Breaking

June 17, 2021

အေမရိကန္-႐ုရွား သမၼတႏွစ္ဦးေတြ႕ဆံုေဆြးေႏြး


အေမရိကန္-ရုရွ ထိပ္သီးေဆြးေႏြးပြဲမွာ ေတြ ့ရတဲ့ သမၼတ ဘိုင္ဒန္နဲ ့သမၼတ ပူတင္ ( ဓာတ္ပံု - Reuters)
(Zawgyi/Unicode)

အေမရိကန္သမၼတ Joe Biden နဲ႔ ရုရွား သမၼတ Vladimir Putin တို႔၊ သမိုင္းဝင္ႏိုင္ငံေရး ေဆြးေႏြးပြဲကို ၾကားေန ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာမွာ အခု စေေဆြးေႏြးေနပါၿပီ။ စစ္ေအးေခတ္ေနာက္ပိုင္း ဒီကမာၻ႔အင္အားႀကီး ၂ ႏိုင္ငံဆက္ဆံေရး တင္းမာေနခ်ိန္မွာ၊ နာရီေတြခ်ီၾကာမဲ့ အခုထိပ္သီးေဆြးေႏြးပြဲျဖစ္လာတာပါ။

အေမရိကန္သမၼတျဖစ္လာအၿပီး ပထမဆံုးႏိုင္ငံျခားခရီးစဥ္ကေနျဖစ္လာတဲ့ အခုေဆြးေႏြးပြဲထဲမဝင္ခင္ ႏွစ္ဘက္ေခါင္းေဆာင္ေတြ အျပန္အလွန္ ႏႈတ္ဆက္စကားေျပာၾကခ်ိန္မွာ အေမရိကန္နဲ႔ရုရွားတို႔ အဓိကပါတဲ့ သတင္းေထာက္ေတြလည္း အျပိဳင္သတင္းဦးယူ ေယာက္ယက္ခတ္သြားခဲ့ပါတယ္။

သမၼတ Putin ဘက္က စေျပာရာမွာ၊ ဒီေန႔ေဆြးေႏြးပြဲျဖစ္လာဖို႔ စတင္ႀကိဳးပမ္းခဲ့မူအေပၚ သမၼတ Biden ကို ေက်းဇူးတင္ေၾကာင္းေျပာခဲ့ၿပီး၊ အခုလို အေဝးႀကီးကေန လာရတာအတြက္လည္း အသိအမွတ္ျပဳထည့္ေျပာခဲပါတယ္။

သမၼတ Putin ကဆက္ၿပီး၊ အေမရိကန္နဲ႔ ရုရွားအၾကား ျပႆနာကိစၥရပ္ေတြ အမ်ားႀကီးစုပံုလာတာမို႔၊ အခုလို အျမင့္ဆံုးအဆင့္ အစည္းအေဝး လိုအပ္လာရာမွာ ရလာဒ္ေကာင္းထြက္မဲ့ အစည္းအေဝးျဖစ္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္လို႔ ဆိုပါတယ္။

အခုလိုေျပာလာတာအတြက္ သမၼတ Biden ဘက္ကလည္း ေက်းဇူးတင္ေၾကာင္း ညင္ညင္သာသာ ျပန္ေျပာခဲ့ၿပီး၊ အရင္က အျပင္မွာေျပာခဲ့သလိုပဲ လူကိုယ္တိုင္ မ်က္ႏွာခ်င္းဆိုင္ေတြ႔တာက အၿမဲတမ္း ပိုေကာင္းမြန္မယ္လို႔ ယူဆထားေၾကာင္း ထည့္ေျပာခဲ့ပါတယ္။

အခုေတြ႔ဆံုမူကေန၊ ၂ ႏိုင္ငံအၾကား ပူးေပါင္းေဆာင္ရြက္ႏိုင္ေရး အခြင့္အလမ္းေတြကို ၂ ဘက္ေခါင္းေဆာင္ေတြ အေလးအနက္ေျပာေနေပမဲ့၊ ႏွစ္ဘက္တင္းမာမူေတြေလ်ာ့ခ်ေရး တိုးတက္မူရဖို႔ေတာ့ သိပ္မေမွ်ာ္လင့္ၾကဖို႔ ႀကိဳေျပာထားပါတယ္။

အခု ထိပ္သီးေဆြးေႏြးပြဲမွာ ႀကီးမားတဲ့ သေဘာတူမူေတြရဖို႔ အခင္းအက်င္းထက္ နွစ္ဘက္ မေက်နပ္တာေတြ ေျပာဖို႔က ပိုမ်ားေနတယ္လို႔လည္း သံုးသပ္မူေတြထြက္ေနပါတယ္။

