Breaking

February 7, 2022

ယူကရိန္းကို ႐ုရွား အခ်ိန္မေရြး က်ဴးေက်ာ္လာႏုိင္တယ္ - ကန္အမ်ိဳးသားလံုၿခံဳေရး အႀကံေပး Sullivan

 


အေမရိကန္သမၼတအိမ္ျဖဴေတာ္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပး Jake Sullivan. (ဇန္နဝါရီ ၁၃၊ ၂၀၂၂)
(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္ဝင္ေရာက္မႈဟာ အခ်ိန္မေရြး ျဖစ္လာႏိုင္တယ္လို႔ အခုအခါမွာ အေမရိကန္က ယံုၾကည္လာၿပီျဖစ္သလို ဒါဟာ ဒုတိယကမၻာစစ္ကစၿပီး ဥေရာပမွာ အႀကီးမားဆံုး စစ္ေရးလႈပ္ရွားမႈလည္း ျဖစ္လာႏိုင္တယ္လို႔ သမၼတအိမ္ျဖဴေတာ္ အမ်ိဳးသားလံုၿခံဳေရး အႀကံေပး Jake Sullivan က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

႐ုရွားဟာ ယူကရိန္းကို စစ္အင္အား အလံုးအရင္းနဲ႔ ဝင္ဖို႔ လုပ္ေနတယ္လို႔ ယံုၾကည္တဲ့အတြက္လည္း တုံ႔ျပန္ေရးအတြက္ ျပင္ဆင္ဖို႔ ျပင္းျပင္းထန္ထန္ ေဆာင္ရြက္ေနရတယ္လို႔ Jake Sullivan က NBC သတင္းဌာန ေမးျမန္းခန္းမွာ ေျပာခဲ့တာပါ။

Fox သတင္းဌာနကိုေတာ့ ႐ုရွားကေန ယူကရိန္းကို တိုက္ခိုက္ဖို႔ အခ်ိန္မေရြး လုပ္လာႏိုင္သလို ဒါဟာ လာမယ့္ သီတင္းပတ္ေတြအတြင္းမွာလည္း ျဖစ္လာႏိုင္ေၾကာင္းနဲ႔ ဒီလို ႐ုရွားက တိုက္ခိုက္ႏိုင္ေျခက ၇၀ ရာခုိင္ႏႈန္း ရွိေနတယ္လို႔ အေမရိကန္ ေထာက္လွမ္းေရးေတြက တြက္ခ်က္ထားေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ဒီလို ဝင္ေရာက္က်ဴးေက်ာ္မယ္ဆိုရင္ ယူကရိန္းျပည္သူေတြလည္း ေသေက်ဆံုး႐ႈံးမႈ ႀကီးမားႏုိင္သလို အေမရိကန္က ျပင္းထန္တဲ့ စီးပြားေရးဒဏ္ခတ္မႈေတြ အျမန္ခ်မွတ္မွာ ျဖစ္တဲ့အတြက္ ႐ုရွားအတြက္ အထိနာဖို႔ရွိတယ္လို႔ ေျပာပါတယ္။

႐ုရွားဘက္က ဘာပဲလုပ္လုပ္ အေမရိကန္က တုံ႔ျပန္ဖို႔ အသင့္ရွိေနတယ္ ဆိုေပမယ့္ ႐ုရွားရဲ႕ လံုၿခံဳေရးစိုးရိမ္ခ်က္နဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ NATO မဟာမိတ္ ၂၉ ႏိုင္ငံတို႔ဘက္က လုပ္ေဆာင္ဖို႔ ရွိတာေတြကို ႐ုရွားသမၼတ Vladimir Putin နဲ႔ ညႇိႏႈိင္းဖို႔ အေမရိကန္ဘက္က ဆႏၵရွိေၾကာင္းလည္း ေျပာပါတယ္။

ညႇိႏႈိင္းမယ့္အထဲမွာ ပဲ့ထိန္းတပ္ ဒံုးက်ည္စနစ္ေတြ ေနရာခ်ထားေရး၊ စစ္ေရးေလ့က်င့္မႈဆိုင္ရာ ပြင့္ပြင္းလင္းလင္း ထုတ္ေဖာ္ေျပာဆိုေရး၊ စစ္ရွိန္ျမႇင့္တာေတြ မွားယြင္းတြက္ခ်က္တာေတြ ျဖစ္လာေစမယ့္ မေတာ္တဆမႈေတြ ေရွာင္ၾကဥ္ႏိုင္ဖို႔နဲ႔ ယံုၾကည္မႈ တည္ေဆာက္ေရးအတြက္ လုပ္ေဆာင္မႈေတြပါ ပါဝင္ေၾကာင္းလည္း မစၥတာ Sullivan က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ယူကရိန္းကို NATO အဖြဲ႔ဝင္အျဖစ္ လက္မခံဖို႔ ႐ုရွားသမၼတရဲ႕ ေတာင္းဆိုမႈကိုေတာ့ လက္မခံ ပယ္ခ်ခဲ့ပါတယ္။


