Breaking

October 21, 2020

ေရြးေကာက္ပဲြ မလုပ္မယ့္ မဲဆႏၵနယ္ေျမေတြအေပၚ ေကာ္မရွင္ခုခံေခ်ပခ်က္ ေမးခြန္းထုတ္ခံရ



 

(Zawgyi/Unicode)

ေ႐ြးေကာက္ပြဲအတြက္ အခ်ိန္ သုံးပတ္ပဲ က်န္ေတာ့ေပမယ့္ က်င္းပမယ့္ မဲဆႏၵနယ္ေျမေတြ ဆက္လက္ အေျပာင္းအလဲျဖစ္ေနတာဟာ ႏိုင္ငံေရးပါတီေတြနဲ႔ မဲဆႏၵရွင္ေတြအတြက္ ႀကီးမားတဲ့ နစ္နာမႈႀကီးအျဖစ္ ရွဳျမင္သူေတြရွိေနသလို ေ႐ြးေကာက္ပြဲ တရားမွ်တမႈနဲ႔ ဂုဏ္သိကၡာကို ေမးခြန္းထုတ္ေနၾကပါတယ္။ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပြဲအေပၚ ရခိုင္နဲ႔ ရွမ္းပါတီေခါင္းေဆာင္ေတြ၊ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူေတြရဲ႕ တုန႔္ျပန္ခ်က္ေတြကို ကိုဝင္းမင္းက စုစည္းတင္ျပထားပါတယ္။

၃ ပတ္နီးပါးသာလိုေတာ့တဲ့ ျမန္မာႏိုင္ငံေရြးေကာက္ပြဲေတြမွာ အရင္ဖ်က္သိမ္းခဲ့တဲ့ မဲဆႏၵနယ္ေျမေတြထဲ၊ အႏၱရာယ္ကင္း၊ ေဘးရွင္းတယ္လို႔ ျပန္ေျပာလာရင္ လံုၿခံဳေရးဆိုင္ရာဌာနေတြက မွတ္ခ်က္ေတာင္းၿပီး ျပန္စဥ္းစားမယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က ဆိုပါတယ္။(PACE) လို႔ အတိုေကာက္ေခၚတဲ့ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ အဖြဲ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးစိုင္းရဲေက်ာ္စြာျမင့္က ဒီဆံုးျဖတ္ခ်က္ကို ႀကိဳဆိုေပမယ့္ အခ်ိန္ကပ္ေနလို႔ လက္ေတြ႔ျဖစ္ပါ့မလားလို႔ အခုလို စရွင္းျပပါတယ္။

“ျပန္စဥ္းစားမယ္လို႔ေျပာတဲ့အတြက္လည္း ႀကိဳဆိုပါတယ္။ ဒါေပမယ့္ ဒါျမန္ျမန္ဆန္ဆန္လုပ္ဖို႔လိုတယ္ ေရြးေကာက္ပြဲက ၃ ပတ္ပဲ က်န္ေတာ့တယ္။ ေရြးေကာက္ပြဲ မလုပ္ေတာ့တဲ့အတြက္ မဲဆြယ္စည္းရံုးေရးေတြ ရပ္တန္႔သြားၿပီ ျပည္သူလူထုရဲ႕ စိတ္၀င္စားမႈက အဲဒီေဒသေတြမွာ အေျပာင္းအလဲၾကီးႀကီးမားမားျဖစ္သြားၿပီကို။ ဒါေပမယ့္လည္း လက္ေတြ႔မွာေတာ့အဲလိုဆံုးျဖတ္ဖို႔ဆိုတာကလည္း ျဖစ္ႏိုင္ပါ့မလား ဆုိတာလည္း စဥ္းစားမိပါတယ္။ ဆိုေတာ့ အေရးႀကီးတာကေတာ့ ဒီဆံုးျဖတ္ခ်က္ေတြကို မခ်ခင္မွာ သက္ဆိုင္ရာ ႏိုင္ငံေရးပါတီက ေခါင္းေဆာင္ေတြ ၊ အဲဒီေဒသမွာရွိတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ အရင္ဦးဆံုး ေသေသခ်ာခ်ာ ေတြ႔ဆံုညိွႏိႈင္းသင့္တယ္လို႔ က်ေနာ္ျမင္တယ္။အဲဒါက ဒီဆံုးျဖတ္ခ်က္အေပၚမွာ မေၾကမလည္ျဖစ္တာရဲ႔ အဓိက အႀကီးမားဆံုးအခ်က္ပဲလို႔ ျမင္ပါတယ္။”

