Breaking

July 27, 2021

ကန္နဲ႔တ႐ုတ္အၾကား ညႇိႏႈိင္းလို႔ရတဲ့ ကိစၥေတြထဲ ျမန္မာ့အေရးပါဝင္


အေမရိကန္ သမၼတအိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki။
ZAWGYI/UNICODE

တ႐ုတ္နဲ႔ အေမရိကန္ၾကား သေဘာထားကြဲျပားတဲ့က႑ေတြ အမ်ားအျပားရွိေနေပမယ့္လည္း ညႇိႏႈိင္းလုပ္ေဆာင္လို႔ရတဲ့ကိစၥေတြလည္းရွိၿပီး အဲဒီထဲမွာ ျမန္မာ့အေရးလည္းပါဝင္တယ္လို႔ အေမရိကန္ သမၼတအိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က တနလၤာေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

"က်မတို႔ၾကားမွာ ညႇိႏႈိင္းလို႔ရတဲ့ကိစၥရပ္ေတြလည္း ရွိပါတယ္။ ဥတုရာသီဆိုင္ရာ အက်ပ္အတည္း၊ မူးယစ္ေဆးဝါးႏွိမ္နင္းေရး၊ လက္နက္ထိန္းခ်ဳပ္ေရးနဲ႔ ေျမာက္ကိုရီးယား၊ အီရန္၊ အာဖဂန္နစၥတန္နဲ႔ ျမန္မာႏိုင္ငံလို ေဒသတြင္းဆိုင္ရာကိစၥရပ္ေတြျဖစ္ပါတယ္" လို႔ Jen Psaki ကေျပာပါတယ္။

အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕နဲ႔ တ႐ုတ္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Xie Feng ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕တို႔ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း Tijanjin ၿမိဳ႕မွာ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကၿပီးတဲ့ေနာက္ ေျပာခြင့္ရ Jen Psaki က အခုလိုေျပာတာပါ။

ေဆြးေႏြးပြဲဟာ "ပြင့္ပြင့္လင္းလင္း" ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ဆိုပါတယ္။

အခုလို တ႐ုတ္နဲ႔အေမရိကန္ၾကား အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕ေတြ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးၾကတာဟာ ရွားရွားပါးပါးျဖစ္ၿပီး တ႐ုတ္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ထိပ္တိုက္ေတြ႕တဲ့ ေလမ်ိဳးနဲ႔ တနလၤာေန႔က ေျပာဆိုခဲ့တာပါ။

အေမရိကန္ဟာ ကိုယ့္ ျပည္တြင္းျပႆနာေတြကေန အာ႐ုံလႊဲဖို႔နဲ႔ တ႐ုတ္ကိုဖိႏွိပ္ဖို႔ "စိတ္ကူးယဥ္ ရန္သူ" ကို ဖန္တီးေနတယ္လို႔ ဒုဝန္ႀကီး Xie Feng က စြပ္စြဲေျပာဆိုပါတယ္။

ေလးနာရီေလာက္ၾကာတဲ့ အဲဒီေဆြးေႏြးပြဲကေန သေဘာတူညီခ်က္ တိတိက်က် ရခဲ့တာမရွိသလို သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတ ရွီ က်င့္ဖ်င္တို႔ ေတြ႕ဆုံေဆြးေႏြးေရး အလားအလာနဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးခဲ့တာမရွိဘူးလို႔ အေမရိကန္အစိုးရ အႀကီးတန္း တာဝန္ရွိသူတဦးကေျပာပါတယ္။

UNICODE

တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲပြားတဲ့ကဏ္ဍတွေ အများအပြားရှိနေပေမယ့်လည်း ညှိနှိုင်းလုပ်ဆောင်လို့ရတဲ့ကိစ္စတွေလည်းရှိပြီး အဲဒီထဲမှာ မြန်မာ့အရေးလည်းပါဝင်တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

"ကျမတို့ကြားမှာ ညှိနှိုင်းလို့ရတဲ့ကိစ္စရပ်တွေလည်း ရှိပါတယ်။ ဥတုရာသီဆိုင်ရာ အကျပ်အတည်း၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လက်နက်ထိန်းချုပ်ရေးနဲ့ မြောက်ကိုရီးယား၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံလို ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေဖြစ်ပါတယ်" လို့ Jen Psaki ကပြောပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Xie Feng ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံမြောက်ပိုင်း Tijanjin မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ပြောခွင့်ရ Jen Psaki က အခုလိုပြောတာပါ။

ဆွေးနွေးပွဲဟာ "ပွင့်ပွင့်လင်းလင်း" ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

အခုလို တရုတ်နဲ့အမေရိကန်ကြား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြတာဟာ ရှားရှားပါးပါးဖြစ်ပြီး တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ ထိပ်တိုက်တွေ့တဲ့ လေမျိုးနဲ့ တနင်္လာနေ့က ပြောဆိုခဲ့တာပါ။

အမေရိကန်ဟာ ကိုယ့် ပြည်တွင်းပြဿနာတွေကနေ အာရုံလွှဲဖို့နဲ့ တရုတ်ကိုဖိနှိပ်ဖို့ "စိတ်ကူးယဉ် ရန်သူ" ကို ဖန်တီးနေတယ်လို့ ဒုဝန်ကြီး Xie Feng က စွပ်စွဲပြောဆိုပါတယ်။

လေးနာရီလောက်ကြာတဲ့ အဲဒီဆွေးနွေးပွဲကနေ သဘောတူညီချက် တိတိကျကျ ရခဲ့တာမရှိသလို သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးရေး အလားအလာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာမရှိဘူးလို့ အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတဦးကပြောပါတယ်။

 https://burmese.voanews.com/a/white-house-press-on-Myanmar/5980558.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.