Breaking

December 4, 2019

အာရကာနစ္စတန်(Arakanistan) သမိုင်းရှင်းလင်းချက်

 


ကိုရဲရင့်သစ္စာနဲ့ ကျွန်တော်တို့ရဲ့ သမိုင်းဆွေးနွေးမှုမှာ ကျွန်တော့်ကို တိုက်ရိုက်ရည်ရွယ်ပြီး ပြန်ကြားချက်ရေးထားတာ မဟုတ်ပေမယ့် ကျွန်တော်တို့ဆွေးနွေးမှုနဲ့ အကျုံးဝင်မယ်ယူဆလို့ ဒီစာစုကို ပြန်ကြားချက်ရေးလိုက်ပါတယ်။

ကိုရဲရင့်သစ္စာရဲ့စာအဖွင့်မှာ မိတ်ဆွေတစ်ယောက်ရဲ့ တိုက်တွန်းမှုကနေ အချက်အလက်တွေလိုက်ရှာရင်း ဒီစာကိုရေးဖြစ်တဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ ကိုရဲရင့်သစ္စာက သူ့ရဲ့တင်ပြမှုအပေါ် တခြားအရောင်တွေ မစွန်းပါစေနဲ့လို့ဆိုထားပေမယ့် စာတစ်ပုဒ်လုံးကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ ဘင်္ဂလီတွေအပြစ်ကင်းစင်ကြောင်း ဖော်ပြနိုင်ဖို့ ရခိုင်တွေကို ခွဲထွက်ရေးဝါဒီတွေအဖြစ် အချက်အလက်၊ အကိုးအကားများစွာနဲ့ ပုံဖော်ထားတာတွေ့ရပါတယ်။ ဒီဗျူဟာဟာ ပြည်ထောင်စုကြီး ပြိုကွဲမှာကို အရမ်းစိုးရိမ်နေတဲ့ တခြားတိုင်းရင်းသားတွေနဲ့ ရခိုင်တွေကြားမှာ သွေးခွဲဖို့အတွက် ဘင်္ဂလီလော်ဘီတွေ သုံးစွဲနေကျ အရမ်းလှပတဲ့ဗျူဟာတစ်ခုပါ။ အဲဒါကြောင့် ကိုရဲရင့်သစ္စာရေးထားတဲ့စာဟာ စာဖတ်သူတွေ တကူးတကအရောင်ဆိုးစရာမလိုလောက်အောင် ဘယ်လိုအရောင်တွေစွန်းထင်းနေသလဲ ဆိုတာကို အောက်မှာ ကျွန်တော်တင်ပြမယ့် အချက်အလက်တွေကို ဖတ်ကြည့်ရင် သိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကျွန်တော့်အနေနဲ့ ကိုရဲရင့်သစ္စာရေးသားခဲ့တာတွေထဲက အကြောင်းအရာတချို့ကို ကောက်နုတ်တင်ပြရင်း ဆွေးနွေးချင်ပါတယ်။ ကိုရဲရင့်သစ္စာက -

၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် ကို ဖတ်မိပါတယ်။ အဲဒီစာအုပ် ကို ၁၉၉၁ 
ခုနှစ် က တက္ကသိုလ်များပုံနှိပ်တိုက် ၊ ရန်ကုန် မှာ ရိုက်နှိပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ စာပေ 
ခွင့်ပြုချက်အမှတ် (၃၆၉၉) နဲ့ တက္ကသိုလ်များ ပုံနှိပ်တိုက် မန်နေဂျာ ဦးစိုးမြင့် က ထုတ်ဝေခဲ့ 
တာပါ။ ပြုစုသူတွေက တော့ဦးကျော်ဝင်း၊ ဦးမြဟန် နဲ့ ဦးသိန်းလှိုင် တို့ ဖြစ်ကြပြီး၊ မြန်မာ့သမိုင်း 
ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေး အဖွဲ့ က စိစစ်ထားတာဖြစ်ပါတယ်။ အဲဒီစာအုပ် "အခန်း ၁၂ ၊ 
ရခိုင် မွန် နှင့် ချင်းပြည်နယ် တောင်းဆိုခြင်း" အခန်းမှာ၊ ရခိုင်ကိုယ်စားလှယ်တွေဟာ ၁၉၃၀ 
လန်ဒန်မျက်နှာစုံညီ အစည်းအဝေး ကို သွားတက်ကတည်းက ရခိုင်ပြည်နယ် ကို သီးခြား လွတ် 
လပ်ရေးပေးဖို့ တောင်းဆိုရန် အစီအစဉ်ရှိခဲ့ပေမဲ့၊ မြန်မာခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးချစ်လှိုင် 
နဲ့ ဦးဘဘေ တို့ ကတောင်းပန်တဲ့ အတွက် မတောင်းဆိုဖြစ်ခဲ့ လို့ရေးထားပါတယ်။ ၁၉၃၀ 
လန်ဒန် အစည်းအဝေးကို တက်ခဲ့တဲ့ ရခိုင်ကိုယ်စားလှယ်တွေဟာ ဦးထွန်းအောင်ကျော် နဲ့ 
မစ္စမေအောင် (ဒေါ်မြစိန်) တို့ ဖြစ်ကြပါတယ်။ 