အဲဒီေတာ့ အရင္မညိွႏိႈင္းခဲ့ေပမယ့္ ဒီတေခါက္ သက္ဆိုင္ရာပါတီေတြနဲ႔ ညိွႏိႈင္းဖို႔အလားအလာကို ေမးရာမွာ ဦးစိုင္းရဲေက်ာ္စြာျမင့္က

“ဒီေန႔ ေျပာသြားတဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ သူတုိ႔ ျပန္တိုင္ပင္မယ္ဆိုတာ က်ေနာ္တို႔ မၾကားမိဘူး။ ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္ေတြဟာ ဥပေဒမူေဘာင္နဲ႔ လုပ္ထံုးလုပ္နည္းဆိုင္ရာ ဆံုးျဖတ္ခ်က္ တခုတည္းမဟုတ္ဘူး ဒါေတြက ႏိုင္ငံေရးအရ သက္ေရာက္မႈ ရွိတယ္ဆိုတဲ့ ဟာကေတာ့ က်ေနာ္တို႔၊ ေနာက္ၿပီးေတာ့ ႏိုင္ငံေရးရႈ႔ေထာင့္ကိုေတာ့ အျမဲထည့္သြင္းစဥ္းစားဖို႔လိုမယ္ ။ ဒီဆံုးျဖတ္ခ်က္တိုင္းဟာ ႏိုင္ငံေရး သက္ေရာက္မႈ ႀကီးႀကီးမားမားရွိတယ္ဆိုတဲ့ဟာ ။ ဒါက်ေတာ္တို႔ လက္ရွိရွိတဲ့ အေျခအေနက သက္ေသပဲလို႔ က်ေနာ္တို႔ ေျပာခ်င္ပါတယ္။”

ဒီေနရာမွာ မဲဆႏၵနယ္ေျမအမ်ားစု ဖ်က္သိမ္းခံရတာ ရခုိင္ျပည္နယ္က ရခိုင္အမ်ိဳးသားပါတီရဲ႕ မူ၀ါဒေရးရာ ဦးေဆာင္ေကာ္မတီ အဖြဲ႔၀င္ ဦးေဖသန္းကိုအခု သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တဲ့ ခ်င္းျပည္နယ္က ပလက္၀နဲ႔ ရခိုင္က အမ္းၿမိဳ႕ေတြအတြက္ ျပန္စဥ္းစားဖို႔အေပၚ ဘယ္လို ထူးျခားမႈ ရွိပါသလဲလို႔ ေမးရာမွာ

“ပလက္၀ကေတာ့ အဓိက တိုက္ပြဲေတြ ေန႔တိုင္းလိုလိုျဖစ္ေနတဲ့ေနရာမ်ိဳး အဲဒီေနရာကို ေရြးေကာက္ပြဲ စာရင္းကေန မပယ္ပဲနဲ႔ လုပ္မယ္လို႔ ေၾကညာထားေတာ့ အဲဒီအေပၚမွာ ရခိုင္ျပည္နယ္က ေပါက္ေတာလို ၿမိဳ႕နယ္မ်ိဳးနဲ႔ ႏိႈင္းယွဥ္ၿပီးေတာ့ တခါမွ တိုက္ပြဲ မျဖစ္တဲ့ ၿမိဳ႕နယ္တခ်ိဳ႕နဲ႔ ႏိႈင္းယွဥ္ၿပီးေတာ့ ဒါက်ေတာ့ မလုပ္ဘူး။ ဟိုမွာ ေန႔တိုင္းျဖစ္ေနတဲ့ ေနရာက်ေတာ့ လုပ္တယ္ဆိုတဲ့ အျငင္းပြားမႈွေတြ ေ၀ဖန္မႈေတြ ရွိပါတယ္။ အဲဒါေၾကာင့္ ဒီလိုျပန္စဥ္းစားမယ္ဆိုတဲ့ သေဘာမ်ိဳးလို႔ က်ေနာ္ထင္တယ္။”

