Breaking

July 28, 2021

ဆႏၵျပသူေတြအေပၚ ျမန္မာစစ္တပ္ ႏွိမ္နင္းတဲ့ လုပ္ရပ္ အေမရိကန္ ကာကြယ္ေရး၀န္ႀကီးေ၀ဖန္

 


(Zawgyi/Unicode)


ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ဆႏၵျပသူေတြ အေပၚ စစ္တပ္က ၿဖိဳခြင္းတဲ႔ လုပ္ရပ္ဟာ လက္ခံႏိုင္စရာ မရွိဘူးလို႔ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Lloyd Austin က ေျပာဆိုလိုက္ၿပီး ႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ရပ္ဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

"ျမန္မာ လူထုရဲ႕ ေမြးရာပါ အခြင့္အေရးကို ေလးစားဖို႔နဲ႔ ျပည္သူေတြရဲ႕ အေျခခံ ရပိုင္ခြင့္ေတြကို ကာကြယ္ေပးဖို႔ကိုပါ ျမန္မာ စစ္တပ္က ျငင္းပယ္ထားတာဟာ လံုး၀ လက္ခံႏိုင္စရာ မရွိဘူးလို႔ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးက ေျပာပါတယ္။

ျမန္မာ ျပည္သူေတြရဲ႕ ေမြးရာပါ အခြင့္အေရးကို ေလးစားဖို႔နဲ႔ လူထုရဲ႕ အေျခခံ ခံစားခြင့္ေတြကို ကာကြယ္ေပးေရးကို ျမန္မာ စစ္တပ္က ျငင္းဆန္ထားတာ ျဖစ္တယ္လို႔လည္း စကာၤပူႏိုင္ငံက ႏိုင္ငံတကာ မဟာဗ်ဳဟာေလ့လာေရးဌာနမွာ တနလၤာေန႔ က်င္းပခဲ့တဲ့ အခမ္းအနား တခု အတြင္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Austin က ထည့္သြင္း ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

စစ္တပ္ ဆိုတာဟာ ျပည္သူကို အလုပ္အေကြ်းျပဳဖို႔သာ ျဖစ္ၿပီး တျခား ကိစၥေတြ လုပ္စရာ မရွိပါဘူး။ ဒါေၾကာင့္ ျမန္မာ စစ္တပ္ အေနနဲ႔ ေရရွည္ခံမယ့္ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ေရး အတြက္နဲ႔ အေရွ႕ေတာင္ အာရွ ႏိုင္ငံမ်ား အသင္း ASEAN ရဲ႕ ဘံု သေဘာတူညီခ်က္ ၅ ရပ္ကို လိုက္နာ ေဆာင္ရြက္ဖို႔ တိုက္တြန္းပါတယ္လို႔ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးက ေျပာဆိုခဲ႔တာပါ။

ASEAN ဟ အဓိကက်တဲ႔ အခန္းက႑ ဒါမွမဟုတ္လည္း အဓိက က်တဲ႔ အခန္းက႑ကေန ပါ၀င္ ေဆာင္ရြက္ႏိုင္ေၾကာင္း၊ ျမန္မာ့ ကိစၥ ေျပလည္ေရး ေဆာင္ရြက္ဖို႔ အာဆီယံ အဖြဲ႔ႀကီးကို ဆက္လက္ အားေပး ေထာက္ခံေၾကာင္းလည္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Austin က ေျပာပါတယ္။ ျမန္မာ့ အၾကပ္အတည္းကိစၥက ေျဖရွင္းရ ခက္တဲ႔ ကိစၥဆိုတာ ေသခ်ာေၾကာင္း ဒါေပမယ္႔လည္း အာဆီယံ အဖြဲ႔ႀကီးရဲ႕ အားထုတ္ ႀကိဳးပမ္းမႈကို ခ်ီးက်ဴးေၾကာင္းနဲ႔ တျခား ဖိတ္ဖက္ေတြ၊ မဟာမိတ္ေတြနဲ႔ အတူ ဆက္လက္ ပူးေပါင္းေဆာင္ရြက္ေရးကိုလည္း အားေပးတယ္လို႔ ၀န္ႀကီး Austin က ေျပာပါတယ္။

