Breaking

December 12, 2020

ရွေးကောက်ပွဲမသမာမှုတွေ ဖြေရှင်းပေးသည်အထိ USDP ကြိုးပမ်းမည်


 



~~~~~~~~~~
သီဟထွန်း
■ ရွေးကောက်ပွဲကာလ တရားမဲ့ပြုကျင့်မှုတွေ နဲ့ မဲမသမာမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့ အညီ ဖြေရှင်းပေးဖို့အတွက် တရားစီရင်ရေး လမ်းကြောင်းဆုံးတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းက ပြောလိုက်ပါတယ်။
“ရွေးကောက်ပွဲ‌တွေဟာ ဒီမိုကရေစီရှင်သန်ဖို့ ကျင်းပတာဖြစ်တဲ့အတွက် လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာဖို့လိုကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို အသိပေးဆောင်ရွက်တာမရှိဘဲ ဆောင်ရွက်တာတွေရှိခဲ့တယ်လို့လည်း ဒီနေ့ နေပြည်တော် USDP ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးလှထွန်းက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပြောဆိုမူ တွေနဲ့ ပတ်သက်ပြီး UEC ရဲ့ သဘောထားသိနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရဲအရေးပိုင်တဲ့ အမှု စုစုပေါင်း ၁၇၁ မှုကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
တချိန်ထဲမှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC ဗဟိုက လွဲလို့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားထားတဲ့ အမှုအရေအတွက် (၁၁၂၈) စောင်ရှိတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်း (၅၀) အထက် UEC ကို တင်ပြဖို့ ရှိနေပြီး ရွေးကောက်ပွဲကော်မရှင်က ဥပဒေ စီရင်ထုံးတွေကို မပစ်ပယ်ပဲ သမတ်ကျကျ ဆုံးဖြတ်မယ်ဆိုရင် USDP ပါတီ အနေနဲ့ နေရာအတော်တော်များများပြန်ပြီး အနိုင်ရမယ်လို့ မျှော်လင့်ထားကြောင်း ဦးသိန်းထွန်းဦးက ဆိုပါတယ်။
(unicode)
~~~~~~~~
ေရြးေကာက္ပြဲမသမာမႈေတြ ေျဖရွင္းေပးသည္အထိ USDP ၾကိဳးပမ္းမည္
~~~~~~~~~~
သီဟထြန္း
■ ေ႐ြးေကာက္ပြဲကာလ တရားမဲ့ျပဳက်င့္မႈေတြ နဲ႔ မဲမသမာမႈေတြကို ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က ဥပေဒနဲ႔ အညီ ေျဖရွင္းေပးဖို႔အတြက္ တရားစီရင္ေရး လမ္းေၾကာင္းဆံုးတဲ့အထိ ေဆာင္ရြက္သြားမယ္လို႔ ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ဒုတိယ ဥကၠ႒ ဦးလွထြန္းက ေျပာလိုက္ပါတယ္။
“ေ႐ြးေကာက္ပြဲ‌ေတြဟာ ဒီမိုကေရစီရွင္သန္ဖို႔ က်င္းပတာျဖစ္တဲ့အတြက္ လြတ္လပ္မွ်တၿပီး ပြင့္လင္းျမင္သာဖို႔လိုေၾကာင္း၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ႏိုင္ငံေရးပါတီေတြကို အသိေပးေဆာင္႐ြက္တာမရွိဘဲ ေဆာင္ရြက္တာေတြရွိခဲ့တယ္လို႔လည္း ဒီေန႔ ေနျပည္ေတာ္ USDP ရံုးမွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးလွထြန္းက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီဘက္က ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေ၀ဖန္ေျပာဆိုမူ ေတြနဲ႔ ပတ္သက္ၿပီး UEC ရဲ႔ သေဘာထားသိႏိုင္ဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို RFA က ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖၾကားမယ့္သူ မရွိပါဘူး။
ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီက ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ရဲအေရးပိုင္တဲ့ အမႈ စုစုေပါင္း ၁၇၁ မႈကို ရဲစခန္းမွာ အမႈဖြင့္ တိုင္ၾကားထားတယ္လို႔ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာပါတယ္။
တခ်ိန္ထဲမွာပဲ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC ဗဟိုက လြဲလို႔တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ေက်း ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲေတြကို ႀကံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီက တိုင္ၾကားထားတဲ့ အမႈအေရအတြက္ (၁၁၂၈) ေစာင္ရွိတယ္လို႔ ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
လက္ရွိအခ်ိန္အထိ ေရြးေကာက္ပြဲ ကန္႔ကြက္လႊာ အမႈေပါင္း (၅၀) အထက္ UEC ကို တင္ျပဖို႔ ရွိေနၿပီး ေရြးေကာက္ပြဲေကာ္မရွင္က ဥပေဒ စီရင္ထုံးေတြကို မပစ္ပယ္ပဲ သမတ္က်က် ဆုံးျဖတ္မယ္ဆိုရင္ USDP ပါတီ အေနနဲ႔ ေနရာအေတာ္ေတာ္မ်ားမ်ားျပန္ၿပီး အႏိုင္ရမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဦးသိန္းထြန္းဦးက ဆိုပါတယ္။
(zawgyi)

No comments:

Post a Comment

Note: Only a member of this blog may post a comment.