ေနာက္ အမ္း ၿမိဳ႕နယ္ကို ျပန္စဥ္းစားဖို႔ ေကာ္မရွင္က ေျပာခဲ့တဲ့အေပၚ ဆက္ေမးရာမွာ ပယ္ဖ်က္ခံ ၿမိဳ႕တခုျဖစ္တဲ့ ေျမပံုၿမိဳ႕နယ္ရဲ႕ လက္ရွိ ျပည္သူ႔လႊတ္ေတာ္အမတ္လည္းျဖစ္တဲ့ ဦးေဖသန္းက

“ အမ္းၿမိဳ႕နယ္က်ေတာ့ တကယ့္ နပခ (အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္)တကယ့္ တပ္ဌာနခ်ဳပ္ရွိတဲ့ ေနရာပါ။ အဲဒီေနရာမွာ ၿမိဳ႕ေလာက္ပဲ လုပ္တယ္ မဲဆႏၵနယ္ ၁ ကို လုပ္ၿပီးေတာ့ ၂ ကို မလုပ္ဘူးဆိုတဲ့ ကိစၥေတြ ရွိတာေပါ့ေနာ္။ တကယ္တမ္း တိုက္ပြဲေတြ ျဖစ္ေနတာကေတာ့ မဲဆႏၵနယ္ ( ၁ ) ဒလက္ေခ်ာင္းမွာျဖစ္တယ္။ (၂) မွာ ဘာမွ မျဖစ္ဘူး။ မဲဆႏၵနယ္ ( ၁ ) က NLD ႏိုင္ေျခရွိတဲ့ေနရာမို႔ လုပ္တယ္။ (၂) ကေတာ့ ANP ႏိုင္ေျခရွိတဲ့ေနရာမို႔ မလုပ္ဘူးဆိုၿပီးေတာ့ ေ၀ဖန္ၾကတာေပါ့ေနာ္။ ဒီအေပၚမွာ ဘယ္လိုျပင္ဆင္မလဲ ၁ ေရာ ၂ ေရာ လုပ္မလား ဆိုတာကိုေတာ့ က်ေနာ္တို႔ ေစာင့္ၾကည့္ဦးမယ္ေပါ့ေနာ္။”

ဒါ့အျပင္ ဒီေရြးေကာက္ပြဲ ေကာ္မရွင္ သတင္းစာရွင္းလင္းပြဲမွာ မေျပာခဲ့တဲ့ ရွမ္းျပည္နယ္က နယ္ေျမ တည္ၿငိမ္တဲ့ မိုင္းကိုင္ၿမိဳ႕နယ္ အတြက္ ဘာထူးျခားလဲလို႔ေမးရာမွာ ရွမ္းတိုင္းရင္းသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ၀င္ တြဲဖက္အတြင္းေရးမွဴး (၁) စိုင္းေက်ာ္ညႊန္႔က အခုအစိုးရနဲ႔ အရင္အစိုးရ ပါတီေတြနဲ႔ ေပါင္းၿပီး စာျပန္တင္ထားတယ္လို႔ ဆိုပါတယ္။

ဒီေနရာမွာ ေရြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ လံုၿခံဳေရးအတြက္ ကာကြယ္ေရးနဲ႔ ျပည္ထဲေရး၀န္ႀကီး ဌာနေတြကေန မွတ္ခ်က္ေတာင္း ေဆာင္ရြက္ခဲ့တယ္လို႔ ေျပာခဲ့တဲ့အေပၚ စိုင္းေက်ာ္ညႊန္႔က အဓိက ဆံုးျဖတ္ရမွာက ေကာ္မရွင္တာ၀န္ပဲလို႔ ဆိုပါတယ္။