ေဒသတြင္းမွာ တည္တံ႔တဲ႔ ၿငိမ္းခ်မ္းေရးကို ေဆာင္းက်ဥ္းႏိုင္ဖို႔နဲ႔ အၾကမ္းဖက္မႈေတြ မရွိေအာင္ အာဆီယံ အဖြဲ႔ႀကီးက ဆက္လက္ ႀကိဳးပမ္းအးထုတ္ဖို႔လည္း တိုက္တြန္းပါတယ္။ အေရွ႕ေတာင္ အာရွ ခရီးစဥ္ အတြင္း အေမရိကန္ ကာကြယ္ေရး ၀န္ႀကီး Austin က စကာၤပူ ၀န္ႀကီးခ်ဳပ္ Lee Hsien Loong ၊ ေနာက္ ကာကြယ္ေရး ၀န္ႀကီး Ng Eng Hen တို႔နဲ႔ အဂၤါေန႔က ေတြ႕ဆံု ေဆြးေႏြးခဲ႔ပါတယ္။ ဒီသတင္းပတ္ အတြင္းမွာဘဲ အေမရိကန္ ကာကြယ္ေရး ၀န္ႀကီးက ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္ ႏိုင္ငံတို႔ကိုလည္း သြားေရာက္မွာ ျဖစ္ပါတယ္။


(Unicode)

ဆန္ဒပြသူတွေအပေါ် မြန်မာစစ်တပ် နှိမ်နင်းတဲ့လုပ်ရပ် အမေရိကန် ကာကွယ်ရေးဝန်ကြီးဝေဖန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေ အပေါ် စစ်တပ်က ဖြိုခွင်းတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ပြောဆိုလိုက်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

"မြန်မာ လူထုရဲ့ မွေးရာပါ အခွင့်အရေးကို လေးစားဖို့နဲ့ ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ကိုပါ မြန်မာ စစ်တပ်က ငြင်းပယ်ထားတာဟာ လုံး၀ လက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

မြန်မာ ပြည်သူတွေရဲ့ မွေးရာပါ အခွင့်အရေးကို လေးစားဖို့နဲ့ လူထုရဲ့ အခြေခံ ခံစားခွင့်တွေကို ကာကွယ်ပေးရေးကို မြန်မာ စစ်တပ်က ငြင်းဆန်ထားတာ ဖြစ်တယ်လို့လည်း စကာၤပူနိုင်ငံက နိုင်ငံတကာ မဟာဗျုဟာလေ့လာရေးဌာနမှာ တနင်္လာနေ့ ကျင်းပခဲ့တဲ့ အခမ်းအနား တခု အတွင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် ဆိုတာဟာ ပြည်သူကို အလုပ်အကျွေးပြုဖို့သာ ဖြစ်ပြီး တခြား ကိစ္စတွေ လုပ်စရာ မရှိပါဘူး။ ဒါကြောင့် မြန်မာ စစ်တပ် အနေနဲ့ ရေရှည်ခံမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေး အတွက်နဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ရဲ့ ဘုံ သဘောတူညီချက် ၅ ရပ်ကို လိုက်နာ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

ASEAN ဟ အဓိကကျတဲ့ အခန်းကဏ္ဍ ဒါမှမဟုတ်လည်း အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နိုင်ကြောင်း၊ မြန်မာ့ ကိစ္စ ပြေလည်ရေး ဆောင်ရွက်ဖို့ အာဆီယံ အဖွဲ့ကြီးကို ဆက်လက် အားပေး ထောက်ခံကြောင်းလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က ပြောပါတယ်။ မြန်မာ့ အကြပ်အတည်းကိစ္စက ဖြေရှင်းရ ခက်တဲ့ ကိစ္စဆိုတာ သေချာကြောင်း ဒါပေမယ့်လည်း အာဆီယံ အဖွဲ့ကြီးရဲ့ အားထုတ် ကြိုးပမ်းမှုကို ချီးကျူးကြောင်းနဲ့ တခြား ဖိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း အားပေးတယ်လို့ ဝန်ကြီး Austin က ပြောပါတယ်။

ဒေသတွင်းမှာ တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်းကျဉ်းနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေ မရှိအောင် အာဆီယံ အဖွဲ့ကြီးက ဆက်လက် ကြိုးပမ်းအးထုတ်ဖို့လည်း တိုက်တွန်းပါတယ်။ အရှေ့တောင် အာရှ ခရီးစဉ် အတွင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austin က စကာၤပူ ဝန်ကြီးချုပ် Lee Hsien Loong ၊ နောက် ကာကွယ်ရေး ဝန်ကြီး Ng Eng Hen တို့နဲ့ အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီသတင်းပတ် အတွင်းမှာဘဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/austin-myanmar-leaders-actions-unacceptable/5981179.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.