- ဗြီအိုုေအ (ျမန္မာဌာန)
အိမ္ျဖဴေတာ္၀န္ထမ္းအရာရွိခ်ဳပ္ Mark Meadows က သူ႔မွာ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္ေနတာကုိ စမ္းသပ္ သိရွိခဲ့ရေၾကာင္း သူနဲ႔ နီးစပ္တဲ့ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ အတည္ျပဳေျပာၾကားခဲ့တယ္လုိ႔ ေသာၾကာေန႔ေႏွာင္းပုိင္းက အေမရိကန္သတင္းမီဒီယာ အေတာ္မ်ားမ်ားမွာ ေရးသားေဖာ္ျပၾကပါတယ္။
သူ႔မွာ ဘယ္လုိ ေရာဂါလကၡဏာမ်ဳိး ခံစားေနရတယ္ဆုိတာနဲ႔ ေရာဂါပုိး ကူးစက္ေနတယ္ဆုိတာကုိ ဘယ္အခ်ိန္မွာ စမ္းသပ္ သိရွိခဲ့တယ္ဆုိတာကုိေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ သူ႔မွာ ကုိဗစ္-၁၉ ကူးစက္ေနတယ္ဆုိတာကုိ နီးစပ္တဲ့ လုပ္ေဖာ္ကုိင္ဖက္ေတြကုိ အဂၤါေန႔မွာ က်င္းပတဲ့ အေမရိကန္ေရြးေကာက္ပြဲအၿပီးမွာ ေျပာၾကားခဲ့တာလုိ႔ ဆုိပါတယ္။
သူ႔ထံက တုိက္ရုိက္အတည္ျပဳခ်က္ရႏုိင္ဖုိ႔ အေမရိကန္မီဒီယာေတြက ဆက္သြယ္ခဲ့ေပမယ့္ အေၾကာင္းျပန္ၾကားခဲ့ျခင္း မရွိဘူးလုိ႔ ဆုိပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တုိဘာလအတြင္း သမၼတ Donald Trump ကုိဗစ္-၁၉ ကူးစက္ခံရစဥ္က Mark Meadows ဟာ သမၼတ အနီးမွာ ေတာက္ေလွ်ာက္ ရွိေနခဲ့သျဖစ္ၿပီး သမၼတ Walter Reed စစ္ေဆးရုံတက္တဲ့အခါမွာလည္း သမၼတနဲ႔အတူ ေဆးရုံကုိ လုိက္ပါသြားခဲ့သူတဦး ျဖစ္ပါတယ္။
ဒါဟာ သမၼတ Trump ေအာက္တုိဘာလအတြင္း ကုိဗစ္-၁၉ ကူးစက္ခံရစဥ္ အိမ္ျဖဴေတာ္ ထိပ္တန္း အရာရွိအေတာ္ေတာ္မ်ားမ်ားပါ ကုိဗစ္ကူးစက္ခံရၿပီးတဲ့ေနာက္ အိမ္ျဖဴေတာ္ ထိပ္တန္းအရာရွိတဦး ကုိဗစ္-၁၉ ထပ္မံ ကူးစက္ခံရတာလည္း ျဖစ္ပါတယ္။
[[Unicode]]
အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် Mark Meadows က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာကို စမ်းသပ် သိရှိခဲ့ရကြောင်း သူနဲ့ နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အတည်ပြုပြောကြားခဲ့တယ်လို့ သောကြာနေ့နှောင်းပိုင်းက အမေရိကန်သတင်းမီဒီယာ အတော်များများမှာ ရေးသားဖော်ပြကြပါတယ်။
သူ့မှာ ဘယ်လို ရောဂါလက္ခဏာမျိုး ခံစားနေရတယ်ဆိုတာနဲ့ ရောဂါပိုး ကူးစက်နေတယ်ဆိုတာကို ဘယ်အချိန်မှာ စမ်းသပ် သိရှိခဲ့တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် သူ့မှာ ကိုဗစ်-၁၉ ကူးစက်နေတယ်ဆိုတာကို နီးစပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အင်္ဂါနေ့မှာ ကျင်းပတဲ့ အမေရိကန်ရွေးကောက်ပွဲအပြီးမှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။
သူ့ထံက တိုက်ရိုက်အတည်ပြုချက်ရနိုင်ဖို့ အမေရိကန်မီဒီယာတွေက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း သမ္မတ Donald Trump ကိုဗစ်-၁၉ ကူးစက်ခံရစဉ်က Mark Meadows ဟာ သမ္မတ အနီးမှာ တောက်လျှောက် ရှိနေခဲ့သဖြစ်ပြီး သမ္မတ Walter Reed စစ်ဆေးရုံတက်တဲ့အခါမှာလည်း သမ္မတနဲ့အတူ ဆေးရုံကို လိုက်ပါသွားခဲ့သူတဦး ဖြစ်ပါတယ်။
ဒါဟာ သမ္မတ Trump အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရစဉ် အိမ်ဖြူတော် ထိပ်တန်း အရာရှိအတော်တော်များများပါ ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက် အိမ်ဖြူတော် ထိပ်တန်းအရာရှိတဦး ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရတာလည်း ဖြစ်ပါတယ်။
https://burmese.voanews.com/a/white-house-chief-of-staff-infected-with-coronavirus/5651682.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.