုရွားတပ္ေတြ ဝင္ေရာက္

 


႐ုရွားရဲ႕တုိက္ခုိက္မႈေၾကာင့္ ယူကရိန္းႏုိင္ငံ Kharkiv ၿမိဳ႕အနီးရွိ စစ္တပ္ေလဆိပ္တခု မီးခုိးလုံးေတြနဲ႔ ဖုံးလႊမ္းေနတဲ့ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၂)
(Zawgyi / Unicode)

႐ုရွားတပ္ေတြဟာ ယူကရိန္းရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ေတာ္ကို ဝင္ေရာက္သြားၾကၿပီး မဟာဗ်ဴဟာက်တဲ့ ဆိပ္ကမ္းၿမိဳ႕ေတြကို ဖိအားေပးေနပါတယ္။ ေလယာဥ္ကြင္းေတြနဲ႔ ေလာင္စာဆီသိုေလွာင္ရာ ေနရာေတြကို တိုက္ခိုက္ေနၾကပါတယ္။

တနဂၤေႏြအေစာပိုင္း အထိေတာ့ ႐ုရွားတပ္ေတြက Kharkiv ၿမိဳ႕ အျပင္မွာပဲ ရွိေနပါေသးတယ္။ Kharkiv ၿမိဳ႕ဟာ ယူကရိန္းေတာင္ပိုင္းမွာ ရွိၿပီး ႐ုရွားနယ္စပ္နဲ႔ ၁၂ မိုင္ခြဲေလာက္ပဲ ေဝးတာပါ။ လူဦးေရက တသန္းခြဲေလာက္ ရွိပါတယ္။

႐ုရွားက ယူကရိန္းနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဘယ္လာ႐ုစ္ႏိုင္ငံကို ကိုယ္စားလွယ္တဖြဲ႔ ေစလႊတ္လိုက္ၿပီး တနဂၤေႏြေန႔က ဂိုမဲၿမိဳ႕ကို ေရာက္ရွိခဲ့တယ္လို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ေျပာပါတယ္။

ယူကရိန္းႏိုင္ငံက ေနတိုးဝင္လိုတဲ့ဆႏၵကို စြန႔္လႊတ္ဖို႔ကိစၥကို ေဆြးေႏြးလိုတယ္လို႔ ယူကရိန္းသမၼတ Zelenskyy က ကမ္းလွမ္းခဲ့တာပါ။ ဒါေပမယ့္ ႐ုရွားက က်ဴးေက်ာ္ဝင္ေရာက္ရာမွာ ဘယ္လာ႐ုစ္ကို ေျခကုပ္စခန္းထား ဝင္ေရာက္ခဲ့ၿပီး အဆိုပါၿမိဳ႕က ဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ေနတာေၾကာင့္ ယူကရိန္းသမၼတက တျခားတေနရာမွာ ေဆြးေႏြးဖို႔ ေျပာပါတယ္။

တနဂၤ‌ေႏြေန႔ အေစာပိုင္းအထိ ၿမိဳ႕ေတာ္ Kyiv မွာ ႀကီးႀကီးမားမား ေပါက္ကြဲခဲ့ပါတယ္။ Vasylkiv မွာရွိတဲ့ ေလတပ္စခန္းမွာလည္း ေပါက္ကြဲခဲ့သလို အရပ္ဘက္သုံး Zhuliany ေလဆိပ္မွာလည္း ေပါက္ကြဲခဲ့တယ္လို႔ သမၼတ Volodymyr Zelenskyy ရဲ႕ ႐ုံးက ဆိုပါတယ္။ Kharkiv က ဓာတ္ေငြ႔ပိုက္လိုင္းကိုလည္း ႐ုရွားက ေဖာက္ခြဲခဲ့တယ္လို႔ သမၼတ႐ုံးက ေျပာပါတယ္။

အေနာက္ႏိုင္ငံေတြက ႐ုရွားကို ပိုမိုပိတ္ဆို႔ အေရးယူၿပီး ယူကရိန္းကို လက္နက္ပစၥည္းေတြ ပိုၿပီး ပို႔ေပးေနပါတယ္။

------------------------

(Unicode)

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ကို ရုရှားတပ်တွေ ဝင်ရောက်

ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့တော်ကို ဝင်ရောက်သွားကြပြီး မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့တွေကို ဖိအားပေးနေပါတယ်။ လေယာဉ်ကွင်းတွေနဲ့ လောင်စာဆီသိုလှောင်ရာ နေရာတွေကို တိုက်ခိုက်နေကြပါတယ်။

တနင်္ဂနွေအစောပိုင်း အထိတော့ ရုရှားတပ်တွေက Kharkiv မြို့ အပြင်မှာပဲ ရှိနေပါသေးတယ်။ Kharkiv မြို့ဟာ ယူကရိန်းတောင်ပိုင်းမှာ ရှိပြီး ရုရှားနယ်စပ်နဲ့ ၁၂ မိုင်ခွဲလောက်ပဲ ဝေးတာပါ။ လူဦးရေက တသန်းခွဲလောက် ရှိပါတယ်။

ရုရှားက ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘယ်လာရုစ်နိုင်ငံကို ကိုယ်စားလှယ်တဖွဲ့ စေလွှတ်လိုက်ပြီး တနင်္ဂနွေနေ့က ဂိုမဲမြို့ကို ရောက်ရှိခဲ့တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောပါတယ်။

ယူကရိန်းနိုင်ငံက နေတိုးဝင်လိုတဲ့ဆန္ဒကို စွန့်လွှတ်ဖို့ကိစ္စကို ဆွေးနွေးလိုတယ်လို့ ယူကရိန်းသမ္မတ Zelenskyy က ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ရုရှားက ကျူးကျော်ဝင်ရောက်ရာမှာ ဘယ်လာရုစ်ကို ခြေကုပ်စခန်းထား ဝင်ရောက်ခဲ့ပြီး အဆိုပါမြို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတာကြောင့် ယူကရိန်းသမ္မတက တခြားတနေရာမှာ ဆွေးနွေးဖို့ ပြောပါတယ်။

တနင်္ဂ‌နွေနေ့ အစောပိုင်းအထိ မြို့တော် Kyiv မှာ ကြီးကြီးမားမား ပေါက်ကွဲခဲ့ပါတယ်။ Vasylkiv မှာရှိတဲ့ လေတပ်စခန်းမှာလည်း ပေါက်ကွဲခဲ့သလို အရပ်ဘက်သုံး Zhuliany လေဆိပ်မှာလည်း ပေါက်ကွဲခဲ့တယ်လို့ သမ္မတ Volodymyr Zelenskyy ရဲ့ ရုံးက ဆိုပါတယ်။ Kharkiv က ဓာတ်ငွေ့ပိုက်လိုင်းကိုလည်း ရုရှားက ဖောက်ခွဲခဲ့တယ်လို့ သမ္မတရုံးက ပြောပါတယ်။

အနောက်နိုင်ငံတွေက ရုရှားကို ပိုမိုပိတ်ဆို့ အရေးယူပြီး ယူကရိန်းကို လက်နက်ပစ္စည်းတွေ ပိုပြီး ပို့ပေးနေပါတယ်။

 https://burmese.voanews.com/a/russian-troops-enter-ukraine-second-largest-city/6461627.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.