ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ နိုင်ငံအတွက် လိုအပ်တဲ့ foreign reserve လို့ခေါ်တဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေ ၆.၇ ဘီလျံလောက်ကို ပြည်ပကဘဏ်တွေမှာ အပ်နှံထားတဲ့အထဲက အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ ဒေါ်လာ ၁ ဘီလျံကို အမေရိကန်အစိုးရက ထိန်းချုပ်ထားလိုက်ပေမယ့် အခြားနိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ဘဏ္ဍှာငွေတွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
အခုအချိန်မှာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်ဖို့အတွက် အရေးကြီးတဲ့ ဗဟိုဘဏ်ကို အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားပြီး ဖြစ်တဲ့အတွက်၊ ဗဟိုဘဏ်ရဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေတွေကို တလွဲ အသုံးပြုလို့ မရအောင် တားဆီးဖို့ လိုတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။
https://www.rfa.org/burmese/program_2/foreign-reserve-money-for-myanmar-02202021210527.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.