Breaking

October 25, 2020

“ေရြးေကာက္ပဲြလံုၿခံဳေရး ကူညီေဆာင္ရြက္ေပးေန” - တပ္မေတာ္ သတင္းစာရွင္းလင္းပြဲ


ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ႕ သတင္းစာရွင္းလင္းပြဲ။ (ေအာက္တိုဘာ ၂၄၊ ၂၀၂၀)
(Zawgyi / Unicode)

၂၀၂၀ ေရြးေကာက္ပြဲ ျဖစ္ေျမာက္ေရး တပ္မေတာ္ဘက္က လုံၿခဳံေရးနဲ႔ ကာကြယ္ေရး ႐ႈေထာင့္အရ ကူညီေဆာင္ရြက္ေပးေနပါတယ္လို႔ ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ စစ္တပ္ဘက္က ေျပာဆိုလိုက္ခ်ိန္ လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ တိုင္းရင္းနယ္ေျမတခ်ိဳ႕ ေရြးေကာက္ပြဲ က်င္းပခြင့္မရတဲ့အေပၚ တိုင္းရင္းသားပါတီေတြဘက္က သေဘာထားအျမင္ေတြကုိ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ရဲ႕ လမ္းညႊန္ခ်က္နဲ႔အညီ ျမန္မာႏိုင္ငံ တႏုိင္ငံလံုး အတုိင္းအတာနဲ႔ နယ္ေျမေဒသအလိုက္ ေရြးေကာက္ပြဲ က်င္းပႏိုင္ေရး လုံၿခဳံေရးအျမင္ ၃ ဆင့္နဲ႔ ခြဲျခားသုံးသပ္ၿပီး နယ္ေျမလုံၿခဳံေရးနဲ႔ ကာကြယ္ေရးအတြက္ တပ္မေတာ္ဘက္က ဆုံးျဖတ္ အႀကံေပးခဲ့တာလို႔ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမွာ ရွင္းလင္း ေျပာဆိုလိုက္ပါတယ္။ ဒီကေန႔ ေအာက္တိုဘာလ ၂၄ ရက္ေန႔ မနက္ပိုင္း ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ က်င္းပျပဳလုပ္တဲ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျပာဆိုလုိက္တာပါ။

“တပ္မေတာ္အေနနဲ႔ကေတာ့ လံုၿခံဳေရးနဲ႔ ကာကြယ္ေရး ႐ႈေထာင့္အရ တုိင္းရင္းသားျပည္သူေတြ အားလံုး လံုၿခံဳစြာ လြတ္လပ္စြာ မဲေပးပိုင္ခြင့္ရွိေရး အေလးထားပါတယ္။ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အေနနဲ႔လည္း ပါတီစံု ဒီမိုကေရစီစနစ္မွာ ေရြးေကာက္ပြဲသည္ အသက္ျဖစ္တယ္၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ဖို႔လိုတယ္ ဆိုတာကိုလည္း အၿမဲတမ္း ေျပာခဲ့ပါတယ္။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ တႏုိင္ငံလံုးမွာ က်င္းပနိုင္ဖို႔လည္း တပ္မေတာ္ဘက္က လိုလားပါတယ္။

“က်ေနာ္တို႔အေနနဲ႔ကေတာ့ လံုၿခံဳစြာ မဲေပးႏုိင္ေရး သံုးသပ္ရာမွာ အဆင့္ ၃ ဆင့္နဲ႔ သေဘာထားမွတ္ခ်က္ ေပးခဲ့ပါတယ္။ ဒါ လံုၿခံဳေရးအျမင္အရပဲ ေျပာခဲ့တာျဖစ္ပါတယ္။ အဆင့္ ၃ ဆင့္မွာ နံပါတ္ ၁ လံုၿခံဳစြာ မဲေပးႏုိင္တဲ့ နယ္ေျမ၊ နံပါတ္ ၂ လံုၿခံဳေရးစီမံခ်က္ေတြနဲ႔ တည္ၿငိမ္စြာ မဲေပးႏုိင္တဲ့နယ္ေျမနဲ႔ နံပါတ္ ၃ လံုၿခံဳေရး အားနည္းသျဖင့္ မဲမေပးႏုိင္တဲ့ နယ္ေျမေတြပဲ ျဖစ္ပါတယ္။ သတိျပဳရမွာက ဒါဟာ သံုးသပ္ခ်က္ပဲျဖစ္ပါတယ္၊ ဆံုးျဖတ္ခ်က္ မဟုတ္ပါဘူး။ ဆံုးျဖတ္ေပးရမွာက သက္ဆိုင္ရာ အဖြဲ႔အစည္းေတြရဲ႕တာဝန္ ျဖစ္ပါတယ္။ က်ေနာ္တို႔ဘက္က လံုၿခံဳေရးဆိုင္ရာနဲ႔ ပတ္သက္ၿပီး ဒါကို အာမခံၿပီးမွ အဲ့ဒီ့နယ္ေျမမွာ တခုခုျဖစ္လာခဲ့ရင္ တပ္မေတာ္သည္ ပိုၿပီးေတာ့မွ လက္ညႇဳိးထိုးခံရမွာ ျဖစ္ပါတယ္။”

