Breaking

July 28, 2021

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္း ေရႀကီးေျမ ၿပိဳမႈေၾကာင့္ ႐ိုဟင္ဂ်ာ ၆ ဦးေသဆုံး


ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္း ေရႀကီးေျမၿပိဳမႈေၾကာင့္ ႐ိုဟင္ဂ်ာ ၆ ဦးေသဆုံး
{{Zawgyi/Unicode}}

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ အေရွ႔ေတာင္ဖက္ပုိင္းမွာ မိုးသည္းထန္ၿပီး ေရႀကီးေျမၿပိဳရာက ရိုဟင္ဂ်ာဒုကၡသည္ ၆ ေယာက္ထက္မနည္း အဂၤါေန႔က ေသဆုံးသြားတယ္လို႔ တာ၀န္ရွိသူေတြကေျပာပါတယ္။

ဒုကၡသည္ေထာင္နဲ႔ခ်ီကိုလည္း ေဘးလႊတ္ရာေရႊ႔ေျပာင္းေပးခဲ့ရပါတယ္။ ဘာလုခါလီဒုကၡသည္စခန္းထဲက ဒုကၡသည္ေတြေနတဲ့ ၀ါးတဲေတြေပၚကို ေျမၿပိဳက်လာတာေၾကာင့္ ကေလး၃ ဦးအပါအ၀င္ ႐ိုဟင္ဂ်ာဒုကၡသည္ ၅ ဦးေသဆုံးခဲ့ရတယ္လို႔ ဘဂၤလားေဒ့ရွ္က ဒုကၡသည္မ်ားဆုိင္ရာ ေကာ္မရွင္နာမင္းႀကီး Shah Rezwan Hayat က AFP သတင္းဌာနကို ေျပာပါတယ္။

ေနာက္ထပ္ ရိုဟင္ဂ်ာကေလးငယ္တေယာက္ကတာ့ စခန္းထဲက ေခ်ာင္းတခုထဲမွာ ေရနစ္ေသဆုံးခဲ့တာျဖစ္တယ္လို႔လည္းေျပာပါတယ္။ ဒုကၡသည္စခန္းထဲက ေခ်ာင္းေတြအားလုံး မိုးသည္ထန္လို႔ ေရႀကီးေနတယ္လို႔လည္း ေျပာပါတယ္။

ဒဏ္ရာရထားတဲ့လူ ၂ ေယာက္ကိုကယ္တင္ၿပီးေဆး႐ုံပို႔ခဲ့ရၿပီး ေထာင္နဲ႔ခ်ီတဲ့ဒုကၡသည္ေတြကို ေဘးလြတ္ရာေရႊ ႔ေျပာင္းေပးထားတယ္လို႔လည္း ေျပာဆိုခဲ့တာပါ။ ၿပီးခဲ့တဲ့လကလည္း မိုးသည္းထန္ၿပီး ေျမၿပိဳခဲ့တာေၾကာင့္ ဒုကၡသည္ ၂ ေယာက္ေသဆုံးခဲ့ပါေသးတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox’s Bazar ဒုကၡသည္စခန္းမွာ ျမန္မာႏုိ္င္ငံရခိုင္ျပည္နယ္ေျမာက္ပုိင္းက ထြက္ေျပးလာတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းေလာက္ ခိုလႈံေနတာျဖစ္ပါတယ္။ ရိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို ျမန္မာတာ၀န္ရွိသူေတြ လက္မခံေပမယ့္ ဒုကၡသည္ေတြကို ျပန္လက္ခံမယ္လို႔ေတာ့ ေျပာထားဖူးပါတယ္။

........................................

{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့တောင်ဖက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုရာက ရိုဟင်ဂျာဒုက္ခသည် ၆ ယောက်ထက်မနည်း အင်္ဂါနေ့က သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒုက္ခသည်ထောင်နဲ့ချီကိုလည်း ဘေးလွှတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဘာလုခါလီဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေနေတဲ့ ဝါးတဲတွေပေါ်ကို မြေပြိုကျလာတာကြောင့် ကလေး၃ ဦးအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး Shah Rezwan Hayat က AFP သတင်းဌာနကို ပြောပါတယ်။

နောက်ထပ် ရိုဟင်ဂျာကလေးငယ်တယောက်ကတာ့ စခန်းထဲက ချောင်းတခုထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့လည်းပြောပါတယ်။ ဒုက္ခသည်စခန်းထဲက ချောင်းတွေအားလုံး မိုးသည်ထန်လို့ ရေကြီးနေတယ်လို့လည်း ပြောပါတယ်။

ဒဏ်ရာရထားတဲ့လူ ၂ ယောက်ကိုကယ်တင်ပြီးဆေးရုံပို့ခဲ့ရပြီး ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့လကလည်း မိုးသည်းထန်ပြီး မြေပြိုခဲ့တာကြောင့် ဒုက္ခသည် ၂ ယောက်သေဆုံးခဲ့ပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းလောက် ခိုလှုံနေတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာတာဝန်ရှိသူတွေ လက်မခံပေမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့တော့ ပြောထားဖူးပါတယ်

https://burmese.voanews.com/a/rohingyas-killed-thousands-relocated-in-bangladesh-landslides/5981164.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.