Breaking

February 20, 2021

အာဏာသိမ္းစစ္ေကာင္စီ အာဏာမစြန္႔လႊတ္ရင္ ျပင္းထန္တဲ့ ဒဏ္ခတ္အေရးယူမႈခံရႏိုင္ (ကန္ အထက္လႊတ္ေတာ္အမတ္)

 


အင္ဒီယားနားျပည္နယ္ကုိယ္စားျပဳ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Todd Young ႏွင့္ BACI ေတြ႔ဆုံေဆြးေႏြး
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းယူထားတာကို ျပန္မစြန္႔လႊတ္ဘူးဆိုရင္ ပုိၿပီးျပင္းထန္တဲ့ အေရးယူဒဏ္ခတ္မႈေတြ ႀကဳံလာရ ႏိုင္တယ္လို႔ အင္ဒီယားနားျပည္နယ္ကုိယ္စားျပဳ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္ Todd Young က သတိေပး ေျပာဆိုလိုက္ ပါတယ္။ အင္ဒီယာနာပုိလစ္ၿမဳိ႕မွာ ျမန္မာ-ခ်င္းလူမႈအဖြဲ႔အစည္းနဲ႔ ေသာၾကာေန႔က ေတြ႔ဆုံေဆြးေႏြးစဥ္မွာ အခုလို ေျပာဆိုသြားတဲ့အေၾကာင္း ကိုဥာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံရဲ႕လက္ရွိအေျခအေနကေန အေျပာင္းအလဲေတြ ျဖစ္လာေစႏိုင္မယ့္ နည္းလမ္းကိုရွာေဖြဖို႔ အင္ဒီယားနား ျပည္နယ္အေျခစိုက္ ခ်င္းတုိင္းရင္းသားအမ်ားစုပါဝင္တဲ့ ျမန္မာ-ခ်င္း လူမႈအဖြဲ႔အစည္းနဲ႔ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ Todd Young တို႔ အင္ဒီယာနာပုိလစ္ၿမဳိ႕မွာ ေဖေဖၚဝါရီ(၁၉) ေသာၾကာေန႔ လည္က ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတာပါ။

ျမန္မာ့တပ္မေတာ္အေနနဲ႔ အရပ္သားအစိုးရကို အာဏာျပန္လႊဲအပ္ဖို႔လိုတယ္လို႔ ေဆြးေႏြးပဲြမွာ အထက္လႊတ္ေတာ္အမတ္ Todd Young က တိုက္တြန္းသြားတာပါ။

“ ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြအတြင္း အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က အျပတ္အသတ္အႏိုင္ရခဲ့ေပမယ့္ ေရြးေကာက္ပဲြရလဒ္ကို စစ္တပ္က တရားဝင္မႈ မရွိဘူးဆိုၿပီး ႀကံရြယ္လုပ္ေဆာင္ခဲ့တာေတြ႔ရပါတယ္။ ဒါဟာ စစ္တပ္က ဒီမုိကေရစီကို သစၥာေဖါက္လိုက္တာျဖစ္ၿပီး ေရြးေကာက္ခံ အရပ္သားကိုယ္စားလွယ္ေတြကို အာဏာျပန္လႊဲအပ္ဖို႔လိုပါတယ္။ ဒီလိုမွမဟုတ္ပဲ အာဏာကို ျပန္မစြန္႔လႊတ္ဘူးဆိုရင္ ခုထက္ျပင္းထန္တဲ့ အေရးယူဒဏ္ခတ္မႈေတြ ႀကဳံလာရႏိုင္ပါတယ္။ ဒီကိစၥအတြက္ အေမရိကန္အစိုးရကိုလည္း က်ေနာ္တို႔ တိုက္တြန္းသြားမွာျဖစ္သလို၊ အႀကိမ္ႀကိမ္ သတိေပးႏႈိးေဆာ္ေနမွာ ျဖစ္တယ္လို႔ က်ေနာ့္ မဲဆႏၵနယ္ေျမက ျပည္သူေတြကို အသိေပးလိုပါတယ္။ ”

Mr. Todd Young ဟာ အေမရိကန္ အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီဝင္တဦးျဖစ္ၿပီး ျမန္မာ့လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ လႊတ္ေတာ္အတြင္း တက္ၾကြစြာ ေဆာင္ရြက္ေနသူတဦးလည္း ျဖစ္ပါတယ္။

အင္ဒီယာနာပုိလစ္ၿမဳိ႕က ေသာၾကာေန႔ေဆြးေႏြးပဲြမွာ ပါဝင္ခဲ့သူ BACI (Burmese American Community Institute) ျမန္မာ-အေမရိကန္ လူမႈအဖြဲ႔အစည္း တာဝန္ခံ ကိုအီလိုင္ဇာက အထက္လႊတ္ေတာ္ အမတ္နဲ႔ ေဆြးေႏြးပဲြလုပ္ရတဲ့ အေၾကာင္းကို ရွင္းျပပါတယ္။

