Breaking

May 21, 2021

ေဒၚေအာင္ဆန္းစုၾကည္ ရန္ကုန္အမႈ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ လႊဲယူ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းေရာက္ ျမန္မာႏိုင္ငံသားေတြ စစ္အာဏာရွင္ ဆႏၵျပပဲြအတြင္း ကိုင္ေဆာင္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဓာတ္ပံု။ (ေဖေဖာ္ဝါရီ ၂၂၊ ၂၀၂၁)
[Zawgyi/Unicode]

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ ရန္ကုန္ၿမိဳ႕မွာ တရားစြဲဆိုခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈကို ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္က ေတာင္းယူသြားတာေၾကာင့္ ဒီကေန႔႐ုံးခ်ိန္းမွာ အမႈ မၾကားနာႏိုင္ခဲ့ပါဘူး။ ေနျပည္ေတာ္မွာ တရားခြင္ကို ေဒၚေအာင္ဆန္းစုၾကည္ လူကိုယ္တုိင္လာရမယ့္ ၾကားနာပဲြကိုလည္း တနလၤာေန႔ ေမလ ၂၄ ရက္ေန႔မွာ စတင္ေတာ့မွာျဖစ္ေပမဲ့ ခုခ်ိန္ထိ ေ႐ွ႕ေနေတြနဲ႔ ေတ႔ြဆံု တိုင္ပင္ခြင့္ မရေသးပါဘူး။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လုိ႔ ရန္ကုန္ကလာတဲ့ သတင္းကို မခင္ျဖဴေထြးက တင္ျပပါမယ္။

ရန္ကုန္ၿမိဳ႕မွာ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃ (၁) (ဂ) နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲထားတဲ့အမႈအတြက္ ဒီေန႔ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ ႐ံုးခ်ိန္း႐ွိေပမဲ့ ဒီအမႈကို ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က ေတာင္းယူသြားတာေၾကာင့္ အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ အမႈမရွိေတာ့တဲ့အတြက္ မၾကားနာႏိုင္ခဲ့ပါဘူး။ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က အမႈကို ယူသြားတယ္ဆိုတာ ဘာအဓိပၸါယ္လဲဆိုတာ အေသအခ်ာ မေျပာႏုိင္ဘူးလုိ႔ ရန္ကုန္က ေဒၚေအာင္ဆန္းစုၾကည္ အမႈကို လိုက္ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေနအဖြဲ႕ထဲက ေဒၚစန္းမာလာၫြန႔္က ေျပာပါတယ္။

"ဒီေန႔ ရံုးခ်ိန္းကေလ အေရွ႕ပိုင္းခရိုင္ကအမႈကို ျပည္ေထာင္စုတရားလႊတ္ေတာ္က ယူသြားတယ္ဆိုေတာ့ အမတို႔ရံုးခ်ိန္းမွာ ဘာမွ မရွိဘူး။ အခု ဒီရံုးမွာ အမတို႔ ရံုးခ်ိန္းပဲ ျပန္ခ်ိန္းေပးပါတယ္။ အန္တီ့ကိုေတာ့ video conferencing နဲ႔ အေရွ႕ပိုင္းခရိုင္တရားသူၾကီး... သူတို႔ႏွစ္ေယာက္ ေျပာတဲ့ video conferencing ကို အဲဒီဆရာက laptop ကေန အမတို႔ကို ဖြင့္ျပတယ္။ အန္တီ့ရဲ႕ က်န္းမာေရးအေျခအေနေကာင္းပါတယ္။ ၿပီးေတာ့မွ အန္တီ ေနာက္ဆံုးဘာေျပာခ်င္ေသးလဲလို႔ သူက ေဒၚေအာင္ဆန္းစုၾကည္ကို ေမးတဲ့အခါက်ေတာ့မွ အန္တီက ေရွ႕ေန ၅ ေယာက္လံုးနဲ႔ သူေတြ႔ခ်င္ပါတယ္လို႔ ေျပာတယ္။ ဘယ္လိုပံုစံျဖစ္မလဲဆိုတာေတာ့ အမလည္း အဲဒါေတာ့ မေျပာတတ္ဘူး။ ၃ ရက္ေန႔က်ရင္ေတာ့ တခုခုေတာ့ ျဖစ္မွာေပါ့။ ဒီၾကားထဲမွာ သူတို႔ ဘယ္လို စီစဥ္မယ္ဆိုတာေတာ့ အမတို႔ မသိဘူး။ ၃ ရက္ေန႔ရံုးခ်ိန္းကေတာ့ အမ အေရွ႕ပိုင္းခရိုင္ရံုးခ်ိန္းကိုပဲ သြားရမယ္။ ဒါေပမဲ့ သူ႔ရံုးမွာေတာ့ အမႈတဲြမရွိတဲ့အတြက္ သူကေတာ့ စီစဥ္မယ့္ ကိစၥေတာ့ အမတို႔ကို ေျပာမယ္လို႔ ထင္ပါတယ္။"

