Breaking

May 12, 2024

မြန်မာဒုက္ခသည်တွေ ပြန်မပို့ဖို့ အိန္ဒိယကို ICJ တောင်းဆို

၁၂ မေ၊ ၂၀၂၄


အိန္ဒိယ မဏိပူဒေသ အတွင်း ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် International Commission of Jurists နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က သောကြာနေ့တုန်း အိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်။

အိန္ဒိယ မဏိပူဒေသအတွင်း ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်ပို့မယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် International Commission of Jurists နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က သောကြာနေ့တုန်း အိန္ဒိယအစိုးရကိုတောင်းဆိုလိုက်ပါတယ်။

အခုလိုမြန်မာဒုက္ခသည်တွေကို ပြန်ပို့မယ့်အစီစဉ်ဟာ “non-refoulement” အန္တရယ်ဖြစ်နိုင်တဲ့နေရာတွေကို ဒုက္ခသည်တွေကိုအတင်းအကြပ်ပြန်မပို့ရေး ဆိုတဲ့နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်ရာရောက်တယ်လို့ICJ လူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံသား ဒုက္ခသည် ၅ ထောင့် ၁ ရာကျော် ကိုပြန်ပို့ဖို့ စီစဉ်နေတယ်လို့ မဏိပူဒေသတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ် တပ်ကအာဏာသိမ်းပြီးနောက် အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့်၊ အထူးသဖြင့် ချင်းပြည်နယ်နဲ့ စကိုင်းတိုင်းအတွင်းကအရပ်သားတွေဟာ အိန္ဒိယနယ်အရှေ့မြေက်ဒေသအတွင်းဝင် ရောက်ခိုလှုံခဲ့ကြပါတယ်။

အခုလိုဒုက္ခသည်တွေကိုအတင်းအကြပ်ပြန်ပို့ခဲ့ရင် မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ အတိုက်အခံအင်အားစုတွေအကြားတိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒီဒုက္ခသည်တွေဟာ ဆိုးဝါးတဲ့အန္တရယ်တွေနဲ့ကြ နိုင်တယ်လို့လည်း ICJ ကပြောဆိုထားပါတယ်။

စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးအတင်းအကြပ်စစ်သားစုဆောင်းတာ၊ တရားမဝင်သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်မှုအပါအဝင်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ စသည်ဖြင့်ရပ်သားတွေအပေါ် စီစဉ်ခွဲခြားခြင်းမရှိဘဲ အကြမ်းဖက်တိုက်ခိုက်တဲ့သတင်းတွေလည်းထွက်ပေါ်နေတဲ့အတွက် ဒီလိုအန္တရယ်တွေနဲ့ကြုံ နိုင်တယ်လို့ ICJ ကပြောဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မေလဆန်းက ၇၇ ယောက်ကို မြန်မာပြည်ပြန်ပို့ခဲ့ပြီး၊ မဏိပူဒေသတွင်းခိုလှုံနေတဲ့ ဒုက္ခသည်တွေကိုတရားမဝင် ဝင်ရောက်သူတွေအဖြစ်သတ်မှတ်တာနဲ့ ကွန်ပြူတာစနစ်နဲ့ ကိုယ်အင်္ဂါအချက်အလက်အထောက်အထားတွေကိုရယူတဲ့ကိစ္စအပေါ်မှာလည်းစိုးရိမ်မိ ကြောင်း ICJ ကပြောဆိုထားပါတယ်။ 

https://burmese.voanews.com/a/india-myanmar-refugees-international-commission-of-jurists/7607741.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.