“ဒီ စစ္အစိုးရကေနၿပီးေတာ့မွ အာဏာသိမ္းတာနဲ႔ ပက္သက္ၿပီးေတာ့မွ ခ်က္ခ်င္း အဖမ္းခံထားရတဲ့ State Counselor ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္နဲ႔ တျခားေခါင္းေဆာင္ေတြ ၊ ႏိုင္ငံေရးလႈပ္ရွားမႈမွာပါတဲ့ ေခါင္းေဆာင္ေတြ ခ်က္ခ်င္းအၾကြင္းမရွိ လႊတ္ေပးဖို႔ သူတို႔ ေတာင္းထားတာရွိတယ္။ အဲဒါ တကယ္လို႔မ်ား စစ္အာဏာရွင္ကေနၿပီးေတာ့ မလိုက္နာဘူးဆိုရင္ ပိုျပင္းထန္တဲ့အေရးယူမႈ၊ စီးပြားေရးပိတ္ၿပီးအေရးယူမႈ ၊ Diplomatic အေနနဲ႔ အေရးယူမႈရယ္ ၿပီးရင္ လိုရင္လိုအပ္သလို အေရးယူမႈဖို႔ရယ္ သူကေနၿပီးေတာ့ ဦးေဆာင္လုပ္ေပးေနတယ္။ ဆိုေတာ့ ဒါကို Civilian အရပ္သားအစိုးရဆီကို အာဏာျပန္လြဲေပးႏိုင္ရန္ က်ေနာ္တို႔က အတန္တန္ တိုက္တြန္းထားတာ ျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံမွာ ရွစ္ေလးလုံး စစ္အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ခဲ့ေပမယ့္ ျမန္မာႏိုင္ငံမွာ ဒီမုိကေရစီ အေျပာင္းအလဲေတြ အလြယ္တကူ ျဖစ္မလာပဲ စစ္အာဏာရွင္ေတြသာ သက္စိုးရွည္ခဲ့တာပါ။ အခုတေခါက္ အေမရိကန္ရဲ႕ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြက လက္ေတြ႔မွာ တကယ္ ထိေရာက္မႈေတြရွိလာႏိုင္မွာပါလား။ ကိုအီလိုင္ဇာက ခုလို သုံးသပ္ပါတယ္။

“က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္ ဒီတခါေတာ့ အေမရိကန္ကေနၿပီးေတာ့မွ UN ရယ္၊ မဟာမိတ္ေတြရယ္ ၊ ဥပမာအားျဖင့္ မေန႔တုန္းကလည္း ဂ်ပန္၊ ျပင္သစ္နဲ႔ သူတို႔ ေပါင္းၿပီးေတာ့မွ ဆက္လက္မယ္ဆိုၿပီးေတာ့ ႏိုင္ငံျခားေရးဌာန၀န္ႀကီး Blinken ကေနၿပီးေတာ့မွ သူတို႔ agreement ရထားပါတယ္။ တကယ့္တကယ္ result အေျဖလည္းထြက္လာမယ့္ action ေတြျဖစ္မယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္။ တကယ္လို႔မ်ား စစ္အစိုးရကေနၿပီးေတာ့မွ အာဏာမလႊတ္ဘူးဆိုရင္ က်ေနာ္တို႔က တျခားနည္းလမ္း အားလံုးကိုလည္း ရွာေဖြမွာျဖစ္ပါတယ္။”

ဘယ္လုိပဲျဖစ္ျဖစ္ သူတို႔အေနနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ေနထုိင္ေနေပမယ့္ ျမန္မာျပည္သူျပည္သားေတြရဲ႕ ေန႔စဥ္လႈပ္ရွားမႈေတြနဲ႔အတူ တသားထဲရွိေၾကာင္း ကိုအီလိုင္ဇာက ေျပာပါတယ္။

