Breaking

February 6, 2022

ျမန္မာႏုိင္ငံဆုိင္ရာ အက္ဥပေဒ အတည္ျပဳျပ႒ာန္းေရး အိမ္ျဖဴေတာ္ေရွ႕မွာ ဆႏၵျပ


အေမရိကန္ႏုိင္ငံျခားေရး ဝန္ႀကီးဌာနေရွ႕မွာ ျမန္မာစစ္အာဏာသိမ္း ၁ ႏွစ္ျပည့္ ကန္႔ကြက္ ဆႏၵျပေနၾကတဲ့ ျမန္မာ့အေရးလႈပ္ရွားသူမ်ား။ (ေဖေဖာ္ဝါရီ ၁၊ ၂၀၂၂။ ဓာတ္ပုံ - Anti Dictatorship in Burma - DC Metro Area)
(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒ္ီစီၿမိဳ႕ေတာ္ရွိ သမၼတအိမ္ျဖဴေတာ္ေရွ႕မွာ စေနေန႔က ျမန္မာ့အေရး လႈပ္ရွားသူေတြ စုေဝးၿပီး ျမန္မာႏုိင္ငံဆုိင္ရာ အက္ဥပေဒ အတည္ျပဳႏုိင္ေရး ေတာင္းဆုိ ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပုိင္း ႏုိင္ငံေရး အက်ပ္အတည္းေတြ ႀကံဳေနရတာကုိ ေျဖရွင္းႏုိင္ဖုိ႔ အေမရိကန္က ဥပေဒကုိ အျမန္ဆုံး အတည္ျပဳႏုိင္ေအာင္ ရည္ရြယ္ ဆႏၵျပခဲ့ၾကတာလုိ႔လည္း စေနေန႔က လႈပ္ရွားမႈမွာ ဦးေဆာင္သူတဦးျဖစ္တဲ့ ကိုခ်မ္းလင္းစုက ေျပာပါတယ္။

“ဒီ Burma Act က က်ေနာ္တို႔ ျမန္မာျပည္အတြက္ အေရးႀကီးပါတယ္။ အထူးသျဖင့္ တိုင္းရင္းသားေတြအတြက္ အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအထဲမွာပါတဲ့ သန္း ၂၂ဝ က တုိင္းရင္းသားေတြ လိုအပ္တဲ့ အိုင္ဒီပီပဲျဖစ္ျဖစ္၊ CDM မွာ ပါဝင္တဲ့သူပဲျဖစ္ျဖစ္အတြက္ကုိ သြားမယ့္ဟာျဖစ္ပါတယ္။ ဆုိေတာ့ က်ေနာ္တုိ႔ တြန္းအားေပးဖို႔ က်ေနာ္တုိ႔မွာ တာဝန္ရွိတယ္။ တုိင္းရင္းသားေတြကို ကူညီဖုိ႔ ပါဝင္ဖို႔အတြက္ တကယ့္အေရးႀကီးတဲ့ တာဝန္ပါ။”

ဝါရွင္တန္ဒီစီနဲ႔ အနီးတဝုိက္က ျမန္မာ့အေရးလႈပ္ရွားသူ ဒါဇင္နဲ႔ခ်ီ ပါဝင္ခဲ့ၾကတဲ့ ဆႏၵျပပဲြမွာေတာ့ ကြန္ဂရက္လႊတ္ေတာ္ ၂ ရပ္စလုံးက Burma Bill ကို ေထာက္ခံေပးဖို႔နဲ႔ အေမရိကန္သမၼတက အတည္ျပဳေပးဖို႔ ေတာင္းဆိုၾကပါတယ္။

၂၀၂၁ ခုႏွစ္ ျမန္မာႏုိင္ငံဆုိင္ရာ အက္ဥပေဒ မူၾကမ္းမွာေတာ့ စစ္တပ္နဲ႔ စစ္ေကာင္စီသာမက ပတ္သက္ဆက္ႏႊယ္ေနတဲ့ လုပ္ငန္းေတြကိုပါ ပစ္မွတ္ထား အေရးယူဖို႔ ထည့္သြင္းထားပါတယ္။ စစ္အာဏာသိမ္းမႈနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာဝန္ရွိသူေတြကို ဒဏ္ခတ္အေရးယူဖို႔၊ ျမန္မာႏိုင္ငံက တင္ပို႔တဲ့ ေက်ာက္မ်က္ေတြ အေမရိကန္ကို တင္ပို႔ခြင့္ တားျမစ္ဖို႔၊ ျမန္မာႏိုင္ငံဆိုင္ရာ ညႇိႏႈိင္းေရးမွဴးတဦးကို အေမရိကန္အစိုးရက တာဝန္ေပးဖို႔ေတြ ပါဝင္ပါတယ္။


---------------------------

(Unicode)

မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေ အတည်ပြုပြဋ္ဌာန်းရေး အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒ်ီစီမြို့တော်ရှိ သမ္မတအိမ်ဖြူတော်ရှေ့မှာ စနေနေ့က မြန်မာ့အရေး လှုပ်ရှားသူတွေ စုဝေးပြီး မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေ အတည်ပြုနိုင်ရေး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတာကို ဖြေရှင်းနိုင်ဖို့ အမေရိကန်က ဥပဒေကို အမြန်ဆုံး အတည်ပြုနိုင်အောင် ရည်ရွယ် ဆန္ဒပြခဲ့ကြတာလို့လည်း စနေနေ့က လှုပ်ရှားမှုမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုချမ်းလင်းစုက ပြောပါတယ်။

“ဒီ Burma Act က ကျနော်တို့ မြန်မာပြည်အတွက် အရေးကြီးပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေအတွက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအထဲမှာပါတဲ့ သန်း ၂၂ဝ က တိုင်းရင်းသားတွေ လိုအပ်တဲ့ အိုင်ဒီပီပဲဖြစ်ဖြစ်၊ CDM မှာ ပါဝင်တဲ့သူပဲဖြစ်ဖြစ်အတွက်ကို သွားမယ့်ဟာဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ တွန်းအားပေးဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ တိုင်းရင်းသားတွေကို ကူညီဖို့ ပါဝင်ဖို့အတွက် တကယ့်အရေးကြီးတဲ့ တာဝန်ပါ။”

ဝါရှင်တန်ဒီစီနဲ့ အနီးတဝိုက်က မြန်မာ့အရေးလှုပ်ရှားသူ ဒါဇင်နဲ့ချီ ပါဝင်ခဲ့ကြတဲ့ ဆန္ဒပြပွဲမှာတော့ ကွန်ဂရက်လွှတ်တော် ၂ ရပ်စလုံးက Burma Bill ကို ထောက်ခံပေးဖို့နဲ့ အမေရိကန်သမ္မတက အတည်ပြုပေးဖို့ တောင်းဆိုကြပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အက်ဥပဒေ မူကြမ်းမှာတော့ စစ်တပ်နဲ့ စစ်ကောင်စီသာမက ပတ်သက်ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေကိုပါ ပစ်မှတ်ထား အရေးယူဖို့ ထည့်သွင်းထားပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံက တင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့် တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦးကို အမေရိကန်အစိုးရက တာဝန်ပေးဖို့တွေ ပါဝင်ပါတယ်။

https://burmese.voanews.com/a/myanmar-protest-us/6429518.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.