Breaking

May 19, 2024

ကမ္ဘောဒီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ တရုတ်စစ်သင်္ဘော ၂ စင်းရောက်ရှိ

၁၉ မေ၊ ၂၀၂၄


ကမ္ဘောဒီယား-တရုတ် ကြည်း-ရေ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ တရုတ်စစ်သားများ
ကမ္ဘောဒီယား-တရုတ် ကြည်း-ရေ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ တရုတ်စစ်သားများ

ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ဒီကနေ့ပဲ ကမ္ဘောဒီးယားဆိပ်ကမ်းကို ရောက်လာပါတယ်။ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ဟာ ၂ နိုင်ငံကြား ရင်းနှီးမှုကို ပြသတာဖြစ်ကြောင်းလည်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောလိုက်ပါတယ်။

၁၅ ရက်ကြာ ကြည်း-ရေ ပူးတွဲ စစ်ရေး လေ့ကျင့်မှုအတွက် တရုတ်နိုင်ငံက Qijiguang လေ့ကျင့်ရေး စစ်သင်္ဘောနဲ့ ကမ်းတက်ယာဉ် Jinggangshan တို့ Sihanoukville ဆိပ်ကမ်းကို ဆိုက်ကပ်လာကြတာပါ။ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်မှာ တရုတ်တပ်ဖွဲ့ဝင် ၇၆၀၊ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၃၀၀ လောက်နဲ့ ရေယာဉ် ၁၁ စင်း ပါဝင်မှာ ဖြစ်ပါတယ်။

တရုတ်စစ်သင်္ဘာ Qijiguang မှာ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သယ်ဆောင်လာတယ်လို့ အဓိပ္ပါယ်ရတဲ့ နဖူးစည်း စာတမ်းကိုလည်း ချိတ်ဆွဲထားတာပါ။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian ကတော့ ၂ နိုင်ငံ ချစ်ကြည်ရေး သံမဏိလို ခိုင်မာကြောင်းနဲ့ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ၂ နိုင်ငံအတွက် သာမက ဒေသတွင်း လုံခြုံရေးအတွက်ပါ အကျိုးရှိတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံကို အမာခံ ထောက်ခံမှုပေးနေတဲ့ ကမ္ဘောဒီယားဟာ ဒေါ်လာသန်းထောင်ချီတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလည်း ရရှိနေတာပါ။ ဒါပေမဲ့လည်း ကမ္ဘောဒီးယား ရေတပ်စခန်းကို အသုံးချပြီး တရုတ်နိုင်ငံက ဒေသတွင်းမှာ သြဇာလွှမ်းမိုးလာမှာကို အမေရိကန်ကတော့ စိုးရိမ်နေပါတယ်။

https://burmese.voanews.com/a/two-chinese-warships-in-cambodia-for-military-drills/7618123.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.