၁၉၃၇ ခုနှစ် ၉၁ ဌာန အုပ်ချုပ်ရေး ပေါ်ပေါက်လာချိန်မှာ ဥပဒေပြုလွှတ်တော်ရခိုင်အမတ်ဖြစ် 
တဲ့ အမျိုးသားကျောင်းဆရာကြီး ဦးထွန်းအောင် က ရခိုင်ကိုပြည်နယ် တစ်နယ်အဖြစ် အော်တို 
နော်မီ (Autonomy) ပေးသင့်ကြောင်း ရခိုင်တိုင်းမှာ လှုံ့ဆော်ခဲ့တယ်လို့ အထောက်အထား 
ပေးပြီးရေးထားပါတယ်။ 

အထက်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ မေးခွန်းတစ်ခုထုတ်ချင်ပါတယ်။ လွတ်လပ်ရေးမတိုင်မှီကာလတုန်းက ပြည်ထောင်စုကြီးမပေါ်ပေါက်ခင်မှာ လူမျိုးစုအလိုက် နယ်ချဲ့အစိုးရကိုဆန့်ကျင်တဲ့ နိုင်ငံရေး၊တော်လှန်ရေး လုပ်ခဲ့ကြစဉ်တုန်းက အားလုံးဟာ ခုခေတ်လိုမျိုး တခြားလူမျိုးစုတွေနဲ့ ပူးပေါင်းအတူနေထိုင်မယ့် ပြည်ထောင်စုတစ်ခုပေါ်ပေါက်လာဖို့ ရည်မှန်းချက်နဲ့ လုပ်ခဲ့ကြတာလား။ လုပ်ခဲ့တယ်လို့ ပြောလာရင်တော့ အပြည့်အ၀မှန်ကန်တဲ့ အဖြေဖြစ်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့နေရာမှာ အဲဒီလိုရည်မှန်းချက်နဲ့ လုပ်ခဲ့ကြသူတွေရှိသလို ကိုယ့်လူမျိုးလွတ်လပ်ရေးရဖို့သက်သက် လုပ်ခဲ့ကြတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီလိုမျိုး ပြည်ထောင်စုမပေါ်ပေါက်ခင်ကာလက ရခိုင်လူမျိုးတချို့ ကိုယ့်လူမျိုးလွတ်လပ်ရေးရဖို့ သက်သက်လှုပ်ရှားခဲ့ကြတယ်ဆိုတာ အပြစ်တင်စရာရှိပါသလား။ အဲဒီလိုကြိုးပမ်းခဲ့လို့ ရခိုင်လူမျိုးတွေကို အပြစ်တင်ထိုက်တယ်လို့ သတ်မှတ်မယ်ဆိုရင် မြန်မာနိုင်ငံကိုသာမက ခုခေတ်အိမ်နီးချင်းနိုင်ငံတွေကိုပါ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တဲ့ ရခိုင်အမျိုးသား ဆရာတော်ဦးဥတ္တမလိုပုဂ္ဂိုလ်မျိုးဆိုရင် ဘယ်လိုသုံးသပ်မလဲ။ ဆရာတော်ရဲ့ ကြိုးပမ်းမှုတွေဟာ ရခိုင်လူမျိုးတွေအတွက်ပဲ သက်သက်လုပ်ဆောင်ခဲ့တာလား။ နောက်ပြီး ကချင်ဒူဝါတွေ၊ ရှမ်းစော်ဘွားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုကရော ဗမာပြည်မနဲ့ပူးပေါင်းပြီး လွတ်လပ်ရေးယူဖို့ ရည်မှန်းချက်နဲ့ လုပ်ခဲ့တာလား။ တွဲနေခြင်း၊ ခွဲနေခြင်းဆိုတာ အဲဒီမြေကိုတကယ်ပိုင်ဆိုင်တဲ့လူမျိုးစုတွေအတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပဲ ဖြစ်ပါတယ်။ အဲဒီလိုဆုံးဖြတ်ခွင့်ရှိတဲ့အတိုင်း ဆုံးဖြတ်ခဲ့ကြလို့ ခုခေတ် တိုင်းရင်းသားနယ်မြေတွေ ပေါင်းစည်းထားတဲ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာခဲ့တာပါ။ နောက်ထပ် ကိုရဲရင့်သစ္စာရဲ့ တင်ပြမှုတစ်ခုကို ထုတ်နုတ်ဆွေးနွေးပါရစေ။ ကိုရဲရင့်သစ္စာရေးထားတာက -