၂၀၂၀ ေရြးေကာက္ပြဲအတြက္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ မဲေပးခြင့္ရွိတဲ့ နယ္ေျမေပါင္း ၃၃၀ ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ လံုၿခံဳစြာ မဲေပးႏုိင္တယ္လို႔ အာမခံခ်က္ေပးခဲ့တဲ့ နယ္ေျမေပါင္းက ၂၇၁ နယ္ေျမပါ။ စစ္တပ္ဘက္က လံုၿခံဳေရးစီမံခ်က္ လုပ္ၿပီးမွ လုပ္ႏုိင္တယ္ဆိုတဲ့ နယ္ေျမ ၂၀ ျဖစ္ပါတယ္။ လံုၿခံဳေရး အားနည္းတယ္ဆိုၿပီး တင္ျပခဲ့တာကေတာ့ ၃၉ နယ္ေျမ ရွိတယ္လို႔ တပ္မေတာ္ေျပာခြင့္ရက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။ တိုက္ပြဲေတြ ျဖစ္ပြားမေနေပမယ့္ လံုၿခံဳေရးအာမခံခ်က္ ေပးလို႔မရတဲ့ နယ္ေျမေတြ ရွိေၾကာင္းကိုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“ျဖစ္ႏုိင္ရင္ ေရြးေကာက္ပြဲကို တႏုိင္ငံလံုးမွာ က်င္းပေစခ်င္ပါတယ္။ အဲ့လိုျဖစ္လို႔ပဲ ေနရာအႏွံ႔မွာ က်ေနာ္တို႔ မဲပံုးေတြ ပို႔ေဆာင္ေပးခဲ့ပါတယ္။ အခုမက်င္းပႏုိင္ေတာ့ဘူးဆိုတဲ့ နယ္ေျမေနရာေတြကိုေတာင္ က်ေနာ္တုိ႔ ပုိ႔ေဆာင္ေပးခဲ့တာေတြ ေတြ႔ရပါလိမ့္မယ္။ တခုေျပာခ်င္တာက ပစ္ခတ္တိုက္ခတ္မႈေတြ မရွိဘူးလို႔ ဆိုတာနဲ႔ လံုၿခံဳလြတ္လပ္စြာ မဲေပးႏုိင္ဖို႔ဆုိတာ မျဖစ္ႏိုင္ပါဘူး။ တိုက္ပြဲမျဖစ္ပြားေပမယ့္ လက္နက္ကိုင္ေတြ ဝင္ေရာက္ေနတဲ့ေနရာေတြ ရွိတယ္။ ၿခိမ္းေျခာက္မႈရွိတဲ့ ေနရာေတြ ရွိတယ္။ သတ္မွတ္နယ္ေျမေတြကို ေက်ာ္လြန္ဝင္ေရာက္ေနတာေတြ ရွိတယ္။ ေအာက္ေျခမွာ တကယ္ျဖစ္ပ်က္ေနတဲ့ အျဖစ္အပ်က္ေတြကို ေလ့လာၾကည့္ရင္ သိႏိုင္ပါတယ္။