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး Australia ႏိုင္ငံသား မစၥတာေရွာင္တာနယ္ဆီမွာ ေတြ႔႐ွိတဲ့ စာ႐ြက္စာတမ္းေတြနဲ႔ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၃ (၁) (ဂ)နဲ႔ ရန္ကုန္မွာ တရားစြဲထားတာျဖစ္ပါတယ္။

ရန္ကုန္က အမႈကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က လုပ္ပိုင္ခြင့္နဲ႔ ေတာင္းယူသြားတာေၾကာင့္ ေနာက္႐ုံးခ်ိန္းေတြကို မူလစြဲဆိုထားတဲ့ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ စစ္ျဖစ္ မစစ္ျဖစ္ဆိုတာကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ထဲက ေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးၿပီး ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာ စုစုေပါင္း အမႈေပါင္း ၇ ခုနဲ႔ တရားစြဲထားတာပါ။ ေနျပည္ေတာ္မွာ ပုဒ္မ ၅ ခုနဲ႔ အမႈ ၆ မႈ၊ ရန္ကုန္ၿမိဳ႕မွာ ပုဒ္မ ၁ ခုနဲ႔ အမႈ ၁ ခု စုစုေပါင္း အမႈ ၇ ခုနဲ႔ ရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ခုခ်ိန္ထိ သူ႔ရဲ႕ ေ႐ွ႕ေနေတြနဲ႔ ေတြ႔ဆံု ေဆြးေႏြးခြင့္ မရေသးပါဘူး။ ေနျပည္ေတာ္က အမႈတခုက သမၼတဦးဝင္းျမင့္၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တို႔နဲ႔ အမႈတြဲ ၁ ခုထဲျဖစ္ပါတယ္။ သူတုိ႔အားလံုး အက်ဳိးေဆာင္ ေ႐ွ႕ေနေတြနဲ႔ ေတ႔ြဆံုခြင့္ မရၾကေသးပါဘူး။ ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ကို အက်ယ္ခ်ဳပ္ခ်ထားတဲ့ သူ႔ေနအိမ္နားမွာ အထူးတရား႐ံုး တခုလုပ္ၿပီး ေမလ ၂၄ ရက္ေန႔ ႐ံုးခ်ိန္းက်ရင္ အြန္လိုင္းကမဟုတ္ဘဲ လူကိုယ္တိုင္လာေရာက္ ၾကားနာဖုိ႔ တရားသူႀကီးက ညႊန္ၾကားထားပါတယ္။

တနလၤာေန႔ ႐ံုးခ်ိန္းကို ေ႐ွ႕ေန တဖဲြ႔လံုး တက္ဖုိ႔ စီစဥ္ထားတာနဲ႔ ပတ္သက္လို႔ မရေသးတာနဲ႔ပတ္သက္လို႔ ေရွ႕ေနအဖဲြ႔ထဲပါတဲ့ ေဒၚမင္းမင္းစိုးက ခုလိုေျပာပါတယ္။