ဦးလှထွန်းဖြူ နဲ့ ထင်ရှားတဲ့ ရခိုင်ခေါင်းဆောင်အချို့ ဟာ ရန်ကုန်မြို့မှာ "အာရကံနီစတန်" 
ရခိုင်ပြည်နယ်တောင်းဆိုရေးအတွက် အစည်းအဝေးကျင်းပဖို့ စိုင်းပြင်းနေကြကြောင်းရေး 
သားထားပါတယ်။ အာရကာနစ္စတန် (Arakanistan) ဆိုတဲ့ အမည် ကို ဘယ်သူစသုံးခဲ့ 
တာလည်း ပေါ်လာပါပြီ။ စဖတ်ရခြင်းတော့အလွန်ကို အံ့ဩမိပါတယ်။ စာဖတ်သူတွေလည်း 
အံ့ဩမိမှာပါ။ မယုံမရှိကြပါနဲ့။ 
၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် စာမျက်နှာ (၁၆၈)
 
  

နောက်ထပ်အထောက်အထားတစ်ခုကလည်း ကိုရဲရင့်သစ္စာဆီကပဲ ရရှိခဲ့တာပါ။ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းရဲ့ သမိုင်းသုတေသနစာတမ်းတစ်စောင်ဖြစ်တဲ့ Development of Muslim Enclave ဆိုတဲ့ စာတမ်းထဲက ကောက်နုတ်ချက်ပဲဖြစ်ပါတယ်။ 
  
ဒါကတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်မှာ ရခိုင်အမျိုးသားတွေရဲ့ နိုင်ငံရေးကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းတာကို ကိုရဲရင့်သစ္စာက ခုလိုမျိုးရေးသား ပုံဖော်ထားတာ တွေ့ရပါတယ်။

ဒါတွေ က လွတ်လပ်ရေးမရခင်  အာရကာနစ္စတန် (Arakanistan) လှုပ်ရှားမှုတွေပါ။
လွတ်လပ်ရေးရပြီးတော့လည်း အာရကာနစ္စတန် (Arakanistan) ဝါဒီတွေ က အပြင်းအထန်
လှုပ်ရှားခဲ့ပါသေးတယ်။ ပြည်သူ့လွှတ်တော်မှာ တောင်းဆိုတာတွေ လုပ်ခဲ့ပါတယ်။
အကျယ်တဝင့်တော့ ကျွန်တော်ရေးမပြတော့ပါဘူး။ ထူးခြား တာ က ရခိုင် က ရိုဟင်ဂျာ
တွေ ဟာ ရခိုင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအဆို ကို လုံးဝ မထောက်ခံခဲ့တဲ့အပြင်
အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

