Breaking

February 18, 2023

ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ အင်ဒိုနီးရှားဝန်ကြီး မာဆူဒီတို့ မြန်မာ့အရေး ဆွေးနွေး

 


ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ မနေ့က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဌတာဝန်နဲ့ အမေရိကန်-အာဆီယံ ဆွေးနွေးမှုဆက်ဆံရေးမှာ ညှိနှိုင်း ဆောင်ရွက်တဲ့ အခန်းကဏ္ဍကို အန်တိုနီဘလင်ကန်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ အဖြေရှာမှုနဲ့ တီမောလက်စ်တေးနိုင်ငံရဲ့ အာဆီ ယံအဖွဲ့ဝင်လျှောက်ထားမှု နောက်တစ်ဆင့် အပါအဝင် အင်ဒိုနီးရှားနိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အတွင်း ဉီးစားပေးလုပ်ငန်း တွေကို ဝန်ကြီးနှစ်ဉီးက ဆွေးနွေးခဲ့ပါတယ်။
လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်လာရေးမှာ အာဆီယံအဖွဲ့ရဲ့အခန်းကဏ္ဍနဲ့ သာယာဝ ပြောရေးဆိုင်ရာ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးမူဘောင်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ပါဝင်မှုကိုလည်း ဘလင်ကန်နဲ့ မာ ဆူဒီက ဆွေးနွေးခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေရဲ့ ပညာရေးဆိုင်ရာကိစ္စရပ်မှာ အင်ဒိုနီးရှား နိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်လို့လည်း ဘလင်ကန်က ထပ်လောင်းအတည်ပြုခဲ့တယ်လို့ နက်ပရိုက်စ်က ဆို ပါတယ်။
သာယာဝပြောရေးနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေအောင်မြင်စေမယ့် နည်းလမ်းတစ်ခုအဖြစ် အာ ဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးနှစ်ဉီးက အလေးထားဆွေးနွေးခဲ့ပါတယ်။
ကိုးကား - VOA
Ref; Secretary Blinken’s Call with Indonesian Foreign Minister Marsudi

No comments:

Post a Comment

Note: Only a member of this blog may post a comment.