ႏိုဝင္ဘာလ ၃ ရက္ အဂၤါေန႔က က်င္းပခဲ့တဲ့ အေမရိကန္ သမၼတေရြးေကာက္ပြဲမွာ ဘယ္သူ အႏိုင္ရတယ္ ဆိုတာ ၾကာသပေတးေန႔ အထိ မသိရေသးပါဘူး။
သမၼတအျဖစ္ ေရြးခ်ယ္ခံရဖုိ႔ Electoral Vote ဆုိတဲ့ ကုိယ္စားလွယ္မဲ ၂၇၀ ရရွိဖုိ႔ လိုအပ္တာ ျဖစ္ၿပီး အဂၤါေန႔ညက က်င္းပတဲ့ ေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီက ၿပိဳင္ဘက္ ဂ်ိဳးဘိုင္ဒင္က ကိုယ္စားလွယ္မဲ ၂၅၃ မဲ ရၿပီး နီးစပ္ေနၿပီျဖစ္ပါတယ္။ ရီပတ္ဘလစ္ကင္ပါတီက မဲမသမာမႈေတြ ရွိတယ္လို႔ ဆိုၿပီး တရားစြဲဆိုမႈေတြ လုပ္ေနသလုိ သမၼတ ေဒၚနယ္ထရမ့္ကလည္း မဲေရတြက္မႈ ရပ္ဆိုင္းပစ္ဖုိ႔ ေတာင္းဆိုေနပါတယ္။
ၾကာသပေတးေန႔ ညေနပိုင္း အခ်ိန္အထိ ျပည္နယ္ ၄ ခုမွာ မဲေတြကို ဆက္လက္ ေရတြက္ေနဆဲ ျဖစ္ပါတယ္။ အေမရိကန္ အေရွ႕ပိုင္းက ေဂ်ာ္ဂ်ီယာ နဲ႔ Pennsylvania ျပည္နယ္ေတြနဲ႔ အေမရိကန္ အေနာက္ပိုင္းက အရီဇိုးနားနဲ႔ နီဗားဒါး ျပည္နယ္ေတြ ျဖစ္ပါတယ္။
ကိုယ္စားလွယ္မဲ ၂၁၄ မဲ ရထားတဲ့ သမၼတ ထရမ့္က ေဂ်ာ္ဂ်ီယာ နဲ႔ Pennsylvania ျပည္နယ္ေတြမွာ မဲ အသာစီး ရဖို႔ အလားအလာ ရွိေနသလို ဂ်ိဳးဘိုင္ဒင္က အေနာက္ပိုင္းက ျပည္နယ္ ၂ ခုမွာ အသာစီးရဖို႔ အလားအလာ ရွိေနတာျဖစ္ၿပီး ဘယ္သူ ႏိုင္မယ္ဆိုတာ ခန္႔မွန္းလို႔ မရေသးပါဘူး။
ေဂ်ာ္ဂ်ီယာ ျပည္နယ္အတြက္ ကိုယ္စားလွယ္မဲက ၁၆ မဲ ျဖစ္သလို Pennsylvania ျပည္နယ္အတြက္ မဲ ၂၀ ရွိပါတယ္။ အရီဇိုးနား အတြက္ ကိုယ္စားလွယ္မဲ ၁၁ မဲရွိၿပီး နီဗားဒါးက ၆ မဲရွိပါတယ္။
............
ကန်သမ္မတရွေးကောက်ပွဲ အရှုံးအနိုင်မပြတ်သေး
(Unicode)
နိုဝင်ဘာလ ၃ ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရတယ် ဆိုတာ ကြာသပတေးနေ့ အထိ မသိရသေးပါဘူး။
သမ္မတအဖြစ် ရွေးချယ်ခံရဖို့ Electoral Vote ဆိုတဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့ လိုအပ်တာ ဖြစ်ပြီး အင်္ဂါနေ့ညက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဂျိုးဘိုင်ဒင်က ကိုယ်စားလှယ်မဲ ၂၅၃ မဲ ရပြီး နီးစပ်နေပြီဖြစ်ပါတယ်။ ရီပတ်ဘလစ်ကင်ပါတီက မဲမသမာမှုတွေ ရှိတယ်လို့ ဆိုပြီး တရားစွဲဆိုမှုတွေ လုပ်နေသလို သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မဲရေတွက်မှု ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုနေပါတယ်။
ကြာသပတေးနေ့ ညနေပိုင်း အချိန်အထိ ပြည်နယ် ၄ ခုမှာ မဲတွေကို ဆက်လက် ရေတွက်နေဆဲ ဖြစ်ပါတယ်။ အမေရိကန် အရှေ့ပိုင်းက ဂျော်ဂျီယာ နဲ့ Pennsylvania ပြည်နယ်တွေနဲ့ အမေရိကန် အနောက်ပိုင်းက အရီဇိုးနားနဲ့ နီဗားဒါး ပြည်နယ်တွေ ဖြစ်ပါတယ်။
ကိုယ်စားလှယ်မဲ ၂၁၄ မဲ ရထားတဲ့ သမ္မတ ထရမ့်က ဂျော်ဂျီယာ နဲ့ Pennsylvania ပြည်နယ်တွေမှာ မဲ အသာစီး ရဖို့ အလားအလာ ရှိနေသလို ဂျိုးဘိုင်ဒင်က အနောက်ပိုင်းက ပြည်နယ် ၂ ခုမှာ အသာစီးရဖို့ အလားအလာ ရှိနေတာဖြစ်ပြီး ဘယ်သူ နိုင်မယ်ဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး။
ဂျော်ဂျီယာ ပြည်နယ်အတွက် ကိုယ်စားလှယ်မဲက ၁၆ မဲ ဖြစ်သလို Pennsylvania ပြည်နယ်အတွက် မဲ ၂၀ ရှိပါတယ်။ အရီဇိုးနား အတွက် ကိုယ်စားလှယ်မဲ ၁၁ မဲရှိပြီး နီဗားဒါးက ၆ မဲရှိပါတယ်။
https://burmese.voanews.com/a/trump-biden-us-election-/5649829.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.