ဒီတင်ပြချက်ကိုကြည့်ရင် ကိုရဲရင့်သစ္စာရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်လို့ ထင်ပါတယ်။ ဗြိတိသျှမှတ်တမ်းအရ အာရကာနစ္စတန်ဆိုတဲ့စကားလုံးကို လူသိရှင်ကြား သုံးစွဲခဲ့တာ ဦးလှထွန်းဖြူဖြစ်ပါတယ်။ ဦးလှထွန်းဖြူအနေနဲ့ ဒီစကားလုံးကို တကယ်ပဲ သုံးစွဲခဲ့ရဲ့လားဆိုတာရယ် နောက်ပြီး ဘာအတွက် သုံးစွဲခဲ့သလဲဆိုတဲ့ မေးခွန်းနှစ်ခုရဲ့ အဖြေက ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေမှာ အမှန်ပါပဲ။ ဒီအချက်ကို လေ့လာကြည့်တဲ့အခါ ဒေါက်တာအေးချမ်းရဲ့စာတမ်းပါ ကိုးကားချက်အရပဲဖြစ်ဖြစ်၊ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (တတိယတွဲ) စာအုပ် စာမျက်နှာ (၁၆၈) ပါ ကိုးကားချက်အရပဲဖြစ်ဖြစ် ဗြိတိသျှကိုလိုနီအစိုးရရဲ့မှတ်တမ်းတစ်ခုထဲကိုပဲ ကိုးကားထားတာကို တွေ့ရမှာဖြစ်ပါတယ်။ တခြားတိုက်ကြည့်စရာမှတ်တမ်းမရှိပါဘူး။ အဲဒီတော့ခါ ဒီစကားကို တကယ်ပဲသုံးစွဲခဲ့သလားဆိုတဲ့ မေးခွန်းကို ခဏထားပြီး ဘာအတွက်သုံးစွဲခဲ့သလဲဆိုတဲ့ မေးခွန်းဖက်ကို ကြည့်ကြရအောင်ပါ။ ဦးလှထွန်းဖြူရဲ့ကြိုးပမ်းမှုဟာ ရခိုင်ပြည်နယ်ရရှိရေးပဲဖြစ်ပါတယ်။ ရခိုင်နိုင်ငံခွဲထွက်ရေး မဟုတ်ပါဘူး။ အဲဒီတော့ခါ Arakan State လို့ပဲသုံးသုံး၊ Arakan လို့ပဲသုံးသုံး၊ Arakanistan လို့ပဲသုံးသုံး ဆိုလိုရင်းက ရခိုင်တိုင်းရင်းသားတွေအတွက် ပြည်နယ်ရရှိရေးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာတစ်ခုက ကျွန်တော်တို့အားလုံး ခေါ်တဲ့ဗမာပြည်ကို နိုင်ငံတကာက ဘားမားလို့ခေါ်သလိုပဲ အာရကန်(Arakan)ဆိုတဲ့စကားဟာလည်း ရခိုင်တွေအပါအ၀င် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားတွေ ရခိုင်ဒေသကို ခေါ်တဲ့နာမည်မဟုတ်ပါဘူး။ နိုင်ငံခြားသားတွေခေါ်တဲ့ နာမည်ပါ။ အဲဒီတော့ ရခိုင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးလှထွန်းဖြူဟာ ရခိုင်ပြည်နယ်ရရှိရေးအတွက် အဲခေတ်က နိုင်ငံရေးလှုပ်ရှားသူတွေ၊ ဗြိတိသျှအစိုးရတာဝန်ရှိသူတွေဆီမှာ ကြိုးပမ်းတဲ့အခါ မြန်မာလိုပြောရင် ရခိုင်ပြည်နယ်၊ အင်္ဂလိပ်လိုပြောရင် Arakan State ဆိုတာထက်ပိုအဆန်းထွင်ပြီး သုံးနေကျမဟုတ်တဲ့ Arakanistan ဆိုတဲ့အသုံးအနှုန်းကို သုံးစွဲဖို့ဆိုတာ ဖြစ်နိုင်ချေအရမ်းနည်းလိမ့်မယ်လို့ ယူဆမိပါတယ်။ တစ်ဖက်မှာ နှိုင်းယှဉ်သုံးသပ်စရာ မှတ်တမ်းမှတ်ရာမရှိတဲ့အတွက် ဖြစ်နိုင်ချေအရှိဆုံးက အဲဒီအချက်ကို မှတ်တမ်းတင်တဲ့ ဗြိတိသျှကိုလိုနီအစိုးရတာဝန်ရှိသူက သူနားလည်သလို ဘာသာပြန်သုံးစွဲခဲ့တယ် ဒါမှမဟုတ် အဲဒီမှတ်တမ်းတင်သူဆီကို သတင်းပို့တဲ့ပုဂ္ဂိုလ်ကနေ အဲဒီအသုံးအနှုန်းနဲ့သတင်းပို့ခဲ့လို့ မှတ်တမ်းဝင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ကိုလိုနီခေတ်မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိသျှအစိုးရ၀န်ထမ်းတွေမှာ အိန္ဒိယကနေ ပြောင်းရွေ့လာသူတွေ အများအပြားရှိနေတဲ့အတွက် သူတို့ရင်းနှီးကျွမ်းဝင်နေတဲ့ ဒီအသုံးအနှုန်းကို မှတ်တမ်းတင်တဲ့အချိန်မှာ သုံးစွဲခဲ့တာ ဖြစ်ဖို့များပါတယ်။ ကိုလိုနီခေတ် မြန်မာနိုင်ငံထဲကဒေသတွေကို ခွဲခြားတဲ့အခါ ခုလိုခွဲခြားထားတာ တွေ့ရပါတယ်။

The province of Burma, after 1885 was administered as follows:

1.    Ministerial Burma (Burma proper)

1.    Tenasserim Division (Toungoo, Thaton, Amherst, Salween, Tavoy, and Mergui Districts)
2.    Arakan Division (Akyab, Northern Arakan or Arakan Hill Tracts, Kyaukpyu and Sandoway Districts)
3.    Pegu Division (Rangoon City, Hanthawaddy, Pegu, Tharrawaddy and Prome Districts)
4.    Irrawaddy Division (Bassein, Henzada, Thayetmyo, Maubin, Myaungmya and Pyapon Districts)

2.    Scheduled Areas (Frontier Areas)

1.    Shan States
2.    Chin Hills
3.    Kachin tracts

Burma proper ထဲမှာထည့်သွင်းခံရတဲ့ ရခိုင်ဒေသဟာ ကိုယ်ပိုင်စာပေ၊ယဉ်ကျေးမှု၊အစဉ်အလာရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်တဲ့အတွက် လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ တောင်တန်းဒေသနေ တခြားတိုင်းရင်းသားတွေလို ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းတာဟာ ဘာများအပြစ်ဆိုစရာရှိပါသလဲ။ အကယ်၍ ဦးလှထွန်းဖြူဟာ အာရကာနစ္စတန်ဆိုတဲ့အမည်ကို ရခိုင်ပြည်နယ် တောင်းဆိုတဲ့နေရာမှာ အမှန်တကယ် သုံးစွဲခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်မရမချင်း သူကြိုးစားခဲ့တဲ့အကြိမ်တွေမှာ ဒီနာမည်ကို ထပ်မံသုံးစွဲခဲ့တဲ့အကြောင်း ကန့်ကွက်တဲ့လူတွေဖက်က ဒါမှမဟုတ် ထောက်ခံတဲ့လူတွေဖက်က ရေးထားတဲ့ တခြားမှတ်တမ်းတစ်ခုခုတော့ ရှိမှာသေချာပါတယ်။ ကျွန်တော်လေ့လာမိသလောက်ကတော့ မတွေ့ရပါဘူး။ ဒါကတော့  ၀န်ကြီးချုပ်ဦးနုလက်ထက် ၁၉၆၀ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါလီမန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်ရရှိရေးနဲ့စပ်လျဉ်းပြီး ဦးလှထွန်းဖြူရဲ့ဆွေးနွေးချက် ဖြစ်ပါတယ်။


  
  
ဆန့်ကျင်သူတွေရှိပေမယ့် နောက်ဆုံးတော့ ဦးလှထွန်းဖြူရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ရခိုင်ဒေသဟာ ဗမာပြည်မထဲက တိုင်းတစ်ခုအဖြစ်ကနေ တိုင်းရင်းသားပြည်နယ်တစ်ခုအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ 

