Breaking

March 11, 2021

မြန်မာ့အရေး အမေရိကန် အထက် လွှတ်တော်မှာကြားနာ

 နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)

2021-03-10

ဒီကနေ့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ကမ္ဘာတဝန်းက ဒီမိုကရေစီရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ကြားနာပွဲအတွင်း မြန်မာနိုင်ငံအရေးလည်း ပါဝင်ခဲ့ပါတယ်။ ဒီကြားနာပွဲမှာ လာရောက်ထွက်ဆိုခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ မဝေနှင်းပွင့်သုန်ကတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လတ်တလော ကြုံနေရတဲ့ အခြေအနေတွေကို အဓိက မီးမောင်းထိုး တင်ပြခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ အမေရိကန်ပြည်ထောင်စုက ချမှတ်ဖို့ တိုက်တွန်းခဲ့ပြီး၊ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီအနေနဲ့ မြန်မာ့အရေးမှာ စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကြားနာပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကမ္ဘာ့ရေးရာ လက်ထောက်ဝန်ကြီး Paula J. Dobriansky တို့လည်း လာရောက်ထွက်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအကာအကွယ်ပေးရေး ဥပဒေ ၂၀၂၁ မူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ်။

https://www.rfa.org/burmese/multimedia/us-parliament-and-myanmar-military-coup-03102021161135.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.