“တိုင္းရင္းသားပါတီေတြက သူတို႔ တုိင္းရင္းသားေတြရွိတဲ့ ရြာေတြကို မဲဆြယ္စည္း႐ုံးဖို႔ သြားပါတယ္။ မဲဆြယ္စည္း႐ုံးဖို႔ သြားတဲ့အခါမွာ လက္နက္ကိုင္အဖြဲ႔အစည္းက မတူဘူး။ က်န္တဲ့တစုရဲ႕ လက္နက္ကိုင္ အဖြဲ႔အစည္းေပါ့ေနာ္။ အဲ့ဒီ့ လက္နက္ကိုင္အဖြဲ႔အစည္းရဲ႕ တားဆီးျခင္းခံရတာေတြ တုိင္တာေတြ ဒါေတြကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုေနရာမ်ိဳးေတြမွာ တိုက္ပြဲေတြ မျဖစ္ပြားတာ မွန္ေပမယ့္လို႔ က်ေနာ္တို႔အေနနဲ႔က်ေတာ့ ဒီလိုေတြျဖစ္ေနတယ္ဆိုတာ သံုးသပ္ၿပီး တင္ရမွာျဖစ္ပါတယ္။”

အခုလို တပ္မေတာ္ဘက္က လံုၿခံဳေရးအေၾကာင္းျပ ေရြးေကာက္ပြဲ က်င္းပႏုိင္ေျခ မရွိဘူးဆိုတဲ့ တုိင္းရင္းေဒသက နယ္ေျမေတြအေပၚ သံုးသပ္ခ်က္ဟာ တကယ့္လက္ေတြ႔ ေျမျပင္အေျခအေနနဲ႔ ကင္းကြာတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ဗဟိုေကာ္မတီဝင္ အတြင္းေရးမွဴး-၁ ဦးေအာင္ျမတ္ေက်ာ္က ေဝဖန္ေျပာဆိုလိုက္ပါတယ္။

“သူတို႔က ေျမျပင္အေျခအေနကို ေလ့လာမႈ အားနည္းတယ္လို႔ က်ေနာ္တို႔ကေတာ့ သံုးသပ္ခ်င္တယ္။ ဥပမာ ေပါက္ေတာေပါ့၊ ေျမာက္ပိုင္းဘက္မွာ ေပါက္ေတာဆိုရင္ လံုးဝ တုိက္ပြဲျဖစ္တာမရွိဘူး။ ၿပီးရင္ က်ေနာ္တို႔ စစ္ေတြဆိုရင္လည္း အဲ့ဒီ့ ကံေကာ္ကၽြန္းဆိုတဲ့ ေက်းရြာအုပ္စုကို သူတို႔က ပယ္လုိက္တယ္။ အဲ့ဒီ့ ကံေကာ္ကၽြန္းဆိုတာကလည္း စစ္တပ္ရဲ႕ေဘးနားမွာ ကပ္ရပ္ပဲရွိတာ။ တပ္ေတြ ပတ္ပတ္လည္ဝိုင္းၿပီးရင္ ရွိေနတဲ့ေနရာပဲ က်ေနာ္တို႔စစ္ေတြမွာ။ အဲ့ဒါေတြကို ပယ္လိုက္တယ္။ အဲ့ဒါဆိုရင္ သူတို႔က ဘယ္လိုမ်ိဳး လံုၿခံဳေရးအရ ျဖစ္တယ္ဆိုတဲ့ အပိုင္းက ေတာ္ေတာ္ကို ေမးခြန္းထုတ္စရာ ျဖစ္သြားတာေပါ့။ အဲ့ေတာ့ က်ေနာ္တို႔ဘက္ကေတာ့ ေျပာသင့္တဲ့ဟာကို UEC ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ကိုေတာ့ ကန္႔ကြက္လႊာေတြ ေပးပို႔ထားတာရွိပါတယ္၊ က်ေနာ္တို႔ပါတီအေနနဲ႔။ အဲ့ဒါနဲ႔ပတ္သက္ၿပီး ျပန္စဥ္းစားေပးဖို႔ေပါ့။”

ဒီလို တိုင္းရင္းသားျပည္သူေတြ မဲေပးပိုင္ခြင့္ မဆံုး႐ႈံးေစခ်င္ဘူးဆိုရင္ ေရြးေကာက္ပြဲက်င္းပမယ့္ တိုင္းရင္းနယ္ေျမေဒသေတြမွာ ‘ႏွစ္ဖက္ စစ္ရပ္လုိက္ပါ’ လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္က ေျပာပါတယ္။