"ပံုမွန္ဆိုရင္ေတာ့ ပါဝါတင္ထားတဲ့ ေရွ႕ေနေတြ အကုန္လံုးက ဝင္လို႔ရပါၿပီရွင့္။ ေလာေလာဆယ္ေတာ့ သြားၾကမွာကေတာ့ က်မရယ္၊ ဆရာ ဦးခင္ေမာင္ေဇာ္ရယ္၊ ရန္ကုန္ေရွ႕ေနျဖစ္တဲ့ ဆရာ ဦးၾကည္ဝင္းနဲ႔ ဆရာမ ေဒၚစန္းမာလာညြန္႔အျပင္ကို က်မတို႔ ေနျပည္ေတာ္မွာ ရွိတဲ့ ဦးသန္းေမာင္ေမာင္ဆိုတဲ့ ေရွ႕ေန က်မတို႔ ၅ ဦးကေတာ့ သြားမွာပါရွင့္။ တျခားအမႈေတြနဲ႔ မတူဘူးေပါ့ေနာ္။ အခုအေနအထားမွာဆိုရင္ ဘယ္လို စိန္ေခၚမႈေတြ႔ရလဲဆိုရင္ က်မတို႔ ဒီအမႈလိုင္း ဆဲြတဲ့အခါမွာ ဘယ္လို ခုခံမလဲဆိုတဲ့ ခုခံေခ်ပေရးလမ္းေၾကာင္းဆဲြတဲ့ေနရာမွာ က်မတို႔ အခက္အခဲရွိတာပါရွင့္။ ဒါေပမဲ့ ေတြ႔ရၿပီဆိုရင္ေတာ့ တမ်ိဳးေျပာင္းသြားမွာေပါ့ေနာ္။ အခုေလာေလာဆယ္ေတာ့ က်မတို႔ လမ္းေၾကာင္းဆဲြဖို႔က ေတာ္ေတာ္ေလးအခက္အခဲရွိပါတယ္ရွင့္။"

ေဒၚေအာင္ဆန္းစုၾကည္ကို စုစုေပါင္း အမႈ ၇ ခု စြဲဆိုထားေပမဲ့ အမႈေတြကို စတင္စစ္ေဆးျခင္း မရွိေသးတဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္က ေမးခြန္းထုတ္ထားပါတယ္။ တနလၤာေန႔ ႐ုံးခ်ိန္းက်ရင္ အမႈေတြကို စတင္ စစ္ေဆးမွာလားဆိုတာကို မေျပာႏိုင္ေသးဘူးလို႔ အမႈလိုက္ ေရွ႕ေနေတြက ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႔ေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္ လံႈ႕ေဆာ္မႈဥပေဒ ပုဒ္မ ၁၂၄ (က) တို႔အျပင္ သဘာဝေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စုစုေပါင္း ေနျပည္ေတာ္မွာ အမႈ ၆ မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ တရားရင္ဆိုင္ေနရပါတယ္။ ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေအာင္လုပ္မႈ ဥပေဒ ပုဒ္မ ၁၂၄ (က) နဲ႔ အမႈမွာ ေဒၚေဆာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာမ်ဳိးေအာင္တုိ႔က အမႈတဲြ ၁ ခုထဲ ျဖစ္ပါတယ္။

[Unicode Version]

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် လွှဲယူ

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တောင်းယူသွားတာကြောင့် ဒီကနေ့ရုံးချိန်းမှာ အမှု မကြားနာနိုင်ခဲ့ပါဘူး။ နေပြည်တော်မှာ တရားခွင်ကို ဒေါ်အောင်ဆန်းစုကြည် လူကိုယ်တိုင်လာရမယ့် ကြားနာပွဲကိုလည်း တနင်္လာနေ့ မေလ ၂၄ ရက်နေ့မှာ စတင်တော့မှာဖြစ်ပေမဲ့ ခုချိန်ထိ ရှေ့နေတွေနဲ့ တေ့ွဆုံ တိုင်ပင်ခွင့် မရသေးပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပါမယ်။

