Breaking

September 16, 2020

ကိုဗစ်ကူးစက်သူ ၁၃၄ ဦးတိုး၊ ၄ ယောက်သေ



ေမလ ၁၆ ရက္ေန႔က ရန္ကုန္ quarantine စင္တာတြင္ ေစတနာ႔၀န္ထမ္းဆရာ၀န္မ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

စက္တင္ဘာလ ၁၆ ရက္ မနက္ပိုင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ COVID – 19 ကူးစက္ခံရသူ အတည္ျပဳလူနာေတြထဲက ေနာက္ထပ္ ၄ ဦး ေသဆုံး သြားခဲ့လို႔ COVID-19 ေၾကာင့္ ျမန္မာႏိုင္ငံမွာ ေသဆုံးသူ စုစုေပါင္း ၃၉ ဦး ရွိၿပီ ျဖစ္ပါတယ္။

ေသဆုံးသူေတြက အသက္ ၅၀ ေက်ာ္ကေန ၈၀ ေက်ာ္အတြင္း ရွိၿပီး ေသြးတိုး၊ ႏွလုံး၊ ဆီခ်ိဳနဲ႔ ပန္းနာေရာဂါ အခံ ရွိသူေတြ ျဖစ္တယ္ လို႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကူးစက္ခံရသူ လူနာသစ္ ေနာက္ထပ္ ၁၃၄ ေယာက္အတည္ျပဳလိုက္တာေၾကာင့္လည္း ေရာဂါ ပိုးကူးစက္ခံရသူ စုစုေပါင္း ၃,၆၃၆ ဦး ရွိၿပီျဖစ္ပါတယ္။

စက္တင္ဘာလ ၁၅ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာ စုစုေပါင္း ၄,၅၉၇ ခုထဲက အခု မနက္ပိုင္း ထုတ္ျပန္ထားတဲ့ ေရာဂါပိုး ကူးစက္သူ ၁၃၄ ေယာက္ အပါအဝင္ အတည္ျပဳလူနာ ၃၃၇ ကို ထပ္မံ အတည္ျပဳ ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။​

ျမန္မာႏိုင္ငံမွာ အခုလို COVID-19 ေရာဂါပိုးသစ္ေတြ႕သူ ရာဂဏန္းနဲ႔ ေန႔စဥ္ ျမင့္တက္လာေနခ်ိန္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က၊ ျပည္သူေတြကို COVID ကာကြယ္ေရး စည္းကမ္း လိုက္နာဖို႔ တစ္ခုထဲကိုသာ အဓိကမွာၾကား လိုတယ္ လို႔ အဂၤါေန႔ညက တိုင္းျပည္ကို ေျပာၾကားတဲ့ မိန႔္ခြန္းမွာ အေလးထား ေျပာၾကားခဲ့ပါတယ္။

အခုထိျမန္မာႏိုင္ငံမွာ COVID – 19 ေရာဂါ စမ္းသပ္ စစ္ေဆးမႈ ၁ သိန္း ၉ ေသာင္းေက်ာ္ျပဳလုပ္ခဲ့ၿပီး အတည္ျပဳ လူနာ ၃၆၃၆ ေယာက္ထဲက ေရာဂါပိုး ကင္းစင္သြားသူ ၈၃၂ ေယာက္ရွိပါတယ္။

(Unicode)

စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ COVID – 19 ကူးစက်ခံရသူ အတည်ပြုလူနာတွေထဲက နောက်ထပ် ၄ ဦး သေဆုံး သွားခဲ့လို့ COVID-19 ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၃၉ ဦး ရှိပြီ ဖြစ်ပါတယ်။

သေဆုံးသူတွေက အသက် ၅၀ ကျော်ကနေ ၈၀ ကျော်အတွင်း ရှိပြီး သွေးတိုး၊ နှလုံး၊ ဆီချိုနဲ့ ပန်းနာရောဂါ အခံ ရှိသူတွေ ဖြစ်တယ် လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကူးစက်ခံရသူ လူနာသစ် နောက်ထပ် ၁၃၄ ယောက်အတည်ပြုလိုက်တာကြောင့်လည်း ရောဂါ ပိုးကူးစက်ခံရသူ စုစုပေါင်း ၃,၆၃၆ ဦး ရှိပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၄,၅၉၇ ခုထဲက အခု မနက်ပိုင်း ထုတ်ပြန်ထားတဲ့ ရောဂါပိုး ကူးစက်သူ ၁၃၄ ယောက် အပါအဝင် အတည်ပြုလူနာ ၃၃၇ ကို ထပ်မံ အတည်ပြု နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလို COVID-19 ရောဂါပိုးသစ်တွေ့သူ ရာဂဏန်းနဲ့ နေ့စဉ် မြင့်တက်လာနေချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပြည်သူတွေကို COVID ကာကွယ်ရေး စည်းကမ်း လိုက်နာဖို့ တစ်ခုထဲကိုသာ အဓိကမှာကြား လိုတယ် လို့ အင်္ဂါနေ့ညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ အလေးထား ပြောကြားခဲ့ပါတယ်။

အခုထိမြန်မာနိုင်ငံမှာ COVID – 19 ရောဂါ စမ်းသပ် စစ်ဆေးမှု ၁ သိန်း ၉ သောင်းကျော်ပြုလုပ်ခဲ့ပြီး အတည်ပြု လူနာ ၃၆၃၆ ယောက်ထဲက ရောဂါပိုး ကင်းစင်သွားသူ ၈၃၂ ယောက်ရှိပါတယ်။ 

 https://burmese.voanews.com/a/myanmar-covid-update-/5585309.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.