“တပ္မေတာ္ဘက္က ဘာမွ လုပ္စရာမလိုဘူး၊ စစ္ဆင္ေရးမလုပ္ဖို႔ပဲ လိုတယ္။ ဟိုဘက္ကလည္း စစ္ဆင္ေရး မလုပ္ဖို႔ပဲလိုတယ္၊ ေရြးေကာက္ပြဲ ကာလမွာေပါ့ေနာ္။ ေရြးေကာက္ပြဲကာလမွာ က်ေနာ္ထင္တယ္ ၂ ပတ္ ၃ ပတ္ေလာက္ပဲ လိုေတာ့တာေလ၊ စစ္ဆင္ေရး မလုပ္ၾကပါနဲ႔။ တဖက္နဲ႔တဖက္ စစ္ေရးအျမတ္ထုတ္မႈေတြေပါ့ေနာ္ မလုပ္ဖို႔ဘဲ လိုတယ္လို႔ ထင္တယ္။ ေရြးေကာက္ပြဲျဖစ္ဖို႔ဆိုတာက က်ေနာ္ေျပာခ်င္တာက ေရြးေကာက္ပြဲဆိုတာက လူထုရဲ႕ ကိုယ္စားလွယ္ကို ေရြးခ်ယ္တာဗ်။ လူထုရဲ႕ ကိုယ္စားလွယ္ကို ေရြးခ်ယ္တာ လူထုရဲ႕ကိုယ္စား ကိုယ္စားလွယ္ေတြ ရခဲ့လို႔ရွိရင္ သူတို႔ကိုယ္စားလွယ္ေတြက စကားေျပာရဆိုရ ပိုလြယ္တာေပါ့ ဆိုရင္ ေရြးေကာက္ပြဲျဖစ္ဖို႔က လိုကိုလိုပါတယ္။ အဲ့ဒီ့အတြက္ကိုလည္းပဲ ေတာ္လွန္ေရးအဖြဲ႔ေတြကလည္း နားလည္မွာပါ။ တပ္မေတာ္ဘက္ကလည္း ဒါကို နားလည္မွာပါ။”

‘လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပႏိုင္ေျခမရွိ’ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ပဲခူးတုိင္းေဒသႀကီးတြင္းက ၿမိဳ႕နယ္ ေက်းရြာအုပ္စုေတြမွာ ေရြးေကာက္ပြဲက်င္းပခြင့္ မရွိေၾကာင္းကိုလည္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္က ေၾကညာခဲ့တာပါ။ ေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္အေပၚမွာေတာ့ တပ္မေတာ္ဘက္က လံုၿခံဳေရးနဲ႔ ကာကြယ္ေရး အေျခအေနအရ အႀကံေပးခဲ့တာသာျဖစ္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္သက္သက္သာ ျဖစ္ေၾကာင္းကိုလည္း ဒီကေန႔က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ဘက္က ေျပာဆိုခဲ့ပါတယ္။

ဒီကေန႔ သတင္းစာရွင္းလင္းပြဲအတြင္းမွာေတာ့ ကပ္ေရာဂါ ကိုဗစ္ကာလ တပ္မေတာ္ရဲ႕ ေဆာင္ရြက္ခ်က္ေတြ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ၿငိမ္းခ်မ္းေရးမိန္႔ခြန္းနဲ႔ ေရြးေကာက္ပြဲလံုၿခံဳေရး တပ္ရဲ႕ေဆာင္ရြက္ခ်က္နဲ႔ AA လက္နက္ကိုင္အဖြဲ႔နဲ႔ ထိေတြ႔မႈ ေနာက္ဆံုးအေျခအေနေတြကို ရွင္းလင္းခဲ့တာျဖစ္ပါတယ္။


 ---------------------------

(Unicode)

