Breaking

February 6, 2022

မြန်မာ့ပြဿနာ ဖြေရှင်းရေး၊ Burma Act ဥပဒေမူကြမ်း၊ အမေရိကန် တင်သွင

မောင်သစ်ဆင်း (ဝါရှင်တန် ဒီစီ)

2022.02.05


မြန်မာ့ပြဿနာ ဖြေရှင်းရေး၊ Burma Act ဥပဒေမူကြမ်း၊ အမေရိကန် တင်သွင်း ရန်ကုန်မြို့ ဆူးလေးဘုရားအနီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပြီး တဲ့နောက်၊ နိုင်ငံတဝှမ်း အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ လွှမ်းခြုံလာခဲ့ပါတယ်။

ရွေးကောက်ခံအစိုးရကို ဖယ်ရှားခဲ့ပြီး ၁၁ လအတွင်း အရပ်ဘက် ပြည်သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ လူနည်းစု ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေ ဖမ်းဆီးခံ ခဲ့ကြရ၊ လူတစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ နိုင်ငံ့စီးပွားရေးလည်း တုံ့ဆိုင်းသွား ခဲ့ပြီး၊ ပြည်သူ တစ်သိန်းခုနစ်သောင်းဝန်းကျင် နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။

COVID-19 ကူးစက်မှုကလည်း ပျံ့နှံ့နေပြီး၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အောက် ဆီဂျင်ကိုလည်း စစ်တပ်က ထိန်းချုပ်ထားတာပါ။ ကချင်၊ ကရင်နဲ့ ချင်းပြည်နယ်တွေ၊ မွတ်စလင် ရိုဟင်ဂျာအသိုင်းအဝန်းတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကိုလည်း စစ်တပ်က ဖိနှိပ်ထားသလို၊ ဘာသာရေး အဆောက်အအုံတွေကိုလည်း မီးရှို့ဖျက်ဆီး၊ ဘာသာရေး ဝန်ထမ်းတွေကို ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းကလည်း လက်နက်မဲ့ သူပုန် ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ဒီအထိ စစ်ကောင်စီအပေါ်၊ နိုင်ငံတကာရဲ့ တုံ့ပြန်အရေးယူဆောင်ရွက်မှုက ရှုတ်ချကြောင်း ထုတ်ပြန်တာ၊ ဝေဖန်တာ၊ အသေးစား ပိတ်ဆို့မှုလေးတွေ ချမှတ်တာလောက်သာ ရှိခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီက သူ့ရဲ့ လုပ်ရပ်တွေကို တိုးမြှင့်လာတဲ့အခါ၊ မြန်မာမှာ ဒီမိုကရေစီ အခြေခံတဲ့ ပါတီမျိုး ပြန်လည်ဖော်ဆောင်ရေးအတွက်၊ ကမ္ဘာ့အားထုတ်မှုက အားကောင်းမောင်းသန် ပြန်ဖြစ်လာခဲ့ပါတယ်။

ပြင်သစ် အထက်လွှတ်တော်နဲ့ အီးယူ ဥရောပသမဂ္ဂတို့ကလည်း မြန်မာ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံကပါ၊ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ အစည်းဝေးပွဲတက်ရောက်ဖို့ ဖိတ်ကြားမှုကို ပြန်လည်ရုပ်သိမ်းခဲ့တာပါ။အခုတော့ ပိုမိုတိကျ အားကောင်း၊ ရေရှည်တည်တံ့ပြီး၊ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက်၊ Burma Act ဥပဒေမူကြမ်းကို၊ အမေရိကန် ကွန်ဂရက်မှာ တင်သွင်းလိုက်‌ပြီဖြစ်ပါတယ်။ အဲဒီ ဥပဒေကြမ်းမှာ ပိတ်ဆို့အရေးယူတာတွေ၊ သွင်းကုန်တားဆီးတာတွေ၊ လူသားချင်း စာနာကူညီရေး၊ အာဏာသိမ်းမှု ကိုင်တွယ်ဖြေရှင်းရေး အစရှိတဲ့ အရေးကိစ္စတွေ ပါဝင် ပါတယ်။

အရေးအကြီးဆုံးကတော့ မြန်မာစစ်တပ်အတွက် ရန်ပုံငွေ ၇၀ ရာနှုန်း ဝန်းကျင်အထိ ရရှိနေတဲ့၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဖြစ်ပါတယ်။

ရီပါဘလီကင် လွှတ်တော်အမတ်တွေကတော့ အဲဒီ Burma Act ဥပဒေကြမ်းကို ထောက် ခံဖို့ တုံ့ဆိုင်းနေကြတာပါ။

အမေရိကန် ရေနံကုမ္ပဏီ Chevron ဆိုရင် မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှာ ထဲထဲဝင်ဝင် ပါဝင်နေပြီး၊ အထူသဖြင့် ရတနာ သဘာဝဓာတ်ငွေ့လုပ်ကွက်ကို ဆောင် ရွက်လုပ်ကိုင်နေတာပါ။ ပြင်သစ် စွမ်းအင်ကုမ္ပဏီ တိုတယ် ကလည်း ရတနာလုပ်ကွက်မှာပဲ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE၊ Chevron အပါအဝင် ထိုင်းကုမ္ပဏီတစ်ခု တို့နဲ့အတူ လုပ်ကိုင်နေတာပါ။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ရတနာ လုပ်ကွက်ကရတဲ့ ဝင်ငွေဟာ၊ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၅၃၆ သန်း ရရှိခဲ့ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့လည်း အခွန်ငွေ ဒေါ်လာ သန်းနဲ့ချီ ရရှိခဲ့ရာမှာ ၂၀၁၈ ခုနှစ်က အနည်းဆုံး ဒေါ်လာ သန်း ၁၂၀ ရခဲ့ပါတယ်။ Chevron ဆိုရင် ရတနာ လုပ်ကွက်ကနေ နှစ်စဉ် အမြတ်ငွေ ဒေါ်လာ သန်း ၁၀၀ ကနေ ၁၅၀ အထိ ရရှိခဲ့တာပါ။

ဒါ့ပြင် မြန်မာ့ကျောက်စိမ်းဈေးကွက် လုပ်ငန်းကလည်း ၂၀၁၅ ခုနှစ်ကဆိုရင် ဒေါ်လာ ၃၁ ဘီလျံ ဝန်းကျင်အထိ တန်ဖိုးရှိခဲ့ပြီး ကမ္ဘာ့ပတ္တမြားဈေးကွက်မှာလည်း မြန်မာ့ပတ္တမြားက ၉၀ ရာခိုင်နှုန်း နေရာယူထားခဲ့တာပါ။ အခုတော့ မြန်မာ့ပတ္တမြားဈေးကွက်ကို စစ်တပ်က လုံးဝထိ တန်းချုပ်လိုက်ပြီလို့ သိရပါတယ်။

Burma Act ဥပဒေကြမ်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန အနေနဲ့၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးလည်း ပါဝင်ပါတယ်။

https://www.rfa.org/burmese/program_2/burma-act-bill-imported-from-the-united-states-02052022205941.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.