“ အထူးသျဖင့္ CDM မွာပါတဲ့ အားလံုးကို က်ေနာ္တို႔ ေက်းဇူးလည္းတင္တယ္၊ ခြန္အားလည္းရတယ္။ ၿပီးေတာ့မွ Non-Violence movement ျပည္သူေတြ လုပ္ေနတာကို က်ေနာ္တို႔ အားေပးတယ္။ အဲလိုပဲ ျပည္တြင္းမွာ People power ျပည္သူလူထုရဲ႕ အင္အားက အဓိကပါ။ ျပည္သူလူထုရဲ႕ အင္အားက ဒီလိုသာ ဆက္သြားေနမယ္ ၊ ဆက္လုပ္ေနမယ္ဆိုရင္ က်ေနာ္တို႔ ျပည္ပမွာ ေရာက္ေနတဲ့ ျမန္မာအသိုင္းအ၀ိုင္းရယ္ က်ေနာ္တို႔ အေမရိကန္ႏိုင္ငံအစိုးရရယ္ ပိုၿပီးေတာ့မွ ေထာက္ပံ႔ၿပီးေတာ့ အားေပးႏိုင္ဖို႔ အလားအလာေတြလည္း ပိုမ်ားလာမယ္။ အဲဒါေၾကာင့္ အားမေလွ်ာ့ၾကပါနဲ႔ ၊ က်ေနာ္တို႔ Revolution က်ေနာ္တို႔ တိုက္ပြဲကို မၿပီးမခ်င္း ဆက္လုပ္ရေအာင္ ။ အဲလိုလုပ္တဲ့အခ်ိန္မွာ Peaceful အၾကမ္းမဖက္ပဲ စည္းကမ္းရွိရွိနဲ႔ က်ေန္ာတို႔ ဆက္လုပ္ၾကရေအာင္လို႔ က်ေနာ္ေျပာခ်င္ပါတယ္။ ”

ခုလာမယ့္ သီတင္းပတ္ကုန္မွာလည္း အင္ဒီယားနားျပည္နယ္ေရာက္ ျမန္မာနဲ႔တုိင္းရင္းသားေပါင္းစုံက ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ဆႏၵျပ ေတာင္းဆိုၾကမယ္လို႔ သိရပါတယ္။



..............

အာဏာသိမ်းစစ်ကောင်စီ အာဏာမစွန့်လွှတ်ရင် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုခံရနိုင် (ကန် အထက်လွှတ်တော်အမတ်)

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရ နိုင်တယ်လို့ အင်ဒီယားနားပြည်နယ်ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Todd Young က သတိပေး ပြောဆိုလိုက် ပါတယ်။ အင်ဒီယာနာပိုလစ်မြို့မှာ မြန်မာ-ချင်းလူမှုအဖွဲ့အစည်းနဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ အခုလို ပြောဆိုသွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကနေ အပြောင်းအလဲတွေ ဖြစ်လာစေနိုင်မယ့် နည်းလမ်းကိုရှာဖွေဖို့ အင်ဒီယားနား ပြည်နယ်အခြေစိုက် ချင်းတိုင်းရင်းသားအများစုပါဝင်တဲ့ မြန်မာ-ချင်း လူမှုအဖွဲ့အစည်းနဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Todd Young တို့ အင်ဒီယာနာပိုလစ်မြို့မှာ ဖေဖေါ်ဝါရီ(၁၉) သောကြာနေ့ လည်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

မြန်မာ့တပ်မတော်အနေနဲ့ အရပ်သားအစိုးရကို အာဏာပြန်လွှဲအပ်ဖို့လိုတယ်လို့ ဆွေးနွေးပွဲမှာ အထက်လွှတ်တော်အမတ် Todd Young က တိုက်တွန်းသွားတာပါ။

“ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က တရားဝင်မှု မရှိဘူးဆိုပြီး ကြံရွယ်လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ စစ်တပ်က ဒီမိုကရေစီကို သစ္စာဖေါက်လိုက်တာဖြစ်ပြီး ရွေးကောက်ခံ အရပ်သားကိုယ်စားလှယ်တွေကို အာဏာပြန်လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ အာဏာကို ပြန်မစွန့်လွှတ်ဘူးဆိုရင် ခုထက်ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ကြုံလာရနိုင်ပါတယ်။ ဒီကိစ္စအတွက် အမေရိကန်အစိုးရကိုလည်း ကျနော်တို့ တိုက်တွန်းသွားမှာဖြစ်သလို၊ အကြိမ်ကြိမ် သတိပေးနှိုးဆော်နေမှာ ဖြစ်တယ်လို့ ကျနော့် မဲဆန္ဒနယ်မြေက ပြည်သူတွေကို အသိပေးလိုပါတယ်။ ”

Mr. Todd Young ဟာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဝင်တဦးဖြစ်ပြီး မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း တက်ကြွစွာ ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။

အင်ဒီယာနာပိုလစ်မြို့က သောကြာနေ့ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ BACI (Burmese American Community Institute) မြန်မာ-အမေရိကန် လူမှုအဖွဲ့အစည်း တာဝန်ခံ ကိုအီလိုင်ဇာက အထက်လွှတ်တော် အမတ်နဲ့ ဆွေးနွေးပွဲလုပ်ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။