“ရွေးကောက်ပွဲလုံခြုံရေး ကူညီဆောင်ရွက်ပေးနေ” - တပ်မတော် သတင်းစာရှင်းလင်းပွဲ

၂၀၂၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး တပ်မတော်ဘက်က လုံခြုံရေးနဲ့ ကာကွယ်ရေး ရှုထောင့်အရ ကူညီဆောင်ရွက်ပေးနေပါတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ဘက်က ပြောဆိုလိုက်ချိန် လုံခြုံရေး အကြောင်းပြချက်နဲ့ တိုင်းရင်းနယ်မြေတချို့ ရွေးကောက်ပွဲ ကျင်းပခွင့်မရတဲ့အပေါ် တိုင်းရင်းသားပါတီတွေဘက်က သဘောထားအမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေဒေသအလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးအမြင် ၃ ဆင့်နဲ့ ခွဲခြားသုံးသပ်ပြီး နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် တပ်မတော်ဘက်က ဆုံးဖြတ် အကြံပေးခဲ့တာလို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်း နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောဆိုလိုက်တာပါ။

“တပ်မတော်အနေနဲ့ကတော့ လုံခြုံရေးနဲ့ ကာကွယ်ရေး ရှုထောင့်အရ တိုင်းရင်းသားပြည်သူတွေ အားလုံး လုံခြုံစွာ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိရေး အလေးထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လည်း ပါတီစုံ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲသည် အသက်ဖြစ်တယ်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လိုတယ် ဆိုတာကိုလည်း အမြဲတမ်း ပြောခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တနိုင်ငံလုံးမှာ ကျင်းပနိုင်ဖို့လည်း တပ်မတော်ဘက်က လိုလားပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ လုံခြုံစွာ မဲပေးနိုင်ရေး သုံးသပ်ရာမှာ အဆင့် ၃ ဆင့်နဲ့ သဘောထားမှတ်ချက် ပေးခဲ့ပါတယ်။ ဒါ လုံခြုံရေးအမြင်အရပဲ ပြောခဲ့တာဖြစ်ပါတယ်။ အဆင့် ၃ ဆင့်မှာ နံပါတ် ၁ လုံခြုံစွာ မဲပေးနိုင်တဲ့ နယ်မြေ၊ နံပါတ် ၂ လုံခြုံရေးစီမံချက်တွေနဲ့ တည်ငြိမ်စွာ မဲပေးနိုင်တဲ့နယ်မြေနဲ့ နံပါတ် ၃ လုံခြုံရေး အားနည်းသဖြင့် မဲမပေးနိုင်တဲ့ နယ်မြေတွေပဲ ဖြစ်ပါတယ်။ သတိပြုရမှာက ဒါဟာ သုံးသပ်ချက်ပဲဖြစ်ပါတယ်၊ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ဆုံးဖြတ်ပေးရမှာက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့တာဝန် ဖြစ်ပါတယ်။ ကျနော်တို့ဘက်က လုံခြုံရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ဒါကို အာမခံပြီးမှ အဲ့ဒီ့နယ်မြေမှာ တခုခုဖြစ်လာခဲ့ရင် တပ်မတော်သည် ပိုပြီးတော့မှ လက်ညှိုးထိုးခံရမှာ ဖြစ်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲပေးခွင့်ရှိတဲ့ နယ်မြေပေါင်း ၃၃၀ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လုံခြုံစွာ မဲပေးနိုင်တယ်လို့ အာမခံချက်ပေးခဲ့တဲ့ နယ်မြေပေါင်းက ၂၇၁ နယ်မြေပါ။ စစ်တပ်ဘက်က လုံခြုံရေးစီမံချက် လုပ်ပြီးမှ လုပ်နိုင်တယ်ဆိုတဲ့ နယ်မြေ ၂၀ ဖြစ်ပါတယ်။ လုံခြုံရေး အားနည်းတယ်ဆိုပြီး တင်ပြခဲ့တာကတော့ ၃၉ နယ်မြေ ရှိတယ်လို့ တပ်မတော်ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားမနေပေမယ့် လုံခြုံရေးအာမခံချက် ပေးလို့မရတဲ့ နယ်မြေတွေ ရှိကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို တနိုင်ငံလုံးမှာ ကျင်းပစေချင်ပါတယ်။ အဲ့လိုဖြစ်လို့ပဲ နေရာအနှံ့မှာ ကျနော်တို့ မဲပုံးတွေ ပို့ဆောင်ပေးခဲ့ပါတယ်။ အခုမကျင်းပနိုင်တော့ဘူးဆိုတဲ့ နယ်မြေနေရာတွေကိုတောင် ကျနော်တို့ ပို့ဆောင်ပေးခဲ့တာတွေ တွေ့ရပါလိမ့်မယ်။ တခုပြောချင်တာက ပစ်ခတ်တိုက်ခတ်မှုတွေ မရှိဘူးလို့ ဆိုတာနဲ့ လုံခြုံလွတ်လပ်စွာ မဲပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တိုက်ပွဲမဖြစ်ပွားပေမယ့် လက်နက်ကိုင်တွေ ဝင်ရောက်နေတဲ့နေရာတွေ ရှိတယ်။ ခြိမ်းခြောက်မှုရှိတဲ့ နေရာတွေ ရှိတယ်။ သတ်မှတ်နယ်မြေတွေကို ကျော်လွန်ဝင်ရောက်နေတာတွေ ရှိတယ်။ အောက်ခြေမှာ တကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

