ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်
အမေရိကန်အစိုးရက တောင်းခံတဲ့ အသုံးစရိတ်ထဲမှာ ယူကရိန်းသို့ စစ်ရေးအကူအညီပေးဖို့ ဒေါ်လာ ၂၄ ဘီလီယံ၊ ဖက်ဒရယ်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီအတွက် ၁၂ ဘီလီယံ၊ နယ်စပ်လုံခြုံရေးဖြေရှင်းဖို့ ၄ ဘီလီယံနဲ့ တောမီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို ချီးမြှင့်ဖို့ သန်း ၆၀ ပါဝင်ပါတယ်။
စစ်ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုအကူအညီပါဝင်တဲ့ ယူကရိန်းနိုင်ငံအတွက် အကူအညီပေးအပ်မှူ လေးကြိမ်ကို ကွန်ဂရက်က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင် ငံက ယူကရိန်းသို့ ဒေါ်လာ ၁၁၀ ဘီလီယံကျော် ပံ့ပိုးကူညီခဲ့ပြီးဖြစ်ပါတယ်။
ယူကရိန်းသို့ ပံ့ပိုးကူညီတဲ့ လုံခြုံရေးအကူအညီတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီနဲ့ နျူကလီးယားကော်မရှင်လို အမေရိကန်ဌာနအသီးသီးကနေ သွား တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ၂၀၂၂ ခုနှစ် မတ်လမှာ ယူကရိန်းသို့ပေးအပ်တဲ့ ပထမအကြိမ် စစ်ရေးအကူအညီ ဒေါ် လာ ၁၃ ဒသမ ၆ ဘီလီယံ၊ ၂၀၂၂ ခုနှစ် မေလမှာ ဒုတိယအကြိမ် ဒေါ်လာ ၄၀ ဘီလီယံ၊ စက်တင်ဘာလမှ တတိ ယအကြိမ် အကူအညီအတွက် ဒေါ်လာ ၁၂ ဘီလီယံနဲ့ ဒီဇင်ဘာလမှာ စတုတ္ထအကြိမ် ထပ်တိုးအကူအညီအတွက် ဒေါ်လာ ၄၅ ဘီလီယံကို အတည်ပြုခဲ့ပါတယ်။
အိမ်ဖြူတော်က ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအညီ ဒေါ်လာ ၆ ဘီလီယံပေးအပ်ဖို့ လုပ်ဆောင်မယ် လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာဆင်းက ပြောပါတယ်။
“စစ်မြေပြင်မှာ ယူကရိန်းလိုအပ်သမျှကို အမေရိကန်နိုင်ငံက ဆက်လက် ထောက်ပံ့မှာဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆာဘရီနာဆင်းက ပြောပါတယ်။
ကိုးကား - Indiana Capital Chronicle
Ref; Biden asks Congress for $40B for Ukraine aid, U.S. disaster response, border security
No comments:
Post a Comment
Note: Only a member of this blog may post a comment.