Breaking

February 16, 2021

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ၁၅ ဦး ပုဒ်မ ၅၀၅(ခ) အမှုဖွင့်ခံရ

 2021-02-16


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ၁၅ ဦး ပုဒ်မ ၅၀၅(ခ) အမှုဖွင့်ခံရ  
CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့ကို ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ( ၁၅ ) ဦးကို သက်ဆိုင်ရာ မြို့နယ် တရားရုံးတွေမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ( ခ ) နဲ့ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာ အမှုဖွင့်ထားတယ်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းထားတဲ့ အရပ်သား ရှစ်ဦးပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကို အရေးယူဖို့ ဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ပြီးနောက် အခုလို အမှုဖွင့်လိုက်တာပါ။

တရားဝင်အစိုးရတစ်ရပ်က စွဲဆိုတာမဟုတ်တဲ့အတွက် ဘာမှတုံ့ပြန်သွားမှာမဟုတ်ဘဲ ကော်မတီအနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“မတရားသဖြင့် စွဲဆိုထားတဲ့ အမှုတွေကို တရားဝင်အစိုးရတစ်ရပ်ကနေ စွဲဆိုထားတယ်ဆိုရင် ပြစ်မှုမြောက်တယ်လို့ ကျွန်မတို့ ခံစားရမယ်။ အခုဟာက အာဏာကိုလက်နက်ကိုင်ပြီး သိမ်းထားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ ကျွန်မတို့ကိုပြန်စွဲတာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဘာမှလည်း တုံ့ပြန်သွားမှာ မဟုတ်ဘူး။ နဂိုကတည်းက အာဏာသိမ်းအစိုးရကို အစိုးရအနေနဲ့မသတ်မှတ်သလို ရာဇဝတ်မှု ကျုးလွန်ပြီးသားသူတွေဖြစ်တဲ့အတွက် ကျွန်မတို့က လုပ်စရာရှိတာ ဆက်လုပ်သွားမယ်“

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရထားတဲ့ NLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် (၁၅) ဦး နဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

NLD ပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါင်းပြီး စင်ပြိုင်အစိုးရအနေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဟာ အွန်လိုင်းကနေ အစည်းအဝေးခေါ်ယူပြီး စစ်ကောင်စီရဲ့ အမိန့်ထုတ်ပြန်ချက်မှန်သမျှကို မလိုက်နာဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

 https://www.rfa.org/burmese/news/crph-committee-members-case-02162021042516.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.