“အဓိကအားျဖင့္ေတာ့ သံုးသပ္ခ်က္ေတြကို ၾကည့္ရင္ေတာ့ ၾကည့္လို႔ရပါတယ္ခင္ဗ်။ ဒါေပမယ့္ UEC ကိုယ္တိုင္က ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ UEC က ဆင္ခ်င္တံု တရားနဲ႔ေပါ့ဗ်ာ ၊ ေနာက္လက္ေတြ႔ အျပင္မွာ တကယ္ျဖစ္ပ်က္ေနတဲ့ ေျမျပင္အေျခအေနကို ဘယ္ေလာက္သိသလဲေပါ့ဗ်ာ ၊ ဒါမွမဟုတ္ သိေအာင္ ဘယ္ေလာက္အထိလုပ္ၿပီးမွ ဆံုးျဖတ္ထားသလဲ ဆိုတဲ့အေပၚမွာလည္း အင္မတန္အေရးႀကီးပါတယ္။ ဘက္ေပါင္းစံုေမးျမန္းၿပီးမွ လုပ္ေဆာင္သင့္တယ္လို႔ ျမင္ပါတယ္။”

အခုလိုအေျခအေနမွာ စိုင္းရဲေက်ာ္စြာျမင့္ကလည္း အခုလို ပါတီေတြနဲ႔ တုိင္ပင္မႈ အားနည္းတာေၾကာင့္ ေနာက္ဆံုးေရြးေကာက္ပြဲ ရလဒ္အထိပါ ျပႆနာ တက္လာႏိုင္တယ္လို႔ စိုးရိမ္တႀကီး ေျပာခဲ့ပါတယ္။ ဒါ့အျပင္ စိုင္းရဲေက်ာ္စြာျမင့္က COVID ကာလ ကာကြယ္ေရးအတြက္ ေကာ္မရွင္က အာမခံေျပာေနေပမယ့္ လက္ေတြ႔မွာ ဒီကာကြယ္ေရး ပစၥည္းေတြအတြက္ ဘက္ဂ်က္တင္ ေတာင္းထားတာ မေတြ႔ရလို႔ စိတ္ပူမိတယ္လို႔ ဆိုခဲ့ပါတယ္။

........

(Unicode)

ရွေးကောက်ပွဲအတွက် အချိန် သုံးပတ်ပဲ ကျန်တော့ပေမယ့် ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေ ဆက်လက် အပြောင်းအလဲဖြစ်နေတာဟာ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်တွေအတွက် ကြီးမားတဲ့ နစ်နာမှုကြီးအဖြစ် ရှုမြင်သူတွေရှိနေသလို ရွေးကောက်ပွဲ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်နေကြပါတယ်။ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် ရခိုင်နဲ့ ရှမ်းပါတီခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲစောင့်ကြည့်သူတွေရဲ့ တုန့်ပြန်ချက်တွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

၃ ပတ်နီးပါးသာလိုတော့တဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲတွေမှာ အရင်ဖျက်သိမ်းခဲ့တဲ့ မဲဆန္ဒနယ်မြေတွေထဲ၊ အန္တရာယ်ကင်း၊ ဘေးရှင်းတယ်လို့ ပြန်ပြောလာရင် လုံခြုံရေးဆိုင်ရာဌာနတွေက မှတ်ချက်တောင်းပြီး ပြန်စဉ်းစားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။(PACE) လို့ အတိုကောက်ခေါ်တဲ့ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပေမယ့် အချိန်ကပ်နေလို့ လက်တွေ့ဖြစ်ပါ့မလားလို့ အခုလို စရှင်းပြပါတယ်။

“ပြန်စဉ်းစားမယ်လို့ပြောတဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ဒါမြန်မြန်ဆန်ဆန်လုပ်ဖို့လိုတယ် ရွေးကောက်ပွဲက ၃ ပတ်ပဲ ကျန်တော့တယ်။ ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် မဲဆွယ်စည်းရုံးရေးတွေ ရပ်တန့်သွားပြီ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက အဲဒီဒေသတွေမှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်သွားပြီကို။ ဒါပေမယ့်လည်း လက်တွေ့မှာတော့အဲလိုဆုံးဖြတ်ဖို့ဆိုတာကလည်း ဖြစ်နိုင်ပါ့မလား ဆိုတာလည်း စဉ်းစားမိပါတယ်။ ဆိုတော့ အရေးကြီးတာကတော့ ဒီဆုံးဖြတ်ချက်တွေကို မချခင်မှာ သက်ဆိုင်ရာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ၊ အဲဒီဒေသမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အရင်ဦးဆုံး သေသေချာချာ တွေ့ဆုံညှိနှိုင်းသင့်တယ်လို့ ကျနော်မြင်တယ်။အဲဒါက ဒီဆုံးဖြတ်ချက်အပေါ်မှာ မကြေမလည်ဖြစ်တာရဲ့ အဓိက အကြီးမားဆုံးအချက်ပဲလို့ မြင်ပါတယ်။”