အေမရိကန္ထိပ္တန္းအရာရွိတစ္ဦးကလည္း၊ အခုေဆြးေႏြးပြဲကေန ႀကီးမားတဲ့ရလာဒ္ေတြထြက္လာဖို႔ မေမွ်ာ္လင့္ထားဘူးလို႔၊ သမၼတ Biden ရဲ့ ဆြစ္ဇလန္အသြားခရီးစဥ္ထဲ၊ VOA နဲ႔အျခားသတင္းေထာက္ေတြကို Air Force 1 ေလယာဥ္ေပၚမွာရွင္းျပခဲ့ပါတယ္။

ရုရွား သမၼတ Putin အေနနဲ႔လည္း မၾကာခင္ကပဲ ဂ်ီနီဗာကို ေလယာဥ္နဲ႔ ေရာက္လာၿပီး၊ အခုထိပ္သီးပြဲက်င္းပတဲ့ Villa La Grange အိမ္ေတာ္ကို ဆြစ္ဇာလန္ စံေတာ္ခ်ိန္ ေန႔လည္ ၁ နာရီမွာေရာက္ရွိခဲ့ပါတယ္။

အခုေဆြးေႏြးပြဲမွာ၊ ဒီႏွစ္ဆန္းတံုးကျပန္ရုတ္ထားတဲ့ ၂ ဘက္ သံအမတ္ႀကီးေတြ ျပန္ခန္႔ေရး၊ အဆင္ေျပေကာင္းေျပႏိုင္တယ္လို႔လည္း အေမရိကန္အစိုးရထိပ္တန္းအရာရွိက၊ သတင္းေထာက္ေတြကို သမၼတ Biden ပါတဲ့ ေလယာဥ္ထဲမွာပဲ ေျပာခဲ့ပါေသးတယ္။

ဒါ့အျပင္ သမၼတ Biden ဘက္က အဓိကရည္မွန္းထားတာကေတာ့ ႏွစ္ ဘက္ ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့က႑ေတြရွာေဖြသြားဖို႔နဲ႔၊ အေမရိကန္ရဲ့အဓိက အက်ိဳးစီးပြားေတြကို ရွင္းေအာင္ရွင္းျပၿပီး ဒါေတြအေပၚရုရွားဘက္ကဆန္႔က်င္လာရင္ေတာ့ ျပန္တံု႔ျပန္သြားမွာျဖစ္ေၾကာင္းေျပာဖို႔ပါလို႔ ဒီထိပ္တန္းအရာရွိက ဆက္ေျပာခဲ့ပါတယ္။

အခု ထိပ္သီးေဆြးေႏြးပြဲဟာ၊ ၄ နာရီကေန ၅ နာရီအထိ ၾကာႏိုင္တယ္လို႔လည္း၊ အေမရိကန္နဲ႔ ရုရွားအရာရွိေတြက ခန္႔မွန္းထားၾကပါတယ္။

အခု စစခ်င္းေဆြးေႏြးပြဲမွာ သမၼတ Biden နဲ႔ သမၼတ Putin တို႔နဲ႔အတူ၊ သူတို႔နဲ႔အနီးစပ္ဆံုးျဖစ္တဲ့ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ရုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov တို႔ပါဝင္တက္ေရာက္ေနၾကၿပီး၊ ေနာက္ထပ္အရာရွိေတြပါတဲ့ ေဆြးေႏြးပြဲေတြကို ေနာက္ပိုင္းဆက္လုပ္သြားဖို႔ရွိေနပါတယ္။

..................................................................

အမေရိကန်-ရုရှား သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေး

(Unicode)

အမေရိကန်သမ္မတ Joe Biden နဲ့ ရုရှား သမ္မတ Vladimir Putin တို့၊ သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲကို ကြားနေ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အခု စေဆွေးနွေးနေပါပြီ။ စစ်အေးခေတ်နောက်ပိုင်း ဒီကမ္ဘာ့အင်အားကြီး ၂ နိုင်ငံဆက်ဆံရေး တင်းမာနေချိန်မှာ၊ နာရီတွေချီကြာမဲ့ အခုထိပ်သီးဆွေးနွေးပွဲဖြစ်လာတာပါ။

အမေရိကန်သမ္မတဖြစ်လာအပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်ကနေဖြစ်လာတဲ့ အခုဆွေးနွေးပွဲထဲမဝင်ခင် နှစ်ဘက်ခေါင်းဆောင်တွေ အပြန်အလှန် နှုတ်ဆက်စကားပြောကြချိန်မှာ အမေရိကန်နဲ့ရုရှားတို့ အဓိကပါတဲ့ သတင်းထောက်တွေလည်း အပြိုင်သတင်းဦးယူ ယောက်ယက်ခတ်သွားခဲ့ပါတယ်။

သမ္မတ Putin ဘက်က စပြောရာမှာ၊ ဒီနေ့ဆွေးနွေးပွဲဖြစ်လာဖို့ စတင်ကြိုးပမ်းခဲ့မူအပေါ် သမ္မတ Biden ကို ကျေးဇူးတင်ကြောင်းပြောခဲ့ပြီး၊ အခုလို အဝေးကြီးကနေ လာရတာအတွက်လည်း အသိအမှတ်ပြုထည့်ပြောခဲပါတယ်။

