Breaking

May 21, 2021

NLD ကို ဖ်က္သိမ္းသင့္မသင့္ စဥ္းစားမည္ (နစက UEC ဥကၠ႒ ဦးသိန္းစိုး)

 


ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးသိန္းစိုး (အလယ္) (UEC), ေနျပည္ေတာ္တြင္ ႏိုင္ငံေရးပါတီ ကုိယ္စားလွယ္မ်ားနဲ႔ ေတြ႔ဆုံခဲ့စဥ္ (ေဖေဖာ္ဝါရီ ၂၆၊ ၂ဝ၂၁ REUTERS/Stringer)
{Zawgyi/Unicode}

၂၀၂၀ ေရြးေကာက္ပဲြမွာ မဲမသမာမႈေတြ ရွိခဲ့တဲ့အတြက္ NLD အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ဖ်က္သိမ္းမလား၊ မဲမသာမႈ က်ဳးလြန္ခဲ့တဲ့သူေတြကို အေရးယူမလား စဥ္းစား ေဆာင္ရြက္သြားမယ့္အေၾကာင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ဖြဲ႔စည္းထားတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္က ေျပာဆိုပါတယ္။

“မၾကာခင္ မဲစာရင္းေတြ စစ္ေဆးၿပီးစီးမွာျဖစ္တဲ့အတြက္ ေဆာင္ရြက္သင့္ ေဆာင္ရြက္ထိုက္တာေတြကို ဆက္လက္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ အဲ့ဒီေတာ့ ဥပေဒနဲ႔မညီ ႀကိဳတင္ၾကံစည္ၿပီး ေဆာင္ရြက္ခဲ့တဲ့ NLD ပါတီကို က်ေနာ္တို႔ ဘယ္လို လုပ္မလဲ။ ပါတီကို ဖ်က္ပစ္မလား။ ေဆာင္ရြက္ခဲ့တဲ့ ပုဂၢိဳလ္ေတြသည္ ႏိုင္ငံေတာ္အတြက္ သစၥာေဖာက္ေတြအေနနဲ႔ အေရးယူမလား။ စဥ္းစား ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။”

ဒီေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဆုံတဲ့ အစည္းအေ၀းမွာ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုး ေျပာသြားတာပါ။

ႏိုင္ငံတဝွမ္း NLD ပါတီ႐ုံးေတြကို ၀င္ေရာက္ရွာေဖြတာ၊ အဖြဲ႔၀င္ေတြကို ဖမ္းဆီးအေရးယူတာေတြ ရွိေပမဲ့ ပါတီ႐ုံးေတြကိုေတာ့ အခုအခ်ိန္အထိ ပိတ္ပင္ျခင္း မရွိေသးပါဘူး။ ပါတီ၀င္ အေတာ္မ်ားမ်ားကေတာ့ ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ ေရြးေကာက္ပြဲအတြင္း မဲ မသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ဟာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာရယူရာမွာ အဓိက အေၾကာင္းျပခ်က္ျဖစ္ျပီး ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဒီအေၾကာင္းျပခ်က္ကို လက္မခံသလို NLD ပါတီ၀င္ေတြကလည္း ဒီစြပ္စြဲခ်က္ကို ျငင္းပယ္ထားပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ ေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာခဲ့တဲ့ ႏိုင္ငံတကာ အဖြဲ႔အစည္းတခု ျဖစ္တဲ့ ANFREL က ၂၀၂၀ ေရြးေကာက္ပြဲဟာ ျမန္မာ ျပည္သူေတြရဲ႕ဆႏၵကို ထင္ဟပ္တဲ့ ေရြးေကာက္ပြဲျဖစ္တဲ့ အေၾကာင္းနဲ႔ မဲမသမာမႈေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အာဏာသိမ္းတာဟာ က်ိဳးေၾကာင္းခိုင္လုံမႈ မရွိဘူးလို႔ သူတို႔ရဲ႕ေလ့လာေတြ႕ရွိခ်က္ေတြကို ထုတ္ျပန္ခဲ့ပါတယ္။

.................................................

{{Unicode}}

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား စဉ်းစား ဆောင်ရွက်သွားမယ့်အကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။

“မကြာခင် မဲစာရင်းတွေ စစ်ဆေးပြီးစီးမှာဖြစ်တဲ့အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျနော်တို့ ဘယ်လို လုပ်မလဲ။ ပါတီကို ဖျက်ပစ်မလား။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်အတွက် သစ္စာဖောက်တွေအနေနဲ့ အရေးယူမလား။ စဉ်းစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောသွားတာပါ။

နိုင်ငံတဝှမ်း NLD ပါတီရုံးတွေကို ဝင်ရောက်ရှာဖွေတာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိပေမဲ့ ပါတီရုံးတွေကိုတော့ အခုအချိန်အထိ ပိတ်ပင်ခြင်း မရှိသေးပါဘူး။ ပါတီဝင် အတော်များများကတော့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ရွေးကောက်ပွဲအတွင်း မဲ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာရယူရာမှာ အဓိက အကြောင်းပြချက်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအကြောင်းပြချက်ကို လက်မခံသလို NLD ပါတီဝင်တွေကလည်း ဒီစွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်တဲ့ ANFREL က ၂၀၂၀ ရွေးကောက်ပွဲဟာ မြန်မာ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အကြောင်းနဲ့ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းတာဟာ ကျိုးကြောင်းခိုင်လုံမှု မရှိဘူးလို့ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

https://burmese.voanews.com/a/state-election-commission-to-look-into-dissolving-suu-kyi-party/5899243.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.