ရခိုင်တွေအနေနဲ့ ခုလိုဘောင်အတွင်းက တောင်းဆိုခဲ့တာကို ဘင်္ဂလီတွေကန့်ကွက်ခဲ့တာနဲ့ နှိုင်းယှဉ်တင်ပြထားတဲ့ ကိုရဲရင့်သစ္စာရဲ့ ရည်ရွယ်ချက်ကတော့ အပေါ်မှာ ကျွန်တော်တင်ပြခဲ့တဲ့ ဘင်္ဂလီလော်ဘီတွေရဲ့ ဗျူဟာအတိုင်းပါပဲ။ ဘာကြောင့် အဲလိုသုံးသပ်ရသလဲဆိုတော့ မဆလခေတ်ကတည်းက ဖက်ဒရယ်မူနဲ့ ခွဲထွက်ရေးကို အတူတူလို့ လူတော်တော်များများ မြင်နေတဲ့ခုလိုခေတ်မှာ ပြည်ထောင်စုကြီး ပြိုကွဲတာကို လက်မခံနိုင်တဲ့ မြန်မာလူမျိုးတွေ (အထူးသဖြင့် ဗမာတွေ)နဲ့ ရခိုင်တွေကြားမှာ သွေးကွဲအောင်လုပ်ဖို့ ဒီတစ်နည်းပဲ ရှိလို့ပါ။ ဒီဖက်ခေတ်မှာ တိုင်းရင်းသားစာရင်းဝင် လူမျိုးတွေဟာ တိုင်းရင်းသားဆိုတဲ့နာမည်ကလွဲရင် နိုင်ငံရေးမှာ ဘာတစ်ခုမှနေရာပေးမခံခဲ့ရပါဘူး။ အမျိုးမျိုးဖိနှိပ်မှုတွေကြောင့် တော်လှန်ရေးတွေဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ သက်ဆိုးအရှည်ဆုံးပြည်တွင်းစစ် ဖြစ်ပွားခဲ့ရပါတယ်။ အပြန်အလှန်နာကြည်းမုန်းတီးမှုတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမယ့် အစစအရာရာ ချိနှဲ့နေတဲ့ တိုင်းရင်းသားပြည်နယ်တွေဟာ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံတစ်ခု ထူထောင်နိုင်တဲ့ အခြေအနေလုံးဝမရှိပါဘူး။ တော်လှန်ရေးအတွက် အဓိကမောင်းနှင်အားအဖြစ် လွတ်လပ်ရေးကို ရည်မှန်းချက်ထားပြီး တော်လှန်နေကြပေမယ့် တကယ်တမ်းဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားက ဖက်ဒရယ်ပြည်ထောင်စုအတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခြင်းသာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်တွေ နားလည်သဘောပေါက်ကြပါတယ်။ အဲဒါကြောင့် ခုချိန်ထိ စေ့စပ်ဆွေးနွေးရေးတွေမှာ ခွဲထွက်ရေးတစ်ခွန်းမှမပြောပဲ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုပဲ အမြဲတစေဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုအခြေအနေမျိုးဟာ လက်ရှိတိုင်းရင်းသားစစ်စစ်( တနည်းအားဖြင့် ကိုယ်ပိုင်နယ်မြေရှိတဲ့ မျိုးနွယ်စု)တွေရဲ့ ရပ်တည်ချက်ပဲဖြစ်ပါတယ်။ အဲဒီတော့ ဘင်္ဂလီတွေနဲ့ ဘာကွာခြားသလဲ ကြည့်ကြရအောင်။ မြန်မာ့မြေထဲမှာ ဘင်္ဂလီတွေပိုင်တဲ့နယ်မြေ တစ်စိတ်တဒေသရှိဖူးပါသလား။ မရှိပဲနဲ့ သူတို့က ဘာလို့တော်လှန်ရတာလဲ။ မူဂျာဟစ်သူပုန်ထမှု စတင်တဲ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဏာရှင်အုပ်ချုပ်မှုစနစ်အောက် မရောက်သေးပါဘူး။ ဘယ်လိုမျိုးရည်ရွယ်ချက်တွေနဲ့ အစိုးရကိုပုန်ကန်ရတာလဲ။ မူဂျာဟစ်တွေဟာ ဘင်္ဂလီတွေကို ကိုယ်စားမပြုဘူးဆိုတဲ့စကားကတော့ မရယ်ရတဲ့ဟာသတစ်ခုပဲဖြစ်ပါလိမ့်မယ်။ ရိုဟင်ဂျာတွေဟာ ခွဲထွက်ဖို့ ကြိုးစားသူတွေမဟုတ်ကြောင်း မိတ်ဆွေတစ်ယောက်ရဲ့ အခိုင်အမာပြောဆိုချက်ကို ကိုးကားတင်ပြထားတယ်ဆိုတော့ ကိုရဲရင့်သစ္စာကလည်း အဲဒီအတိုင်း အပြည့်အ၀ယုံကြည်ထားပုံရပါတယ်။ ဘင်္ဂလီတွေက ဘောင်အတွင်းက ခွဲထွက်ရေးတောင်းဆိုဖူးတဲ့ မှတ်တမ်းတော့ သက်သေပြစရာမရှိပါဘူး။ ဒါပေမယ့် ဘောင်အပြင်က လှုပ်ရှားမှုတွေကတော့ တပြုံကြီးရှိပါတယ်။ တောင်းဆိုပိုင်ခွင့်မရှိတဲ့ သူတို့အတွက် ရခိုင်တွေသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားရင် သူတို့ခိုကပ်နေတဲ့နေရာလေး ပျောက်သွားမှာစိုးလို့ အသည်းအသန်ဆန့်ကျင်တာ သဘာဝကျပါတယ်။