အဲဒီတော့ အရင်မညှိနှိုင်းခဲ့ပေမယ့် ဒီတခေါက် သက်ဆိုင်ရာပါတီတွေနဲ့ ညှိနှိုင်းဖို့အလားအလာကို မေးရာမှာ ဦးစိုင်းရဲကျော်စွာမြင့်က

“ဒီနေ့ ပြောသွားတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူတို့ ပြန်တိုင်ပင်မယ်ဆိုတာ ကျနော်တို့ မကြားမိဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆုံးဖြတ်ချက် တခုတည်းမဟုတ်ဘူး ဒါတွေက နိုင်ငံရေးအရ သက်ရောက်မှု ရှိတယ်ဆိုတဲ့ ဟာကတော့ ကျနော်တို့၊ နောက်ပြီးတော့ နိုင်ငံရေးရှု့ထောင့်ကိုတော့ အမြဲထည့်သွင်းစဉ်းစားဖို့လိုမယ် ။ ဒီဆုံးဖြတ်ချက်တိုင်းဟာ နိုင်ငံရေး သက်ရောက်မှု ကြီးကြီးမားမားရှိတယ်ဆိုတဲ့ဟာ ။ ဒါကျတော်တို့ လက်ရှိရှိတဲ့ အခြေအနေက သက်သေပဲလို့ ကျနော်တို့ ပြောချင်ပါတယ်။”

ဒီနေရာမှာ မဲဆန္ဒနယ်မြေအများစု ဖျက်သိမ်းခံရတာ ရခိုင်ပြည်နယ်က ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးဖေသန်းကိုအခု သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ ချင်းပြည်နယ်က ပလက်ဝနဲ့ ရခိုင်က အမ်းမြို့တွေအတွက် ပြန်စဉ်းစားဖို့အပေါ် ဘယ်လို ထူးခြားမှု ရှိပါသလဲလို့ မေးရာမှာ

“ပလက်ဝကတော့ အဓိက တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတဲ့နေရာမျိုး အဲဒီနေရာကို ရွေးကောက်ပွဲ စာရင်းကနေ မပယ်ပဲနဲ့ လုပ်မယ်လို့ ကြေညာထားတော့ အဲဒီအပေါ်မှာ ရခိုင်ပြည်နယ်က ပေါက်တောလို မြို့နယ်မျိုးနဲ့ နှိုင်းယှဉ်ပြီးတော့ တခါမှ တိုက်ပွဲ မဖြစ်တဲ့ မြို့နယ်တချို့နဲ့ နှိုင်းယှဉ်ပြီးတော့ ဒါကျတော့ မလုပ်ဘူး။ ဟိုမှာ နေ့တိုင်းဖြစ်နေတဲ့ နေရာကျတော့ လုပ်တယ်ဆိုတဲ့ အငြင်းပွားမှုှတွေ ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒါကြောင့် ဒီလိုပြန်စဉ်းစားမယ်ဆိုတဲ့ သဘောမျိုးလို့ ကျနော်ထင်တယ်။”

နောက် အမ်း မြို့နယ်ကို ပြန်စဉ်းစားဖို့ ကော်မရှင်က ပြောခဲ့တဲ့အပေါ် ဆက်မေးရာမှာ ပယ်ဖျက်ခံ မြို့တခုဖြစ်တဲ့ မြေပုံမြို့နယ်ရဲ့ လက်ရှိ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဦးဖေသန်းက