---------------------

(Unicode)

ယူကရိန်းကို ရုရှား အချိန်မရွေး ကျူးကျော်လာနိုင်တယ် - ကန်အမျိုးသားလုံခြုံရေး အကြံပေး Sullivan

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုဟာ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ အခုအခါမှာ အမေရိကန်က ယုံကြည်လာပြီဖြစ်သလို ဒါဟာ ဒုတိယကမ္ဘာစစ်ကစပြီး ဥရောပမှာ အကြီးမားဆုံး စစ်ရေးလှုပ်ရှားမှုလည်း ဖြစ်လာနိုင်တယ်လို့ သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရုရှားဟာ ယူကရိန်းကို စစ်အင်အား အလုံးအရင်းနဲ့ ဝင်ဖို့ လုပ်နေတယ်လို့ ယုံကြည်တဲ့အတွက်လည်း တုံ့ပြန်ရေးအတွက် ပြင်ဆင်ဖို့ ပြင်းပြင်းထန်ထန် ဆောင်ရွက်နေရတယ်လို့ Jake Sullivan က NBC သတင်းဌာန မေးမြန်းခန်းမှာ ပြောခဲ့တာပါ။

Fox သတင်းဌာနကိုတော့ ရုရှားကနေ ယူကရိန်းကို တိုက်ခိုက်ဖို့ အချိန်မရွေး လုပ်လာနိုင်သလို ဒါဟာ လာမယ့် သီတင်းပတ်တွေအတွင်းမှာလည်း ဖြစ်လာနိုင်ကြောင်းနဲ့ ဒီလို ရုရှားက တိုက်ခိုက်နိုင်ခြေက ၇၀ ရာခိုင်နှုန်း ရှိနေတယ်လို့ အမေရိကန် ထောက်လှမ်းရေးတွေက တွက်ချက်ထားကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီလို ဝင်ရောက်ကျူးကျော်မယ်ဆိုရင် ယူကရိန်းပြည်သူတွေလည်း သေကျေဆုံးရှုံးမှု ကြီးမားနိုင်သလို အမေရိကန်က ပြင်းထန်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ အမြန်ချမှတ်မှာ ဖြစ်တဲ့အတွက် ရုရှားအတွက် အထိနာဖို့ရှိတယ်လို့ ပြောပါတယ်။

ရုရှားဘက်က ဘာပဲလုပ်လုပ် အမေရိကန်က တုံ့ပြန်ဖို့ အသင့်ရှိနေတယ် ဆိုပေမယ့် ရုရှားရဲ့ လုံခြုံရေးစိုးရိမ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ NATO မဟာမိတ် ၂၉ နိုင်ငံတို့ဘက်က လုပ်ဆောင်ဖို့ ရှိတာတွေကို ရုရှားသမ္မတ Vladimir Putin နဲ့ ညှိနှိုင်းဖို့ အမေရိကန်ဘက်က ဆန္ဒရှိကြောင်းလည်း ပြောပါတယ်။

ညှိနှိုင်းမယ့်အထဲမှာ ပဲ့ထိန်းတပ် ဒုံးကျည်စနစ်တွေ နေရာချထားရေး၊ စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပွင့်ပွင်းလင်းလင်း ထုတ်ဖော်ပြောဆိုရေး၊ စစ်ရှိန်မြှင့်တာတွေ မှားယွင်းတွက်ချက်တာတွေ ဖြစ်လာစေမယ့် မတော်တဆမှုတွေ ရှောင်ကြဉ်နိုင်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက် လုပ်ဆောင်မှုတွေပါ ပါဝင်ကြောင်းလည်း မစ္စတာ Sullivan က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ် လက်မခံဖို့ ရုရှားသမ္မတရဲ့ တောင်းဆိုမှုကိုတော့ လက်မခံ ပယ်ချခဲ့ပါတယ်။

 https://burmese.voanews.com/a/us-russia-ukraine/6430024.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.