မူဂျာဟစ်တွေရဲ့ လှုပ်ရှားမှုကို မြန်မာတစ်နိုင်ငံလုံးက တရုတ်ဖြူကျူးကျော်စစ်နည်းတူ ပြည်ပကျူးကျော်စော်ကားမှုအဖြစ်ပဲ ရှုမြင်ခဲ့ကြပါတယ်။ ပြည်တွင်းမှာ မြေပေါ်လှုပ်ရှားမှုအနေနဲ့ ဘင်္ဂလီအမတ်တွေက ပါလီမန်မှာထိုးဖောက်ပြီး မြေအောက်လှုပ်ရှားမှုအနေနဲ့ကတော့ မူဂျာဟစ်ကနေ ခုခေတ် RSO အဖွဲ့အထိ တောက်လျှောက် ကြိုးပမ်းလာခဲ့တဲ့ ရည်ရွယ်ချက်က ဘာဖြစ်မယ်ထင်ပါသလဲ။ ခုခေတ်မှာလည်း လူ့အခွင့်အရေးနာမည်ခံလှုပ်ရှားနေတဲ့ ပြည်တွင်းပြည်ပမူဆလင်နိုင်ငံရေးသမားတွေ အများကြီးရှိပါတယ်။ ဒီလူတွေရဲ့ ရည်ရွယ်ချက်ကရောဘာဖြစ်နိုင်မလဲ။ ခေတ်အဆက်ဆက် မြန်မာအစိုးရတွေဟာ ပြည်ထောင်စုမပြိုကွဲရေးအကြောင်းပြလို့ တိုင်းရင်းသားစစ်စစ်တွေကို ဖိနှိပ်ခဲ့ပြီး ကုလားတွေကို အသုံးချခဲ့တဲ့ သာဓကတွေအများကြီးရှိခဲ့ဖူးပါတယ်။ အထင်ရှားဆုံးကတော့ ဦးနုအစိုးရပေါ့လေ။

မူဂျာဟစ်ခေတ်ကနေ ခုခေတ်အထိ ပါကစ္စတန်ကျောထောက်နောက်ခံနဲ့ လှုပ်ရှားနေတဲ့ RSOအဖွဲ့ရဲ့ လှုပ်ရှားမှုသတင်းတွေကို အိန္ဒိယထောက်လှမ်းရေးကနေ ဖော်ထုတ်ထားတဲ့သတင်းအထောက်အထားတွေ အများကြီးရှိနေပါတယ်။ ဒီလိုမျိုးတွေရှိနေလျှက်သားနဲ့ မျက်နှာပြောင်တိုက်ပြီး ဘင်္ဂလီတွေဟာ မြန်မာ့မြေကိုဖဲ့ထုတ်မယ့်သူတွေ လုံးဝမဟုတ်ပါဘူးလို့ အကာအကွယ်ပေးနေတာက ကိုရဲရင့်သစ္စာတို့လို မြန်မာမူဆလင်တွေအပေါ် တခြားမြန်မာလူမျိုးတွေရဲ့ ယုံကြည်လက်ခံမှုကို ဆုံးရှုံးသွားတာထက်ပိုပြီး တခြားအကျိုးမရှိပါဘူး။

မူဂျာဟစ်တွေဟာ ပါကစ္စတန်ဆီမှာ မြန်မာအစိုးရကိုပုန်ကန်ဖို့ အကူအညီသွားတောင်းတုန်းက သူတို့ရဲ့တော်လှန်ရေးအောင်မြင်ရင် ရရှိလာမယ့်မေယုနယ်ခြားခရိုင်ကို ဘယ်လိုနာမည်ပေးမယ်လို့ တင်ပြခဲ့မယ်ထင်ပါသလဲ။ အာရကာနစ္စတန်ခွဲထွက်ရေးနဲ့ ပတ်သက်ပြီး သမိုင်းသုတေသီ ဦးခင်မောင်စော(ဘာလင်)ရဲ့ တင်ပြချက်ကို အာလူးအပုတ်ဆိုပြီး ကိုရဲရင့်သစ္စာက လက်မခံချင်တဲ့အတွက် ကိုရဲရင့်သစ္စာစိတ်ကြိုက်တွေ့နိုင်တဲ့ ပူရီလုပ်စားလို့ရမယ့် အိန္ဒိယအာလူးစစ်စစ်တစ်လုံးလောက် လက်ဆောင်ပေးပါရစေ။ အဲဒါကတော့ ကိုရဲရင့်သစ္စာရဲ့ မိတ်ဆွေ Dr. Swapna Bhattacharya (Chakraborti) (University of Calcutta) ရဲ့ Development of Northeast India in the Backdrop of the History and Culture of Southeast Asia သုတေသနစာတမ်းထဲက စာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Immigration in Arakan from Chittagong, Noakhali, Comilla always added to the rise of the population figure of Indian origin in British Burma. Even after the formal restriction of immigration by the Indians into Burma in early 1940s, Arakan had to be treated as a special case. It was decided to allow 20,000 Chittagingian labourers to reap the paddy of the fields of Arakan.. What is known further is that, during the period of the Japanese occupation, a large number of Muslims of Arakan extended their support to the British with the hope of award of a kind "Arakistan" or "Arakanistan" ( parallel to Pakistan), or, at least a "National Area" for the Muslims of northern Arakan. The story of this has been told by Moshe Yegar in his book The Muslims of Burma as well as by Klaus Fleischman in his book Arakan Konfliktregion zwischen Birma and Bangladesh. အဲဒီတင်ပြချက်နဲ့ပတ်သက်ပြီး ဟုတ်မဟုတ် အစ်ကို့ရဲ့မိတ်ဆွေ ဆရာမကြီးကိုပဲ တိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါ။