“ဒီ စစ်အစိုးရကနေပြီးတော့မှ အာဏာသိမ်းတာနဲ့ ပက်သက်ပြီးတော့မှ ချက်ချင်း အဖမ်းခံထားရတဲ့ State Counselor ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ တခြားခေါင်းဆောင်တွေ ၊ နိုင်ငံရေးလှုပ်ရှားမှုမှာပါတဲ့ ခေါင်းဆောင်တွေ ချက်ချင်းအကြွင်းမရှိ လွှတ်ပေးဖို့ သူတို့ တောင်းထားတာရှိတယ်။ အဲဒါ တကယ်လို့များ စစ်အာဏာရှင်ကနေပြီးတော့ မလိုက်နာဘူးဆိုရင် ပိုပြင်းထန်တဲ့အရေးယူမှု၊ စီးပွားရေးပိတ်ပြီးအရေးယူမှု ၊ Diplomatic အနေနဲ့ အရေးယူမှုရယ် ပြီးရင် လိုရင်လိုအပ်သလို အရေးယူမှုဖို့ရယ် သူကနေပြီးတော့ ဦးဆောင်လုပ်ပေးနေတယ်။ ဆိုတော့ ဒါကို Civilian အရပ်သားအစိုးရဆီကို အာဏာပြန်လွဲပေးနိုင်ရန် ကျနော်တို့က အတန်တန် တိုက်တွန်းထားတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ အလွယ်တကူ ဖြစ်မလာပဲ စစ်အာဏာရှင်တွေသာ သက်စိုးရှည်ခဲ့တာပါ။ အခုတခေါက် အမေရိကန်ရဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေက လက်တွေ့မှာ တကယ် ထိရောက်မှုတွေရှိလာနိုင်မှာပါလား။ ကိုအီလိုင်ဇာက ခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ မျှော်လင့်ပါတယ် ဒီတခါတော့ အမေရိကန်ကနေပြီးတော့မှ UN ရယ်၊ မဟာမိတ်တွေရယ် ၊ ဥပမာအားဖြင့် မနေ့တုန်းကလည်း ဂျပန်၊ ပြင်သစ်နဲ့ သူတို့ ပေါင်းပြီးတော့မှ ဆက်လက်မယ်ဆိုပြီးတော့ နိုင်ငံခြားရေးဌာနဝန်ကြီး Blinken ကနေပြီးတော့မှ သူတို့ agreement ရထားပါတယ်။ တကယ့်တကယ် result အဖြေလည်းထွက်လာမယ့် action တွေဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ တကယ်လို့များ စစ်အစိုးရကနေပြီးတော့မှ အာဏာမလွှတ်ဘူးဆိုရင် ကျနော်တို့က တခြားနည်းလမ်း အားလုံးကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပေမယ့် မြန်မာပြည်သူပြည်သားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့အတူ တသားထဲရှိကြောင်း ကိုအီလိုင်ဇာက ပြောပါတယ်။

“ အထူးသဖြင့် CDM မှာပါတဲ့ အားလုံးကို ကျနော်တို့ ကျေးဇူးလည်းတင်တယ်၊ ခွန်အားလည်းရတယ်။ ပြီးတော့မှ Non-Violence movement ပြည်သူတွေ လုပ်နေတာကို ကျနော်တို့ အားပေးတယ်။ အဲလိုပဲ ပြည်တွင်းမှာ People power ပြည်သူလူထုရဲ့ အင်အားက အဓိကပါ။ ပြည်သူလူထုရဲ့ အင်အားက ဒီလိုသာ ဆက်သွားနေမယ် ၊ ဆက်လုပ်နေမယ်ဆိုရင် ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းရယ် ကျနော်တို့ အမေရိကန်နိုင်ငံအစိုးရရယ် ပိုပြီးတော့မှ ထောက်ပံ့ပြီးတော့ အားပေးနိုင်ဖို့ အလားအလာတွေလည်း ပိုများလာမယ်။ အဲဒါကြောင့် အားမလျှော့ကြပါနဲ့ ၊ ကျနော်တို့ Revolution ကျနော်တို့ တိုက်ပွဲကို မပြီးမချင်း ဆက်လုပ်ရအောင် ။ အဲလိုလုပ်တဲ့အချိန်မှာ Peaceful အကြမ်းမဖက်ပဲ စည်းကမ်းရှိရှိနဲ့ ကျနေ်ာတို့ ဆက်လုပ်ကြရအောင်လို့ ကျနော်ပြောချင်ပါတယ်။ ”

ခုလာမယ့် သီတင်းပတ်ကုန်မှာလည်း အင်ဒီယားနားပြည်နယ်ရောက် မြန်မာနဲ့တိုင်းရင်းသားပေါင်းစုံက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆန္ဒပြ တောင်းဆိုကြမယ်လို့ သိရပါတယ်။ 

 https://burmese.voanews.com/a/baci-meet-with-todd-young-/5785862.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.