Breaking

March 11, 2021

AA ကို အကြမ်းဖက်အဖွဲ့ ကြေညာထားမှု စစ်ကောင်စီ ရုပ်သိမ်း

2021-03-10

AA ကို အကြမ်းဖက်အဖွဲ့ ကြေညာထားမှု စစ်ကောင်စီ ရုပ်သိမ်း  
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Arakan Army

ရက္ခိုင့်တပ်တော် AA ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခြင်းမရှိတော့လို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတာကို ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့ ဒီနေ့မှာ နိုင်ငံပိုင်သတင်းစာကနေ ကြေညာလိုက်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ခဲ့တဲ့ AA အဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် အခုလိုရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း ဒီနေ့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။

စစ်ကောင်စီကို ရခိုင်အမျိုးသားပါတီက တောင်းဆိုထားတဲ့အထဲမှာ ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက် အဖွဲ့ကနေ ပယ်ဖျက်ပေးဖို့၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို လွှတ်ပေးဖို့ဆိုတဲ့ အချက်တွေပါဝင်ပြီး ဒီတောင်းဆိုချက်တွေကို စစ်ကောင်စီက အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

https://www.rfa.org/burmese/news/military-council-statement-terrorist-group-declared-aa-03102021224259.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.