ကိုရဲရင့်သစ္စာရဲ့စာစုကို အပိုင်း(၁)လို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အပိုင်း(၂)ရေးဖို့ ကျန်အုန်းမယ်လို့ ယူဆမိပါတယ်။ ဘာလိုအကြောင်းအရာတွေ ပါလာမလဲတော့ ကျွန်တော်မသိပါဘူး။ ခန့်မှန်းပြီးပြောရရင် ရခိုင်တော်လှန်ရေးသမားတွေထဲက ဗမာကိုတော်လှန်ဖို့ ဘင်္ဂလီနဲ့မဟာမိတ်ပြုခဲ့တဲ့ တော်လှန်ရေးသမားတချို့ရဲ့ အကြောင်းနဲ့ ဒီဖက်ခေတ်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အဖွဲ့ဝင်တချို့ရဲ့ ခွဲထွက်ရေးကြေငြာချက်ထုတ်ပြန်တာတွေ၊ ရခိုင်နိုင်ငံရေးလှုပ်ရှားသူအချို့ ဖန်ရရှိရေးအတွက် NGO တွေဆီမှာ ဘင်္ဂလီတွေကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုတဲ့အကြောင်း လက်မှတ်ထိုးခဲ့တာတွေ ပါဝင်မယ်လို့ ယူဆမိပါတယ်။ ငွေကြေးနဲ့ လက်နက်ခဲယမ်းမီးကျောက် အကူအညီလိုချင်လို့ ငွေကြေးတောင့်တင်းတဲ့ ဘင်္ဂလီလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ပြုခဲ့တဲ့ ရခိုင်တော်လှန်ရေးသမားတချို့ဟာ ခုချိန်မှာ ရခိုင်လူမျိုးအသိုင်းအ၀ိုင်းမှာ ဘေးဖယ်ခံထားရတဲ့လူတွေ ဖြစ်နေပါပြီ။ ဥပမာ ဒေါက်တာရွှေလူမောင်ပါ။ ရှားရှားပါးပါး ပါရဂူဘွဲ့ရပုဂ္ဂိုလ်တစ်ဦးဖြစ်လို့ နှမြောစရာကောင်းလှပါတယ်။ နောက်ပြီး ခွဲထွက်ရေးခဏခဏပြောတတ်တဲ့ ALP ဟာလည်း ခုချိန်မှာ အစိုးရနဲ့ အပစ်ရပ်ပြီး ဆက်ဆံရေးရုံးဖွင့်တဲ့အနေအထားမှာ ရောက်ရှိနေပါပြီ။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ရခိုင်တွေရဲ့ တော်လှန်ရေး၊နိုင်ငံရေးလှုပ်ရှားမှုတွေဟာ အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှုကြောင့် မခံမရပ်နိုင်တဲ့မျိုးချစ်ပုဂ္ဂိုလ်တချို့ လက်နက်ကိုင်တော်လှန်တာကလွဲပြီး တခြားရခိုင်ပြည်သူတွေဟာ ဖိနှိပ်မှုတွေကြားမှာ အောင့်အီးသည်းခံပြီး ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ အင်းစိန်ထိတက်သိမ်းခဲ့တဲ့ ကရင်တော်လှန်ရေးလှုပ်ရှားမှုလို ပြည်ထောင်စုအပေါ်ခြိမ်းခြောက်နိုင်တဲ့ စစ်ရေးလှုပ်ရှားမှုမျိုး ရခိုင်ပြည်မှာလုံးဝမရှိခဲ့တာကို ကြည့်ရင်သိနိုင်ပါတယ်။

အပေါ်မှာတင်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော်လက်လှမ်းမှီသလောက် ရှာဖွေတွေ့ရှိတဲ့အချက်တွေကို စုစည်းတင်ပြလိုက်တာပါ။ ရခိုင်တွေကို အပြစ်ရှာရုံနဲ့ တခြားတိုင်းရင်းသားတွေက ဘင်္ဂလီတွေကို အသိအမှတ်ပြုလာလိမ့်မယ်လို့ မျှော်လင့်နေရင် အဲဒီမျှော်လင့်ချက်ကို စွန့်လွှတ်ဖို့အကြံပြုလိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်။


မြတ်သိန်းထွန်း(ဘွရှင်)

ဝံသာနု

No comments:

Post a Comment

Note: Only a member of this blog may post a comment.