Breaking

June 6, 2021

ႏုိင္ငံတကာ ကုမၸဏီႀကီးေတြအေပၚ အခြန္စည္းက်ပ္ဖုိ႔ G7 ႏုိင္ငံေတြ သေဘာတူ

 


G-7 ဘ႑ာေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝး တက္ေရာက္လာသူမ်ား။ (ဇြန္ ၅၊ ၂၀၂၁)
(Zawgyi / Unicode)

Google, Facebook, Apple နဲ႔ Amazon တို႔လို ႏုိင္ငံတကာ လုပ္ငန္းႀကီးေတြ အေပၚမွာ ကမၻာတလႊား အခြန္တိုးျမႇင့္ေကာက္ခံေရးအတြက္ အေမရိကန္၊ ၿဗိတိန္နဲ႔ တျခား စက္မႈထိပ္သီးႏုိင္ငံေတြ စေနေန႔မွာ သမိုင္းဝင္ သေဘာတူညီခ်က္ ရရွိခဲ့ပါတယ္။

ဒီေဆာင္ရြက္ခ်က္ဟာဆိုရင္ COVID-19 ဒဏ္သင့္ခဲ့တဲ့ အစိုးရေတြအတြက္ ေဒၚလာ သန္းေထာင္ေပါင္းမ်ားစြာ တိုးျမႇင့္ရရွိေစေရး အေထာက္အကူ ျဖစ္ႏုိင္ပါတယ္။

ကမၻာလံုးဆိုင္ရာ လုပ္ငန္းအခြန္ကို အနည္းဆံုး ၁၅ ရာခုိင္ႏႈန္းထိ ေကာက္ခံေရး စက္မႈထိပ္သီး ၇ ႏုိင္ငံ သေဘာတူခဲ့တာ ျဖစ္ပါတယ္။ ကုမၸဏီေတြအေနနဲ႔ သူတို႔ ေရာင္းခ်တဲ့ ႏုိင္ငံေတြမွာ ပိုၿပီး အခြန္ေဆာင္ရမွာလည္း ျဖစ္ပါတယ္။

“ကမၻာ့နည္းပညာေခတ္နဲ႔ လုိက္ေလ်ာညီေထြျဖစ္မယ့္ ကမၻာတလႊား အခြန္စည္းၾကပ္မႈ ျပဳျပင္ေျပာင္းလဲေရး G-7 ဘ႑ာေရးဝန္ႀကီးေတြၾကား သမိုင္းဝင္ သေဘာတူညီခ်က္ ရရွိခဲ့ေၾကာင္း” ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕ေတာ္မွာ ၂ ရက္ၾကာ အစည္းအေဝးကို ဦးေဆာင္က်င္းပခဲ့တဲ့ ၿဗိတိန္ ဘ႑ာေရးဝန္ႀကီး Rishi Sunak က ေျပာခဲ့တာပါ။

လန္ဒန္ၿမိဳ႕လယ္ Buckingham နန္းေတာ္အနီးက ၁၉ ရာစု အိမ္ႀကီးတလံုးမွာ က်င္းပခဲ့တဲ့ G-7 ဘ႑ာေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးဟာဆိုရင္ ကပ္ေဘးေရာဂါႀကီး စခဲ့ၿပီးေနာက္ပိုင္း ပထမဆံုး လူခ်င္းေတြ႔ဆံု ေဆြးေႏြးမႈလည္း ျဖစ္ပါတယ္။

မႀကံဳစဘူး ထူးျခားတဲ့ ဒီဆံုးျဖတ္ခ်က္ေၾကာင့္ ကမၻာတလႊား အခြန္စည္းၾကပ္မႈမွာ စည္းမ်ဥ္းစည္းကမ္း ေလ်ာ႔ရဲမႈေတြကို အဆံုးသတ္သြားေစမယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး Janet Yellen က ေျပာပါတယ္။ ဒီသေဘာတူညီခ်က္ဟာ ကမၻာတလႊားက အခြန္ေရွာင္ေနသူေတြ အတြက္ေတာ့ သတင္းဆိုးႀကီးျဖစ္ေၾကာင္း ဂ်ာမနီ ဘ႑ာေရးဝန္ႀကီး Olaf Scholz က ေျပာပါတယ္။

