2021-06-01
မနေ့က တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ယောက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၁ ရက် ည ၈နာရီကနေ ဇွန်လ ၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှု နှစ်ထောင်ကျော်လုပ်ခဲ့ပြီး ကိုဗစ်အတည်ပြု လူနာသစ်တွေ တရာကျော်ကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
နေပြည်တော်တဝိုက် ကျန်းမာရေးဌာနတွေနဲ့ ရန်ကုန် စစ်ဆေးရုံမှာက စစ်ဆေးတွေ့ရှိချက်တွေကို ဖော်ပြထား တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာစုစုပေါင်း တသိန်းလေးသောင်းကျော်ရှိပြီး အဲဒီအထဲက တသိန်းသုံးသောင်းကျော် ဆေးရုံက ဆင်းခွင့်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာတော့ ဖော်ပြမထား ပါဘူး။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကိုဗစ်စစ်ဆေးတွေ့ရှိချက်တွေထဲမှာ အခုရက်ပိုင်းတွေ အတွင်း ပိုးတွေ့လူနာ အရေအတွက်တွေ ပြန်ပြီး မြင့်တက်လာနေပါတယ်။
စစ်အာဏာသိမ်းမှုကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။
https://www.rfa.org/burmese/news/covid-cases-rising-in-myanmar-06012021153035.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.