Breaking

May 31, 2021

အပစ်ရပ်ကာလ တစ်လ သက်တမ်းထပ်တိုးတယ်လို့ စစ်ကောင်စီ ကြေညာအပစ်ရပ်ကာလ တစ်လ သက်တမ်းထပ်တိုးတယ်လို့ စစ်ကောင်စီ ကြေညာ

2021-05-31


အပစ်ရပ်ကာလ တစ်လ သက်တမ်းထပ်တိုးတယ်လို့ စစ်ကောင်စီ ကြေညာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဆွေးနွေးနိုင်ဖို့ အပစ်ရပ်ကာလကို ဇွန်လ ၃၀ ရက်နေ့အထိ တစ်လထပ်တိုးတယ်လို့ အာဏာသိမ်း စစ်ကောင်စီဘက်က မေလ ၃၀ ရက် မနေ့က ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တယားကို ပျက်ပြားအောင် နှောက်ယှက် တိုက်ခိုက်ချိန်ကလွဲပြီး ကျန်တဲ့ စစ်ဆင်ရေး အားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ရပ်ဆိုင်းသွားမယ်လို့ ပါရှိပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ ချောမွေ့အောင် ဆက်လက်ဆွေးနွေးဆောင်ရွက်နိုင်ဖို့နဲ့ ဇွန် ၁ ရက်နေ့ မနက်ဖြန်ကစပြီး ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် ပြန်လည်ဖွင့်လှစ်မယ့် အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာသင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း ထပ်မံအပစ်ရပ်ထားတဲ့ကာလအတွင်း အမြဲတမ်း ထိတွေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးတာတွေလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးမှ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကိစ္စ ညှိနှိုင်းရေးအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံတာတွေရှိခဲ့ပါတယ်။

လက်ရှိမှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိပြီး အဲဒီထဲက ကရင်အမျိုးသား အစည်းအရုံး KNU – KNLA နဲ့ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ လည်း ကချင်ပြည်နယ်ထဲမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

 https://www.rfa.org/burmese/news/military-annoounces-onemonth-ceasefire-extension-05312021011916.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.