Breaking

February 19, 2023

၁၀ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တဲ့ ဘက်ထရီ

 

လျှပ်စစ် လေယာဉ်တွေနဲ့ လျှပ်စစ် ကားတွေအတွက် စွမ်းရည်မြင့် ဘက်ထရီတွေ ဖန်တီးနေတဲ့ Ionblox က ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၃၂ သန်း ရရှိတယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား အခြေစိုက် Ionblox ဟာ စွမ်းရည်မြင့် လစ်သီယမ် အိုင်းယွန်း ဘက်ထရီတွေကို တီထွင်နေပါတယ်။
Ionblox က သူ့ ဘက်ထရီဟာ စွမ်းအင် ၅၀ ရာခိုင်နှုန်း ပိုမို သိုလှောင်နိုင်ပြီး စွမ်းရည် ၅ ဆ ပိုကောင်းတယ်လို့ ပြောပါတယ်။ ၁၀ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။
Ionblox ရဲ့ ဘက်ထရီတွေကို eVTOL လို့ ခေါ်တဲ့ မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ လျှပ်စစ် လေယာဉ်နဲ့ လျှပ်စစ်ကားတွေမှာ အသုံးပြုနိုင်ပြီး ကုမ္ပဏီဟာ General Motors, Ford, Chrysler တို့လို နာမည်ကြီး ကားကုမ္ပဏီနဲ့ ပူးပေါင်း အလုပ်လုပ်နေပါတယ်။
ဘက်ထရီရဲ့ စွမ်းရည်ကို US Department of Energy’s Idaho National Laboratory မှာ စစ်ဆေးပြီး ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Semiconductor ပစ္စည်းထုတ်လုပ်တဲ့ Applied Materials နဲ့လည်း ပူးပေါင်း အလုပ်လုပ်နေပါတယ်။
အနာဂတ်မှာတော့ ခဏပဲ အားသွင်းပြီး တစ်ရက်လုံး မောင်းနိုင်တဲ့ လျှပ်စစ်ကားတွေ ထွက်ပေါ်လာတော့မှာပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.