Breaking

January 2, 2020

ပထမ အင်္ဂလိပ်-မြန်မာစစ်

No photo description available.

* ၁၆ ရာစုနှစ်လောက်မှာ မြန်မာနိုင်ငံရဲ့ သယံဇာတ ပေါကြွယ်ဝမှုကို မျက်စိကျလာတဲ့ ပေါ်တူဂီ ကိုလိုနီတွေဟာ အကွက်ချောင်းပြီး ကျူးကျော်ဝင်လာခဲ့ကြတယ်။ ဒါပေမယ့် ဖီလစ်ဒီဘရစ်တို အမှူးပြုတဲ့ နယ်ချဲ့ပေါ်တူဂီတွေကို အနောက်ဘက်လွန်မင်းတရားကြီးက ခုခံတွန်းလှန် မောင်းထုတ်လိုက်ပြီးတဲ့နောက်ပိုင်း ဒတ်(ချ်) လူမျိုးတို့ကလည်း မြန်မာနိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျွန်ပြုဖို့ ကြံစည်လာကြပြန်ပါတယ်။

* တစ်ချိန်တည်းလောက်မှာပဲ ဗြိတိသျှနယ်ချဲ့သမားတို့ဟာ အိန္ဒိယနိုင်ငံမှာ အရှေ့အိန္ဒိယကုမ္ပဏီကြီး တည်ထောင်ပြီး ပြင်သစ်တို့ရဲ့ အရှေ့အိန္ဒိယကုမ္ပဏီနှင့် အပြိုင်အဆိုင် အနိုင်ကြဲကာ အာရှတစ်ခွင်ကို စိုးမိုးအုပ်ချုပ်ဖို့ ကြိုးစားနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ (၁၆၁၇)ခုနှစ်မှာ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သူ သောမတ်(စ်)ဆင်မြူရယ် ဆိုသူဟာ အရောင်းအဝယ်ပြုလုပ်ရင်း သေဆုံးရာကအစ မြန်မာနဲ့ ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတို့ အဆက်အဆံပြုခဲ့ကြရပါတယ်။ ဒီလို ဆက်ဆံရာကအစ တစ်စတစ်စနဲ့ ကုန်သည်တွေ တစ်ဦးပြီးတစ်ဦး ဝင်လာတယ်။ နောက်တော့ မြန်မာဘုရင်အစိုးရနဲ့ နားလည်မှု ရယူပြီး ကုန်ကူးသန်းမှု ပြုခဲ့ကြတယ်။ ပြင်သစ်တွေကို ဗြိတိသျှတွေက အသာယူ အကြောရသွားပါတယ်။

* ပထမတော့ အင်္ဂလိပ်တွေဟာ ကုန်ကူးသန်းမှုတစ်ခုတည်းအတွက် ဦးတည်လုပ်နေတာပါပဲ။ ဒါပေမယ့် နောက်ပိုင်းကျတော့ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားဟာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအထိ သူတို့အတွက် အသုံးဝင်လာတယ်။ သိလာတယ်။ မျက်စိကျလာတော့တယ်။ ဒီတော့ မြန်မာနိုင်ငံကို ရတဲ့နည်းနဲ့ သိမ်းပိုက်ဖို့ ကြိုးစားကြံစည်လာကြတော့တယ်။

* အင်္ဂလိပ်တို့က အကြံကြီး ကြံစည်နေတုန်း ဘိုးတော်ဦးဝိုင်း နတ်ရွာစံ ကံတော်ကုန်တဲ့အတွက် နန်းလျာဖြစ်တဲ့ စစ်ကိုင်းမင်း ဘကြီးတော်ဘုရား နန်းတက်တယ်။ နန်းသက် ၁၅ ရက်အကြာမှာ မြန်မာ-အိန္ဒိယနယ်စပ်ကို အင်္ဂလိပ်တို့က ကျူးကျော်ရန်စမှု ပြုလာခြင်း၊ ကချာနယ်အရေးအခင်းနဲ့ ဘင်္ဂလား-ရခိုင် နယ်နမိတ်ဖြစ်တဲ့ နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းကို ၁၈၂၃ ခုနှစ်မှာ အင်္ဂလိပ်တို့က ကျူးကျော်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခြင်း အစရှိတဲ့ အပြုအမူမျိုး လွန်လွန်ကျူးကျူး ရူးရူးမိုက်မိုက် ပြုမူလာတဲ့အတွက် မြန်မာစစ်အာဏာပိုင်တို့က ကန့်ကွက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အင်္ဂလိပ်အာဏာပိုင်များက အရေးမယူ ဂရုမထား မလေးမစား ပယ်ချခဲ့ပြန်ပါတယ်။

* ဒီလို အင်္ဂလိပ်နဲ့ မြန်မာတို့ ဆက်ဆံရေး တင်းမာလာတဲ့ အချိန်မှာ မြန်မာဘုရင်အစိုးရကို ပုန်ကန်ခြားနားနေတဲ့ အာသံနဲ့ မဏိပူရ သူပုန်းများဖြစ်တဲ့ မာဂျစ်ဆင်း၊ ဂျော်ဂျးစ်ဆင်း၊ ဟန်ဘရာဆင်းတို့က ကချာနယ်ကို ခြေကုပ်ယူပြီး မြန်မာဘုရင်အစိုးရ စစ်တပ်ကို မထိခလုတ် ထိခလုတ် ဝင်ရောက်တိုက်ခိုက်ပြန်ပါတယ်။ မြန်မာတို့ကလည်း ဒီလောက်ထောင်လွှားနေတဲ့ သူပုန်ကို လက်ပိုက်ကြည့်နေလို့ မဖြစ်တော့တဲ့အတွက် ကချာနယ်တွင်း ဝင်ရောက်ဖမ်းဆီးရာကအစ မြန်မာစစ်တပ်နဲ့ မေဂျာနယူတန် ခေါင်းဆောင်တဲ့ အင်္ဂလိပ်စစ်တပ်တို့ ၁၈၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ခဲ့ကြတယ်။

* ၁၈၂၄ ခုနှစ် ဇန်နဝါရီလမှာ ရှင်မဖြူကျွန်းကို ထပ်မံစေလွှတ်လိုက်တဲ့ ဆိုဖီးယားလို့ အမည်ပေးထားတဲ့ စစ်သင်္ဘောမှ အာဏာပိုင်များကို မြန်မာအာဏာပိုင်များက ဖမ်းဆီးအရေးယူတဲ့အတွက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့မှာ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အင်းမတ်(စ်)ကိုယ်တိုင် မြန်မာနိုင်ငံကို စစ်ကြေညာတိုက်ခိုက်ခြင်း ပြုလာပါတယ်။

* အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဟာ ၁၈၂၄ ခု မတ်လ ၅ ရက်နေ့က စတင်ပါတယ်။ မြန်မာတို့ စစ်ဆုတ်ခဲ့ရပါတယ်။ အင်္ဂလိပ်တို့က ထိုးစစ်ပြုလာကြတယ်။ ရ န္တပို ရွာအရောက် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုလိုက်ရတယ်။ ရန္တပိုစာချုပ်အရ မြန်မာနိုင်ငံပိုင် ရခိုင်နဲ့ တနင်္သာရီ တိုင်းကြီးနှစ်တိုင်းကို ဗြိတိသျှတို့အား ပေးအပ်လိုက်ရပါတယ်။

မြန်မာ့သမိုင်းကို ယထာဘူတကျကျ တူးဖော်သူ

( ဘက်မလိုက်သော အမျိုးသားရေးဝါဒီ )

No comments:

Post a Comment

Note: Only a member of this blog may post a comment.