Breaking

December 22, 2025

ဒူဘိုင်း၏ ၉၃ ကီလိုမီတာရှိ Air-Con တပ် လမ်းလျှောက်ဥမင်


 ဒူဘိုင်းကတော့ ရှယ်ကြမ်းပြီ.. ၉၃ ကီလိုမီတာအရှည်ရှိတဲ့ Air-Con တပ် လမ်းလျှောက်ဥမင်လိုဏ်ခေါင်းကြီး ဖောက်လုပ်တော့မယ်။

ဒူဘိုင်းကတော့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်မယ့် စီမံကိန်းတစ်ခုကို ထပ်ပြီး မိတ်ဆက်လိုက်ပါပြီ။ ဒါကတော့ "The Loop" လို့ခေါ်တဲ့ (၅၈ မိုင်ဝန်းကျင်) ရှည်လျားတဲ့ လမ်းလျှောက်နဲ့ စက်ဘီးစီး လမ်းကြောင်းကြီးပါ။
ဒူဘိုင်းလို နိုင်ငံက အပြင်ထွက်ရင် အပူချိန် အရမ်းပြင်းတာမို့ လမ်းလျှောက်ဖို့၊ စက်ဘီးစီးဖို့ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စလေ။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်လမ်းလုံးကို Air-Con အပြည့်တပ်ဆင်ထားမယ့် ဖန်လုံဥမင်လိုဏ်ခေါင်းကြီး ဖောက်လုပ်ဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ရာသီဥတု ဘယ်လောက်ပူပူ ဒီထဲမှာ အေးအေးဆေးဆေး လေ့ကျင့်ခန်းလုပ်လို့ရတော့မှာပေါ့။
ဒီလမ်းကြီးက မြို့ထဲက အဓိကနေရာတွေ၊ လူနေရပ်ကွက်တွေနဲ့ စီးပွားရေးဇုန်တွေကို ဆက်သွယ်ပေးမှာဖြစ်ပြီး ကားမောင်းစရာမလိုဘဲ သွားလာနိုင်အောင် ရည်ရွယ်ထားတာပါ။ သူတို့ရဲ့ ရည်မှန်းချက်က "20-minute city" ဖြစ်လာဖို့ပါပဲ။ ဆိုလိုတာက ကိုယ်သွားချင်တဲ့ နေရာ၊ လိုအပ်တဲ့ ဝန်ဆောင်မှုမှန်သမျှကို လမ်းလျှောက် (သို့) စက်ဘီးစီးပြီး မိနစ် ၂၀ အတွင်း ရောက်နိုင်ရမယ်ဆိုတဲ့ Vision ပါ။
ဒီစီမံကိန်းရဲ့ အမိုက်ဆုံးအချက်ကတော့ ရေရှည်တည်တံ့တဲ့ စွမ်းအင်ကို သုံးထားတာပါ။ လူတွေလမ်းလျှောက်တဲ့ ခြေလှမ်းတွေရဲ့ တုန်ခါမှုကနေ လျှပ်စစ်စွမ်းအင်ပြန်ထုတ်ပေးမယ့် Kinetic Pavements နည်းပညာကို သုံးသွားမယ်လို့ သိရပါတယ်။ ဆိုလိုတာက ကိုယ်လမ်းလျှောက်လိုက်လို့ ထွက်လာတဲ့ စွမ်းအင်နဲ့ လမ်းမီးပြန်ထွန်းမယ့်သဘောပေါ့။
ဥမင်လိုဏ်ခေါင်းအတွင်းမှာ ဒေါင်လိုက်စိုက်ပျိုးရေး (Vertical Farms) တွေကိုပါ ထည့်သွင်းတည်ဆောက်သွားမှာဖြစ်လို့ မြို့ပြအစားအစာ လုံခြုံမှုအတွက်ပါ တစ်ဖက်တစ်လမ်းက အထောက်အကူပြုမယ့်အပြင် မျက်စိပသာဒလည်း ဖြစ်စေမှာပါ။
ဒူဘိုင်းမှာက အပြင်ရာသီဥတု အရမ်းပူတော့ လူတွေက ကားပဲစီးကြတယ်၊ အဲကွန်းခန်းထဲမှာပဲ ထိုင်ကြတော့ လှုပ်ရှားမှုနည်းပြီး အဝလွန်တဲ့ ပြဿနာတွေ များလာပါတယ်။ ဒါကြောင့် ဒီစီမံကိန်းဟာ လမ်းဖောက်ရုံသက်သက်မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေးအတွက်ပါ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.