ရန်ကုန်မြို့မှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတဲ့အမှုအတွက် ဒီနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရုံးချိန်းရှိပေမဲ့ ဒီအမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တောင်းယူသွားတာကြောင့် အရှေ့ပိုင်းခရိုင် တရားရုံးမှာ အမှုမရှိတော့တဲ့အတွက် မကြားနာနိုင်ခဲ့ပါဘူး။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမှုကို ယူသွားတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ အသေအချာ မပြောနိုင်ဘူးလို့ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေအဖွဲ့ထဲက ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

"ဒီနေ့ ရုံးချိန်းကလေ အရှေ့ပိုင်းခရိုင်ကအမှုကို ပြည်ထောင်စုတရားလွှတ်တော်က ယူသွားတယ်ဆိုတော့ အမတို့ရုံးချိန်းမှာ ဘာမှ မရှိဘူး။ အခု ဒီရုံးမှာ အမတို့ ရုံးချိန်းပဲ ပြန်ချိန်းပေးပါတယ်။ အန်တီ့ကိုတော့ video conferencing နဲ့ အရှေ့ပိုင်းခရိုင်တရားသူကြီး... သူတို့နှစ်ယောက် ပြောတဲ့ video conferencing ကို အဲဒီဆရာက laptop ကနေ အမတို့ကို ဖွင့်ပြတယ်။ အန်တီ့ရဲ့ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ ပြီးတော့မှ အန်တီ နောက်ဆုံးဘာပြောချင်သေးလဲလို့ သူက ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့အခါကျတော့မှ အန်တီက ရှေ့နေ ၅ ယောက်လုံးနဲ့ သူတွေ့ချင်ပါတယ်လို့ ပြောတယ်။ ဘယ်လိုပုံစံဖြစ်မလဲဆိုတာတော့ အမလည်း အဲဒါတော့ မပြောတတ်ဘူး။ ၃ ရက်နေ့ကျရင်တော့ တခုခုတော့ ဖြစ်မှာပေါ့။ ဒီကြားထဲမှာ သူတို့ ဘယ်လို စီစဉ်မယ်ဆိုတာတော့ အမတို့ မသိဘူး။ ၃ ရက်နေ့ရုံးချိန်းကတော့ အမ အရှေ့ပိုင်းခရိုင်ရုံးချိန်းကိုပဲ သွားရမယ်။ ဒါပေမဲ့ သူ့ရုံးမှာတော့ အမှုတွဲမရှိတဲ့အတွက် သူကတော့ စီစဉ်မယ့် ကိစ္စတော့ အမတို့ကို ပြောမယ်လို့ ထင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Australia နိုင်ငံသား မစ္စတာရှောင်တာနယ်ဆီမှာ တွေ့ရှိတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)နဲ့ ရန်ကုန်မှာ တရားစွဲထားတာဖြစ်ပါတယ်။