“ အမ်းမြို့နယ်ကျတော့ တကယ့် နပခ (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်)တကယ့် တပ်ဌာနချုပ်ရှိတဲ့ နေရာပါ။ အဲဒီနေရာမှာ မြို့လောက်ပဲ လုပ်တယ် မဲဆန္ဒနယ် ၁ ကို လုပ်ပြီးတော့ ၂ ကို မလုပ်ဘူးဆိုတဲ့ ကိစ္စတွေ ရှိတာပေါ့နော်။ တကယ်တမ်း တိုက်ပွဲတွေ ဖြစ်နေတာကတော့ မဲဆန္ဒနယ် ( ၁ ) ဒလက်ချောင်းမှာဖြစ်တယ်။ (၂) မှာ ဘာမှ မဖြစ်ဘူး။ မဲဆန္ဒနယ် ( ၁ ) က NLD နိုင်ခြေရှိတဲ့နေရာမို့ လုပ်တယ်။ (၂) ကတော့ ANP နိုင်ခြေရှိတဲ့နေရာမို့ မလုပ်ဘူးဆိုပြီးတော့ ဝေဖန်ကြတာပေါ့နော်။ ဒီအပေါ်မှာ ဘယ်လိုပြင်ဆင်မလဲ ၁ ရော ၂ ရော လုပ်မလား ဆိုတာကိုတော့ ကျနော်တို့ စောင့်ကြည့်ဦးမယ်ပေါ့နော်။”

ဒါ့အပြင် ဒီရွေးကောက်ပွဲ ကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ မပြောခဲ့တဲ့ ရှမ်းပြည်နယ်က နယ်မြေ တည်ငြိမ်တဲ့ မိုင်းကိုင်မြို့နယ် အတွက် ဘာထူးခြားလဲလို့မေးရာမှာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွှန့်က အခုအစိုးရနဲ့ အရင်အစိုးရ ပါတီတွေနဲ့ ပေါင်းပြီး စာပြန်တင်ထားတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လုံခြုံရေးအတွက် ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနတွေကနေ မှတ်ချက်တောင်း ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့တဲ့အပေါ် စိုင်းကျော်ညွှန့်က အဓိက ဆုံးဖြတ်ရမှာက ကော်မရှင်တာဝန်ပဲလို့ ဆိုပါတယ်။

“အဓိကအားဖြင့်တော့ သုံးသပ်ချက်တွေကို ကြည့်ရင်တော့ ကြည့်လို့ရပါတယ်ခင်ဗျ။ ဒါပေမယ့် UEC ကိုယ်တိုင်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ UEC က ဆင်ချင်တုံ တရားနဲ့ပေါ့ဗျာ ၊ နောက်လက်တွေ့ အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေကို ဘယ်လောက်သိသလဲပေါ့ဗျာ ၊ ဒါမှမဟုတ် သိအောင် ဘယ်လောက်အထိလုပ်ပြီးမှ ဆုံးဖြတ်ထားသလဲ ဆိုတဲ့အပေါ်မှာလည်း အင်မတန်အရေးကြီးပါတယ်။ ဘက်ပေါင်းစုံမေးမြန်းပြီးမှ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။”

အခုလိုအခြေအနေမှာ စိုင်းရဲကျော်စွာမြင့်ကလည်း အခုလို ပါတီတွေနဲ့ တိုင်ပင်မှု အားနည်းတာကြောင့် နောက်ဆုံးရွေးကောက်ပွဲ ရလဒ်အထိပါ ပြဿနာ တက်လာနိုင်တယ်လို့ စိုးရိမ်တကြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် စိုင်းရဲကျော်စွာမြင့်က COVID ကာလ ကာကွယ်ရေးအတွက် ကော်မရှင်က အာမခံပြောနေပေမယ့် လက်တွေ့မှာ ဒီကာကွယ်ရေး ပစ္စည်းတွေအတွက် ဘက်ဂျက်တင် တောင်းထားတာ မတွေ့ရလို့ စိတ်ပူမိတယ်လို့ ဆိုခဲ့ပါတယ်။

 https://burmese.voanews.com/a/uec-myanmar-election-/5629583.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.