Breaking

March 25, 2021

အင်တာနက်လိုင်း မရလို့ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ရုံးမထုတ်နိုင်

 

2021-03-24


သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ video Conferencing စနစ်နဲ့ ပြုလုပ်မယ့် စတုတ္ထအကြိမ် ဒီနေ့ရုံးချိန်းမှာလည်း အင်တာနက်လိုင်းမရတာကြောင့် ရုံးထုတ်ဆောင်ရွက်နိုခြင်း မရှိခဲ့ပါဘူး၊၊

မတ်လ ၁၅ ရက်နေ့ ရုံးချိန်းတုန်းကလည်း အင်တာနက် မရတာကြောင့် ရုံးထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး၊၊

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအဖြစ် လိုက်ပါဆောင်ရွက်ဖို့ တင်ပြထားတဲ့ ဦးခင်မောင်ဇော်၊ ဦးကြည် ဝင်း၊ ဒေါ်မင်းမင်းစိုး၊ ဦးယုယချစ်တို့ထဲက လူငယ်ရှေ့နေတွေဖြစ်တဲ့ ဒေါ်မင်းမင်းစိုးနဲ့ ဦးယုယချစ်တို့ကိုသာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာရရှိဖို့ ရဲတပ်ဖွဲ့ဘက်က ဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ ရုံးချိန်းမှာ ပြောခဲ့ပေမယ့်
ဒီနေ့ ရုံးချိန်းမှာလည်း အဲဒီ ရှေ့နေ နှစ်ဦး ကိုယ်စားလှယ်လွှဲစာ မရခဲ့ဘူးလို့ တရားလွှတ်တာ်ရှေ့နေ ဦးခင်မောင်ဇော် ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားသူကြီးက ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဦးယုယုချစ်တို့ကို တွေ့ဆုံခဲ့ပြီး နောက်ထပ် ရုံးချိန်းကို ဧပြီ ၁ ရက်နေ့ ချိန်းဆိုပြီး အဲဒီရုံးချိန်းမှာတော့ ကိုယ်စားလှယ်လွှဲစာ ရနိုင်ကြောင်း ပြောခဲ့တယ်လို့ ဦးခင်မောင် ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်ပြီး ရှေ့နေ နှစ်ဦးသာ ကိုယ်စားလှယ်လွှဲစာ ရခဲ့ရင်လည်း အဲဒီရှေ့နေနှစ်ယောက်ကို စီနီယာရှေ့နေတွေက နောက်ကနေ ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုပါတယ်။

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တရားစွဲတင်ခံထားရတဲ့ အမှုတွေကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက စစ်ဆေး ဆောင်ရွက်နေတာဖြစ်ပြီး စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)တို့နဲ့ တရားစွဲဆိုထားတာပါ၊၊

သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅ နဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ပါတယ်၊၊
...............................................
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခံထားရတဲ့အမှုတွေအတွက် လိုက်ပါဆောင်ရွက် ပေးမယ့် ရှေ့နေ အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ရဲ့ ဒီနေ့ ရုံးချိန်းအပြီး ပြောပြချက်ကို နားဆင်နိုင်ပါတယ်။

 https://www.rfa.org/burmese/interview/president-dassk-court-03242021040419.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.