ရန်ကုန်က အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လုပ်ပိုင်ခွင့်နဲ့ တောင်းယူသွားတာကြောင့် နောက်ရုံးချိန်းတွေကို မူလစွဲဆိုထားတဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်ဖြစ် မစစ်ဖြစ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး နေပြည်တော်နဲ့ ရန်ကုန်မှာ စုစုပေါင်း အမှုပေါင်း ၇ ခုနဲ့ တရားစွဲထားတာပါ။ နေပြည်တော်မှာ ပုဒ်မ ၅ ခုနဲ့ အမှု ၆ မှု၊ ရန်ကုန်မြို့မှာ ပုဒ်မ ၁ ခုနဲ့ အမှု ၁ ခု စုစုပေါင်း အမှု ၇ ခုနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုချိန်ထိ သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် မရသေးပါဘူး။ နေပြည်တော်က အမှုတခုက သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ အမှုတွဲ ၁ ခုထဲဖြစ်ပါတယ်။ သူတို့အားလုံး အကျိုးဆောင် ရှေ့နေတွေနဲ့ တေ့ွဆုံခွင့် မရကြသေးပါဘူး။ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားတဲ့ သူ့နေအိမ်နားမှာ အထူးတရားရုံး တခုလုပ်ပြီး မေလ ၂၄ ရက်နေ့ ရုံးချိန်းကျရင် အွန်လိုင်းကမဟုတ်ဘဲ လူကိုယ်တိုင်လာရောက် ကြားနာဖို့ တရားသူကြီးက ညွှန်ကြားထားပါတယ်။

တနင်္လာနေ့ ရုံးချိန်းကို ရှေ့နေ တဖွဲ့လုံး တက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ မရသေးတာနဲ့ပတ်သက်လို့ ရှေ့နေအဖွဲ့ထဲပါတဲ့ ဒေါ်မင်းမင်းစိုးက ခုလိုပြောပါတယ်။

"ပုံမှန်ဆိုရင်တော့ ပါဝါတင်ထားတဲ့ ရှေ့နေတွေ အကုန်လုံးက ဝင်လို့ရပါပြီရှင့်။ လောလောဆယ်တော့ သွားကြမှာကတော့ ကျမရယ်၊ ဆရာ ဦးခင်မောင်ဇော်ရယ်၊ ရန်ကုန်ရှေ့နေဖြစ်တဲ့ ဆရာ ဦးကြည်ဝင်းနဲ့ ဆရာမ ဒေါ်စန်းမာလာညွန့်အပြင်ကို ကျမတို့ နေပြည်တော်မှာ ရှိတဲ့ ဦးသန်းမောင်မောင်ဆိုတဲ့ ရှေ့နေ ကျမတို့ ၅ ဦးကတော့ သွားမှာပါရှင့်။ တခြားအမှုတွေနဲ့ မတူဘူးပေါ့နော်။ အခုအနေအထားမှာဆိုရင် ဘယ်လို စိန်ခေါ်မှုတွေ့ရလဲဆိုရင် ကျမတို့ ဒီအမှုလိုင်း ဆွဲတဲ့အခါမှာ ဘယ်လို ခုခံမလဲဆိုတဲ့ ခုခံချေပရေးလမ်းကြောင်းဆွဲတဲ့နေရာမှာ ကျမတို့ အခက်အခဲရှိတာပါရှင့်။ ဒါပေမဲ့ တွေ့ရပြီဆိုရင်တော့ တမျိုးပြောင်းသွားမှာပေါ့နော်။ အခုလောလောဆယ်တော့ ကျမတို့ လမ်းကြောင်းဆွဲဖို့က တော်တော်လေးအခက်အခဲရှိပါတယ်ရှင့်။"

ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း အမှု ၇ ခု စွဲဆိုထားပေမဲ့ အမှုတွေကို စတင်စစ်ဆေးခြင်း မရှိသေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ထားပါတယ်။ တနင်္လာနေ့ ရုံးချိန်းကျရင် အမှုတွေကို စတင် စစ်ဆေးမှာလားဆိုတာကို မပြောနိုင်သေးဘူးလို့ အမှုလိုက် ရှေ့နေတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အကြည်ညိုပျက်အောင် လှုံ့ဆော်မှုဥပဒေ ပုဒ်မ ၁၂၄ (က) တို့အပြင် သဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း နေပြည်တော်မှာ အမှု ၆ မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရပါတယ်။ နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု ဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ အမှုမှာ ဒေါ်ဆောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့က အမှုတွဲ ၁ ခုထဲ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/dassk-hearing/5897814.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.