ကမၻာတလႊား အေကာက္ခြန္ႏႈန္းထား အနည္းဆံုး ၁၅ ရာခိုင္ႏႈန္း သတ္မွတ္ခ်က္ဟာဆိုရင္ အိုင္ယာလန္လို ႏုိင္ငံေတြမွာေတာ့ ပံုမွန္ထက္ မ်ားေနတာ ျဖစ္ေပမယ့္လည္း စက္မႈထိပ္သီး G-7 ႏုိင္ငံေတြမွာေတာ့ အနိမ့္ဆံုး သတ္မွတ္ခ်က္ထက္ နည္းပါးေနတာပါ။

Amazon နဲ႔ Google လုပ္ငန္းႀကီးေတြက အခုသေဘာတူညီခ်က္ကို ႀကိဳဆိုပါတယ္။ Facebook လုပ္ငန္းႀကီးဘက္ကေတာ့ အခြန္ပိုေဆာင္ဖုိ႔ ျဖစ္ႏုိင္ေျခရွိတယ္လို႔ ေျပာဆိုထားပါတယ္။


---------------------

(Unicode)

နိုင်ငံတကာ ကုမ္ပဏီကြီးတွေအပေါ် အခွန်စည်းကျပ်ဖို့ G7 နိုင်ငံတွေ သဘောတူ

Google, Facebook, Apple နဲ့ Amazon တို့လို နိုင်ငံတကာ လုပ်ငန်းကြီးတွေ အပေါ်မှာ ကမ္ဘာတလွှား အခွန်တိုးမြှင့်ကောက်ခံရေးအတွက် အမေရိကန်၊ ဗြိတိန်နဲ့ တခြား စက်မှုထိပ်သီးနိုင်ငံတွေ စနေနေ့မှာ သမိုင်းဝင် သဘောတူညီချက် ရရှိခဲ့ပါတယ်။

ဒီဆောင်ရွက်ချက်ဟာဆိုရင် COVID-19 ဒဏ်သင့်ခဲ့တဲ့ အစိုးရတွေအတွက် ဒေါ်လာ သန်းထောင်ပေါင်းများစွာ တိုးမြှင့်ရရှိစေရေး အထောက်အကူ ဖြစ်နိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအခွန်ကို အနည်းဆုံး ၁၅ ရာခိုင်နှုန်းထိ ကောက်ခံရေး စက်မှုထိပ်သီး ၇ နိုင်ငံ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချတဲ့ နိုင်ငံတွေမှာ ပိုပြီး အခွန်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

“ကမ္ဘာ့နည်းပညာခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကမ္ဘာတလွှား အခွန်စည်းကြပ်မှု ပြုပြင်ပြောင်းလဲရေး G-7 ဘဏ္ဍာရေးဝန်ကြီးတွေကြား သမိုင်းဝင် သဘောတူညီချက် ရရှိခဲ့ကြောင်း” ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ၂ ရက်ကြာ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့တဲ့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး Rishi Sunak က ပြောခဲ့တာပါ။

လန်ဒန်မြို့လယ် Buckingham နန်းတော်အနီးက ၁၉ ရာစု အိမ်ကြီးတလုံးမှာ ကျင်းပခဲ့တဲ့ G-7 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးဟာဆိုရင် ကပ်ဘေးရောဂါကြီး စခဲ့ပြီးနောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံ ဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

မကြုံစဘူး ထူးခြားတဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတလွှား အခွန်စည်းကြပ်မှုမှာ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုတွေကို အဆုံးသတ်သွားစေမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ ကမ္ဘာတလွှားက အခွန်ရှောင်နေသူတွေ အတွက်တော့ သတင်းဆိုးကြီးဖြစ်ကြောင်း ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး Olaf Scholz က ပြောပါတယ်။

ကမ္ဘာတလွှား အကောက်ခွန်နှုန်းထား အနည်းဆုံး ၁၅ ရာခိုင်နှုန်း သတ်မှတ်ချက်ဟာဆိုရင် အိုင်ယာလန်လို နိုင်ငံတွေမှာတော့ ပုံမှန်ထက် များနေတာ ဖြစ်ပေမယ့်လည်း စက်မှုထိပ်သီး G-7 နိုင်ငံတွေမှာတော့ အနိမ့်ဆုံး သတ်မှတ်ချက်ထက် နည်းပါးနေတာပါ။

Amazon နဲ့ Google လုပ်ငန်းကြီးတွေက အခုသဘောတူညီချက်ကို ကြိုဆိုပါတယ်။ Facebook လုပ်ငန်းကြီးဘက်ကတော့ အခွန်ပိုဆောင်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောဆိုထားပါတယ်။

 https://burmese.voanews.com/a/g7-finance-ministers-meeting/5917952.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.