“တိုင်းရင်းသားပါတီတွေက သူတို့ တိုင်းရင်းသားတွေရှိတဲ့ ရွာတွေကို မဲဆွယ်စည်းရုံးဖို့ သွားပါတယ်။ မဲဆွယ်စည်းရုံးဖို့ သွားတဲ့အခါမှာ လက်နက်ကိုင်အဖွဲ့အစည်းက မတူဘူး။ ကျန်တဲ့တစုရဲ့ လက်နက်ကိုင် အဖွဲ့အစည်းပေါ့နော်။ အဲ့ဒီ့ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ တားဆီးခြင်းခံရတာတွေ တိုင်တာတွေ ဒါတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုနေရာမျိုးတွေမှာ တိုက်ပွဲတွေ မဖြစ်ပွားတာ မှန်ပေမယ့်လို့ ကျနော်တို့အနေနဲ့ကျတော့ ဒီလိုတွေဖြစ်နေတယ်ဆိုတာ သုံးသပ်ပြီး တင်ရမှာဖြစ်ပါတယ်။”

အခုလို တပ်မတော်ဘက်က လုံခြုံရေးအကြောင်းပြ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ မရှိဘူးဆိုတဲ့ တိုင်းရင်းဒေသက နယ်မြေတွေအပေါ် သုံးသပ်ချက်ဟာ တကယ့်လက်တွေ့ မြေပြင်အခြေအနေနဲ့ ကင်းကွာတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဗဟိုကော်မတီဝင် အတွင်းရေးမှူး-၁ ဦးအောင်မြတ်ကျော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“သူတို့က မြေပြင်အခြေအနေကို လေ့လာမှု အားနည်းတယ်လို့ ကျနော်တို့ကတော့ သုံးသပ်ချင်တယ်။ ဥပမာ ပေါက်တောပေါ့၊ မြောက်ပိုင်းဘက်မှာ ပေါက်တောဆိုရင် လုံးဝ တိုက်ပွဲဖြစ်တာမရှိဘူး။ ပြီးရင် ကျနော်တို့ စစ်တွေဆိုရင်လည်း အဲ့ဒီ့ ကံကော်ကျွန်းဆိုတဲ့ ကျေးရွာအုပ်စုကို သူတို့က ပယ်လိုက်တယ်။ အဲ့ဒီ့ ကံကော်ကျွန်းဆိုတာကလည်း စစ်တပ်ရဲ့ဘေးနားမှာ ကပ်ရပ်ပဲရှိတာ။ တပ်တွေ ပတ်ပတ်လည်ဝိုင်းပြီးရင် ရှိနေတဲ့နေရာပဲ ကျနော်တို့စစ်တွေမှာ။ အဲ့ဒါတွေကို ပယ်လိုက်တယ်။ အဲ့ဒါဆိုရင် သူတို့က ဘယ်လိုမျိုး လုံခြုံရေးအရ ဖြစ်တယ်ဆိုတဲ့ အပိုင်းက တော်တော်ကို မေးခွန်းထုတ်စရာ ဖြစ်သွားတာပေါ့။ အဲ့တော့ ကျနော်တို့ဘက်ကတော့ ပြောသင့်တဲ့ဟာကို UEC ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကိုတော့ ကန့်ကွက်လွှာတွေ ပေးပို့ထားတာရှိပါတယ်၊ ကျနော်တို့ပါတီအနေနဲ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြန်စဉ်းစားပေးဖို့ပေါ့။”

 https://burmese.voanews.com/a/myanmar-election-security-army-press/5634066.html

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.