သမ္မတ Putin ကဆက်ပြီး၊ အမေရိကန်နဲ့ ရုရှားအကြား ပြဿနာကိစ္စရပ်တွေ အများကြီးစုပုံလာတာမို့၊ အခုလို အမြင့်ဆုံးအဆင့် အစည်းအဝေး လိုအပ်လာရာမှာ ရလာဒ်ကောင်းထွက်မဲ့ အစည်းအဝေးဖြစ်ဖို့လည်း မျှော်လင့်ထားပါတယ်လို့ ဆိုပါတယ်။

အခုလိုပြောလာတာအတွက် သမ္မတ Biden ဘက်ကလည်း ကျေးဇူးတင်ကြောင်း ညင်ညင်သာသာ ပြန်ပြောခဲ့ပြီး၊ အရင်က အပြင်မှာပြောခဲ့သလိုပဲ လူကိုယ်တိုင် မျက်နှာချင်းဆိုင်တွေ့တာက အမြဲတမ်း ပိုကောင်းမွန်မယ်လို့ ယူဆထားကြောင်း ထည့်ပြောခဲ့ပါတယ်။

အခုတွေ့ဆုံမူကနေ၊ ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းတွေကို ၂ ဘက်ခေါင်းဆောင်တွေ အလေးအနက်ပြောနေပေမဲ့၊ နှစ်ဘက်တင်းမာမူတွေလျော့ချရေး တိုးတက်မူရဖို့တော့ သိပ်မမျှော်လင့်ကြဖို့ ကြိုပြောထားပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲမှာ ကြီးမားတဲ့ သဘောတူမူတွေရဖို့ အခင်းအကျင်းထက် နှစ်ဘက် မကျေနပ်တာတွေ ပြောဖို့က ပိုများနေတယ်လို့လည်း သုံးသပ်မူတွေထွက်နေပါတယ်။

အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကလည်း၊ အခုဆွေးနွေးပွဲကနေ ကြီးမားတဲ့ရလာဒ်တွေထွက်လာဖို့ မမျှော်လင့်ထားဘူးလို့၊ သမ္မတ Biden ရဲ့ ဆွစ်ဇလန်အသွားခရီးစဉ်ထဲ၊ VOA နဲ့အခြားသတင်းထောက်တွေကို Air Force 1 လေယာဉ်ပေါ်မှာရှင်းပြခဲ့ပါတယ်။

ရုရှား သမ္မတ Putin အနေနဲ့လည်း မကြာခင်ကပဲ ဂျီနီဗာကို လေယာဉ်နဲ့ ရောက်လာပြီး၊ အခုထိပ်သီးပွဲကျင်းပတဲ့ Villa La Grange အိမ်တော်ကို ဆွစ်ဇာလန် စံတော်ချိန် နေ့လည် ၁ နာရီမှာရောက်ရှိခဲ့ပါတယ်။

အခုဆွေးနွေးပွဲမှာ၊ ဒီနှစ်ဆန်းတုံးကပြန်ရုတ်ထားတဲ့ ၂ ဘက် သံအမတ်ကြီးတွေ ပြန်ခန့်ရေး၊ အဆင်ပြေကောင်းပြေနိုင်တယ်လို့လည်း အမေရိကန်အစိုးရထိပ်တန်းအရာရှိက၊ သတင်းထောက်တွေကို သမ္မတ Biden ပါတဲ့ လေယာဉ်ထဲမှာပဲ ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် သမ္မတ Biden ဘက်က အဓိကရည်မှန်းထားတာကတော့ နှစ် ဘက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ကဏ္ဍတွေရှာဖွေသွားဖို့နဲ့၊ အမေရိကန်ရဲ့အဓိက အကျိုးစီးပွားတွေကို ရှင်းအောင်ရှင်းပြပြီး ဒါတွေအပေါ်ရုရှားဘက်ကဆန့်ကျင်လာရင်တော့ ပြန်တုံ့ပြန်သွားမှာဖြစ်ကြောင်းပြောဖို့ပါလို့ ဒီထိပ်တန်းအရာရှိက ဆက်ပြောခဲ့ပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲဟာ၊ ၄ နာရီကနေ ၅ နာရီအထိ ကြာနိုင်တယ်လို့လည်း၊ အမေရိကန်နဲ့ ရုရှားအရာရှိတွေက ခန့်မှန်းထားကြပါတယ်။

အခု စစချင်းဆွေးနွေးပွဲမှာ သမ္မတ Biden နဲ့ သမ္မတ Putin တို့နဲ့အတူ၊ သူတို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ပါဝင်တက်ရောက်နေကြပြီး၊ နောက်ထပ်အရာရှိတွေပါတဲ့ ဆွေးနွေးပွဲတွေကို နောက်ပိုင်းဆက်လုပ်သွားဖို့ရှိနေပါတယ်။

https://burmese.voanews.com/a/American-Russia-summit-Geneva-presidents-Biden-Putin-/5930950.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.